(၁) နှာရကကြီး
"ကျမကတော့ ကြက်ဥအတုနဲ့ပတ်သက်ပြီး ကောင်းတယ်ဆိုးတယ် မခွဲခြားတတ်ဘူး ။
ဒါပေမယ့် မွေးနေ့မှာ ကြက်ဥပြုတ်တစ်လုံးစီကျွေးဖို့ စီစဉ်ထားတော့... ကြက်ဥကို သက်သက်သာသာ ၀ယ်ယူရရှိတဲ့အတွက် ၀မ်းသာမိပါတယ်"

(၂) ငပေါများဂေဟာ ရူးသွပ်ပေါချာရေးနှင့် ဖွန်ကြောင်ရေးကောင်စီ အတွင်းရေးမှူး(၂) ဗီလိန်
ဗီလိန်သည် တရုတ်ပြည်သို့ ၀မ်းမြောက်ကြောင်း သ၀န်လွှာပို့အပ်သည်။
"We are very appreciate for your technology of the fake eggs that could be a wonderful gift for vegetarians."

(၃) ချီးပွားကူးသန်း ၀ံကြီး
"ကြက်ဥအတုလိုမျိုးပေါ့လေ... ဘဲဥ.. ငုံးဥ.. စိမ်းစားဥ.. ကန်စွန်းဥ...အိုဗျာ..ဥမှန်သမျှ ကျွန်တော်တို့ထုတ်လုပ်သွားမှာပါ။ ဟိုဥတော့မပါဘူးပေါ့လေ...(သန်းဥပြောပါတယ်)"

(၄) သဘာငတိ
"အဲဒီ ကြက်ဥအတုတွေကို အကောင်ပေါက်အောင်လုပ်နိုင်ရင် တော်တော်အကျိုးရှိမယ်။ ဒါကြောင့် အဲဒီဥတွေကို ကျွန်တော်ကိုယ်တိုင် ကြက်အကောင် မပေါက်ပေါက်အောင်ကို ၀ပ်ပေးကြည့်မယ်လို့ စိတ်ကူးထားပါတယ်"

(၅) ပြင်ညာရေးဝံကြီး
"ကျမကတော့ ခုချိန်ထိ ကြက်ဥအတုနဲ့ အစစ်ဘယ်လိုခွဲခြားရမလဲမသိလို့ ခေါင်းစားနေပြီ။ တပည့်တွေက လာလာမေးကြတာကိုး..."

(၇) ကြမ်းမာရေးဝံကြီး
"ကြက်ဥအတုပေါ်လာတာ မကောင်းဘူးဗျ.. ကျွန်တော်က ညတိုင်း ကြက်ဥ ၂လုံးလောက် အားဖြည့်တဲ့အနေနဲ့ အစိမ်းသောက်နေရတာ.. ခုတော့ သေပီ! ကြက်ဥအတုတွေ သောက်မိရင် အခက်.."

(၈) နည်းပြင်ညာဝံကြီး
"ကျွန်တော်နောက်ဆုံးခေတ်မီနည်းပညာနဲ့ ကြက်ဥအတုနဲ့ အစစ် ကွာခြားချက်ကို ရှာတွေ့ထားပါတယ်..
ကြက်ဥကို ပြုတ်ကြည့်ပါ.. ပြုတ်ပြီးတဲ့အခါ အထဲကြက်ဥက အခွံနဲ့ကပ်မနေဘဲ ချောင်နေတယ်ဆိုရင် အတုပေါ့.. ဈေးဝယ်သူတွေဆင်ခြင်နိုင်တာပေါ့..ရေနွေးအိုးတစ်အိုးစီသာ ကြက်ဥဆိုင်ကို သယ်သွားပေတော့...ပြီးရင်ဝယ်မယ့်အလုံးကိုကျက်အောင်ပြုတ်ကြည့်..ကြိုက်မှဝယ်"

(၉) ယင်ကျေးမှုဝံကြီး
"ငါလချီးတဲ့မှဘဲ...သူ့အမျိုးဥ တွေတောင် အတုထုတ်ရသလား..တော်တော်လျှာရှည်ပြီးရိုင်းစိုင်းလိုက်တဲ့ မိကျောင်မသားတွေ..ဒီကောင်တွေ ယဉ်ကျေးမှုဆိုတာကို နားမလည်ဘူး..တောက်..ထွီ"

3 comments:

    ကြက်ဥအတုမှ အကောင်ပေါက်ခဲ့သော်.. ပေါက်လာသောကြက်များ ပျံသန်းနိုင်ရေးအတွက် ပျံကြားရေး ၀န်ချီးချမ်းရဲမှ အကဲခတ်စောင့်ကြည့်နေး)

     

    မွေးရေဝန်ဂျီးကကော ဘာပြောသေးလဲ

     

    ဒင်းကတော့ သူနဲ့ အသက်ဆိုင်ဆုံးဖြစ်နေတော့..မသိချင်ယောင်ဆောင်နေလေရဲ့

     

Blogger Templates by Blog Forum