ပိုင်စိုးဝေရဲ့ကဗျာတစ်ပုဒ်
Sunday, 21 September 2008 by chanye`
အစိမ်းရောင် မြစ်သို့တမ်းချင်း
စိမ်းညို့ကွေ့ကောက်သော မြစ်များမှ
အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။
ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ
အခုတော့…
မင်းအတွက် ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။
သူ့ကျောပေါ်ကစီးဆင်းသွားတဲ့
ရေအလျဉ်တိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျင်တော
့မြစ်တစ်မြစ်ဆိုတာ
ကျိန်စာသင့်တဲ့နေ့တွေကိုပဲ
သူပျော်ရွှင်လိမ့်မယ်။
အားနာစရာမလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသား ရာဇင်မြစ်ကျဉ်းတစ်လျှောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီမဟုတ်လား။
အချည်းနှီး တောင်တန်းတွေဆီ
အထီးတည်း ထွက်ခွါသွားရတဲ့အခါ
ဖြေသိမ့်နိုင်စရာတစ်စုံတစ်ရာ
မင်းဆီပါခဲ့ပြီမို့
အားနာစရာမလိုပါဘူးကွယ်။
တို့ နှစ်ယောက်
ဗာဒံရိပ်ကလေးဝေပြီး၊
လူသူရှင်းတဲ့
ကဖေးဆိုင်ကလေးတစ်ခုမှာ ထိုင်ပြီး
ဟောဒီလို မေလရဲ့ နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့ တံလျပ်တွေကို ငေးကြည့်ရင်း
တိတ်ဆိတ် စကားမဲ့ ငြိမ်သက်စွာ
နာရီတွေ လောင်ကျွမ်းခဲ့ရဲ့။
ငါ့မှာ
တစ်စုံတစ်ရာ
အကောင်းစား စိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုပါတော့
အဲဒါတွေ အကုန်လုံး မင်းယူ။
ငါ့မှာ ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းပဲယူ။
ငါ့ဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာ မင်းလျှောက်သွား
ငါ ရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ။
ငါ့ကို ဦးညွှတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်မင်းပဲ မြင့်မြတ်နိုင်ပါစေ။
အဲဒီ ငါ့ လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာတန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်း အသိပါပဲ။
လူတစ်ချို့ကတော့
မင်းဟာ
ငါမက်နေတဲ့ အိပ်မက်ကလေးတစ်ခုတဲ့
တကယ်တော့
မင်းဟာငါ မပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့တစ်နေ့ပါကွယ်။
ငါကတော့
အအိပ်မဲ့ညတွေကြား
အတိတ်နဲ့ အနာဂတ်ကို စားသုံးရင်း
မျှော်လင့်ခြင်းအိပ်မက်တွေနဲ့
အိပ်မက်ရဲ့ ရာဇ၀င်နေ့သစ်တွေကို
အဆုံးရှုံးခံနေရတဲ့ လူတစ်ယောက်ပါကွယ်။
တို့ တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွှတ်ခဲ့ဖူးရဲ့
တို့ တစ်ဦးကို တစ်ဦး
အရှုးအမူး လေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့ တစ်ဦးပေါ်တစ်ဦး
ပေးဆပ်မှုနဲ့ ရယူခဲ့ဖူးရဲ့
အခုတော့ အဲဒီအရာတွေ
(ဘယ်သူမှ ကြားဝင်မနှောက်ယှက်ဘဲ)
သူစိမ်းတွေလို ဝေးသွားခဲ့ကြပေါ့။
သူဝတ်ထားတဲ့အရေခွံကို
သူ စွန့်ခွါရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။
အားနာစရာ
မလိုပါဘူးကွယ်
ငါ ပိုင်ဆိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။
ဟင်းလင်းပြင်တွေကိုတော
့ငါကိုယ်တိုင်ပဲ
ပိုင်ဆိုင်ဆဲပါပဲလေ။ ။
ပိုင်စိုးဝေ(ဟန်သစ်၊ ဖေဖော်ဝါရီ၊ ၁၉၉၁)
