(မေရီး ခဏထပါအုံး ။ ဘာလုပ်ဖို့လဲ သားရဲ့ ။ ဘောပွဲလောင်းဖို့ ပိုက်ဆံပြတ်နေလို့… ။ လကုန်မှယူပါလား..ဈေးဖိုးပြတ်နေလို့ ။ ဘာဖြစ်လို့လဲမေရီးရ…ဖေရီးလခထုတ်မှ ပြန်တောင်းလိုက်လေ ။ ဘယ်လောက်ယူဖို့လဲ သားက ။ သုံးသိန်းလောက်ဆိုရမယ်ထင်တယ်။ သုံးသိန်း…. )

ရကောက်ကို နောက်ပစ်နဲ့ ချမ်းရဲဘ၀မှာ လိုခဲ့တဲ့ငွေ ။ ငယ်စဉ်က မသိခဲ့ပါဘူး …အလောင်းကစားကို လုပ်ဖို့အတွက်လည်း နားလည်မှုလည်းမရှိခဲ့ပါဘူး ။ ၁၉၉၈ ခုနှစ်… ကမ္ဘာဖလားတွေစတင်ခဲ့ပြီး ဘောလုံးပွဲတွေစလောင်းခဲ့တယ်။ ဘောလုံးပွဲရှုံးသွားတာတောင် ငါးပုံးလောက်ဆိုအေးဆေးပဲ ။ ပွဲရှိသရွေ့ ဘောလုံးလောင်းတာ မပျက်စေရဘူး။ စာတွေလည်း မကျက်ခဲ့ရဘူး ။ နေ့နဲ့ည ငါ့မှာတော့ရင်လေးခဲ့တယ်… ကျောင်းမုန့်ဖိုးလေးငါးကျပ်တောင် မစားခဲ့ရပဲ အကြွေးတွေပါတင်ပေးခဲ့တယ် ။ ငါတစ်ယောက်ထဲ ညဏ်များနေခဲ့.. ညတွေဆိုအသံမကြားစေလည်း… တစ်ဂိုးသွင်းတိုင်း ပျော်လို့အော်ခဲ့ရတာ အမှန်တရားတွေပဲ ။ အကျင့်ကလည်း မပျောက်သေးခဲ့ပါ ။ ငွေမရှိလို့ ဘောပွဲလောင်းဖို့ နှောင့်နှေးခဲ့တာ အဆိုးရွားဆုံး နေ့ရက်တွေပဲ…။ မနက်ဖြန်တွက် လောင်းဖို့ ငွေလေးပြေလည်ပါ့မလား…။ လက်ထဲမှာ ပိုက်ဆံငါးဆယ်..။ ဂျာနယ်ဝယ်ဖို့မလောက်လို့ ညီလေးပိုက်ဆံပါ ဖွက်ကွယ်ထားတယ်။ ညီအငယ် ဘာမှမသိဘူး ။ မင်းကို အကြွေးပြန်ဆပ်ဖို့လည်း တပြားမှမရှိဘူး …။ ဒီနှစ်တာပွဲဆုံးတဲ့ထိ…..

~ငွေလိုတယ်….အိမ်မှာပျောက်ရှတဲ့ငွေ ယူတာ ကျွန်တော်ပဲ… အမြဲဆက်မွဲ… ဒီတစ်နှစ်လုံးအတွက် လောင်းဖို့ ပူပန်နေတာ… ငွေလိုခဲ့…. နောင်ခါပွဲတိုင်းအမြဲပဲ နိုင်နိုင်ပါစေ.. မရပ်ခဲ့ဘူး တဘ၀လုံးမွဲ သူတောင်းစားဖြစ်ပါစေ…~

