ခုတလော (ငဗီရဲ့ တဂ်)

ခုတလော
တွေးနေမိတာက - ဘာဂဏန်းထိုးရင်ကောင်းမလဲ။

ကိုယ့်ကိုယ်ကိုဆင်ခြင်မိတာက - အသုံးအဖြုန်းအရမ်းကြီးနေပြီလား။

ကျန်းမာရေး - အရက်ဖော ဖောလာတာကလွဲလို့ အားလုံး အိုကေ။

ဖတ်ဖြစ်တဲ့စာအုပ် - စုံထောက်ဝတ္ထုတွေ

ရောက်နေဖြစ်တာက - နိုက်ကလပ်

ရေးဖြစ်နေတာက - ရုံးက အီးမေးလ်တွေ

နားထောင်ဖြစ်နေတာ - သူဌေးဆဲတဲ့အသံတွေ

ရွတ်နေမိတဲ့ ကဗျာ - ဘာကဗျာမှအလွတ်မရတော့ မရွတ်ဘူး

ဖြစ်ချင်နေတာက - ဘီလျံနာကြီး

စားဖြစ်နေတာက - ၀မ်းနှုတ်ဆေး (ခုတလော ၀မ်းချုပ်နေလို့)

သနားနေမိတာက - ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက - ရန်ကုန်က ရည်းစား

မေ့လျော့ပစ်နေမိတာက - သူမရဲ့အပြစ်တွေ

ခါးသက်နေမိတာက - မသိတဲ့လူက ဆရာလုပ်တာကိုခံနေရတာ

တမ်းတနေမိတာက - ဟိုတစ်ချိန်က သူမနဲ့ရှိတဲ့အချိန်

ကြိတ်ပြီး ချီးကျူးနေမိတာက - ကိုယ့်ကိုယ်ကို

ကြိတ်ပြီး အထင်သေးနေမိတာက - ရည်းစားလာလုတဲ့သူတွေ

ဆန္ဒမရှိတဲ့နေရာ - အလုပ်စားပွဲ

ဆန္ဒရှိနေတဲ့ကိစ္စ - ငွေအမြန်ဆုံးရနိုင်မယ့် နည်းလမ်းကို အကောင်ထည်ဖော်ဖို့

မုန်းတီးနေမိတာက - လူတွေကို မမုန်းတတ်တဲ့ ကိုယ့်စိတ်ကို

စွဲလန်းနေမိတာက - အရက်နဲ့ စီးကရက်

လိုအပ်နေတာက - ပိုက်ဆံ (လုံးဝသေချာတယ်)

တောင်းနေမိတဲ့ဆု - ချစ်သူနဲ့ပြန်ဆုံချင်ပြီ

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက - အားးးးး

ဝန်ခံချင်တာက - အမေ့ဘဏ်အကောင့်က ပိုက်ဆံတွေ ကုန်ပြီဆိုတာ..

6 comments:

    အမိုက်စားတွေပဲနော်...ခုတလောက အရက်ဖောဖော နေရင် ဆင်ခြင်လေ... ချစ်သူ နဲ့ ဆုံတဲ့အခါ မမှတ်မိပဲ နေဦးမယ်...

     

    ချစ်သူကို အတော် လွမ်းနေပုံရတယ်...

     

    ဗော့ကာဖောပေါ့နော်။း)

     

    အဟား... မိုက်တယ်...

းဝ)

     

    ဒီလိုလေးတွေ ဖတ်ရတာ စိတ်ချမ်းသာတယ်။ :D

     

    ၈ျစ်သူကိုလွမ်းတယ်တဲ့ အသေသောက်မနေနဲ့ ချစ်သူလွမ်းတယ်ဆိုပီး ချစ်သူလာလုတဲ့လူကိုအထင်သေးတယ်ဆိုတော့ အသူ့အပြစ်လည်းနော်......

     

Blogger Templates by Blog Forum