စိမ်းညို့ကွေ့ကောက်သော မြစ်များမှ
အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။
ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ
အခုတော့…
မင်းအတွက် ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။
သူ့ကျောပေါ်ကစီးဆင်းသွားတဲ့
ရေအလျဉ်တိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျင်တော
့မြစ်တစ်မြစ်ဆိုတာ
ကျိန်စာသင့်တဲ့နေ့တွေကိုပဲ
သူပျော်ရွှင်လိမ့်မယ်။
အားနာစရာမလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသား ရာဇင်မြစ်ကျဉ်းတစ်လျှောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီမဟုတ်လား။
အချည်းနှီး တောင်တန်းတွေဆီ
အထီးတည်း ထွက်ခွါသွားရတဲ့အခါ
ဖြေသိမ့်နိုင်စရာတစ်စုံတစ်ရာ
မင်းဆီပါခဲ့ပြီမို့
အားနာစရာမလိုပါဘူးကွယ်။
တို့ နှစ်ယောက်
ဗာဒံရိပ်ကလေးဝေပြီး၊
လူသူရှင်းတဲ့
ကဖေးဆိုင်ကလေးတစ်ခုမှာ ထိုင်ပြီး
ဟောဒီလို မေလရဲ့ နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့ တံလျပ်တွေကို ငေးကြည့်ရင်း
တိတ်ဆိတ် စကားမဲ့ ငြိမ်သက်စွာ
နာရီတွေ လောင်ကျွမ်းခဲ့ရဲ့။
ငါ့မှာ
တစ်စုံတစ်ရာ
အကောင်းစား စိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုပါတော့
အဲဒါတွေ အကုန်လုံး မင်းယူ။
ငါ့မှာ ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းပဲယူ။
ငါ့ဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာ မင်းလျှောက်သွား
ငါ ရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ။
ငါ့ကို ဦးညွှတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်မင်းပဲ မြင့်မြတ်နိုင်ပါစေ။
အဲဒီ ငါ့ လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာတန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်း အသိပါပဲ။
လူတစ်ချို့ကတော့
မင်းဟာ
ငါမက်နေတဲ့ အိပ်မက်ကလေးတစ်ခုတဲ့
တကယ်တော့
မင်းဟာငါ မပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့တစ်နေ့ပါကွယ်။
ငါကတော့
အအိပ်မဲ့ညတွေကြား
အတိတ်နဲ့ အနာဂတ်ကို စားသုံးရင်း
မျှော်လင့်ခြင်းအိပ်မက်တွေနဲ့
အိပ်မက်ရဲ့ ရာဇ၀င်နေ့သစ်တွေကို
အဆုံးရှုံးခံနေရတဲ့ လူတစ်ယောက်ပါကွယ်။
တို့ တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွှတ်ခဲ့ဖူးရဲ့
တို့ တစ်ဦးကို တစ်ဦး
အရှုးအမူး လေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့ တစ်ဦးပေါ်တစ်ဦး
ပေးဆပ်မှုနဲ့ ရယူခဲ့ဖူးရဲ့
အခုတော့ အဲဒီအရာတွေ
(ဘယ်သူမှ ကြားဝင်မနှောက်ယှက်ဘဲ)
သူစိမ်းတွေလို ဝေးသွားခဲ့ကြပေါ့။
သူဝတ်ထားတဲ့အရေခွံကို
သူ စွန့်ခွါရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။
အားနာစရာ
မလိုပါဘူးကွယ်
ငါ ပိုင်ဆိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။
ဟင်းလင်းပြင်တွေကိုတော
့ငါကိုယ်တိုင်ပဲ
ပိုင်ဆိုင်ဆဲပါပဲလေ။ ။
ပိုင်စိုးဝေ(ဟန်သစ်၊ ဖေဖော်ဝါရီ၊ ၁၉၉၁)
ဒီကဗျာလေးကတော့လန်းတယ်ဗျာ...ကျနော်လည်း
ကြိုက်သွားပြီ...အတိတ်လေးတွေနဲ့တူနေသလားလို့ပါ။