အမ်းး အမ်းးးး…ညီလေးတွေကို မြိန်ရေရှက်ရေ သကြားလုံးတွေကို ပြန်ကျွေးခဲ့တာ… အကြွေးတွေနဲ့ အတိုးတွေက ငါ့အတွက် များသွား… ဒါတွေက ငါ့အတွက်တရားလား ။ ချယ်ဆီးအသင်း ဘယ်လောက်မြင့်လို့လဲ.. နှိုင်းယှဉ်ရင်နိမ့်နိမ့်လေးပဲ… စိတ်ထဲမှာ တစိမ့်စိမ့်တွေးမြဲ… မျက်ရေတွေစီးကျနေခဲ့… လက်စွပ်လေးသွားပေါင်ပြီးတော့ မန်ယူဘက်က လောင်းပေးခဲ့တာ… ရင်ထဲမှာ မီးတောက်နေခဲ့ အရှုံးနဲ့ပဲ ပြီးပျောက်စေခဲ့… ချမ်းရဲက အပေါ်ယံကနေ ဒီပုံစံနဲ့ မွဲသွားတာပါ။ ဘယ်တော့မှ အရှုံးမပေးဘူး!! မန်ယူအသင်း! ၅ပွဲလောက်ပွဲပန်းခဲ့လို့ မန်ယူအသင်းရှုံးသွားတာပါ။
အ၀တ်ပေါင်တယ်…ရွှေပေါင်လည်း လေးပုံးပဲလောင်းနိုင်ခဲ့ ။ စော်ပေးတဲ့ပိုက်ဆံနဲ့ဆို ငွေလောက်မှာပါ ။ မန်ယူအသင်းရရှိနေကျ အဆင့်တစ်နေရာကို တစ်နေ့ရောက်မှာပါ ။ ရှုံးပွဲတွေ ကုန်ဆုံးသွားမှာ..။ အကြွေးတွေလည်းကုန်ဆုံးသွားရင် ပျော်စရာတွေပဲ ကြုံရတော့မှာ.. မန်ယူ ထိပ်တန်းမှာနေနိုင်ဖို့အတွက်…. ။ ဒါငါ့အကြိုက်အစစ်အမှန်ပဲ ။ မန်ယူအသင်း ထိပ်ဆုံးမှာနေ…အစားထိုးဖို့ တစ်ယောက်မှမရှိဘူး
တန်းဇယားရဲ့… ထိပ်ဆုံးမှာဟေ့ ။

~ငွေလိုတယ်….အိမ်မှာပျောက်ရှတဲ့ငွေ ယူတာ ကျွန်တော်ပဲ… အမြဲဆက်မွဲ… ဒီတစ်နှစ်လုံးအတွက် လောင်းဖို့ ပူပန်နေတာ… ငွေလိုခဲ့…. နောင်ခါပွဲတိုင်းအမြဲပဲ နိုင်နိုင်ပါစေ.. မရပ်ခဲ့ဘူး တစ်ဘ၀လုံးမွဲ သူတောင်းစားဖြစ်ပါစေ…~

7 comments:

    Good good good......

     

    ရေးချက်ကထိတယ်ဗျာ...
    ကျနော်နောက်နေ့ရဲလေးကိုခင်ဗျားဆီလွှတ်လိုက်မယ်
    သီချင်းလေးရေးနည်းသင်ပေးလိုက်ပါဗျာ...
    အဲကောင်ရေးတာထက် ဆယ်ဆလောက်ကောင်းတယ်
    ဟားဟား

     

    လန်ထွက် ဟိုကောင်သိရင်လိုက်သတ်မှာ ဟိဟိ။

     

    အကို ရေ မျက်ရည်တောင် ထွက်တယ် ဗျာ.

     

    ရေးချက်က ရင်နင့်စရာ ချမ်းရဲဆီသွားခဲ့ ရယ်စရာတွေတွေ.ခဲ့

     

    ကောင်းလွန်းတယ်ဗျာ။ ရေရေလယ်လယ်ပဲ အကိုရဲ့စာသားတွေကိုကြိုက်လွန်းလို့ယူသုံးပြီဗျိ့။စိတ်မဆိုးပါနဲ့ အညွှန်းလေးတော့တပ်ပေးမှာပါ။ ဟဲဟဲ

     

    အရမ်းမိုက်တယ် ဟဲဟဲ သီချင်းရေးနည်းလာသင်ပြီး ရဲငါးတို့ ကြက်မတို့ ဂျေမ တို့ကို ဖိုက်မယ် ဟဲဟဲ လန်းတယ်ဟေ့

     

Blogger Templates by Blog Forum