တစ်ပတ်အတွင်း သတင်းအစီအစဉ် (၅)
Monday, 26 April 2010 by chanye`
(၁) ငပေါဂေဟာစတုဂံဒေသတိုင်း စစ်ဌာနမှူးက ၀ တပ်ဖွဲ့များထံ နံပြားခြောက်ချပ် ဖုတ်ပေးရေး ကိစ္စ အပူတပြင်းတောင်းဆိုခဲ့သည်။ (နာယကကြီး မနက်စာအတွက် အဆင်ပြေစေရန်ဟု သိရ၏)
(၂) ငပေါဂေဟာ ဥက္ကဌသည် ၂၀၁၀ သေးပေါက်ပွဲတွင် ဆီးရွှင်ရန် နှင့် ရန်စွယ်အပေါင်း ကျော်လွှားနိုင်ရန် ဆင်ဖြူတော် ဆားငံစေ့ ၁၀ ကို အစေ့ပါမြိုချရာ လည်ပင်းတွင်အစေ့ဆို့နင့်ပြီး ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ်ထားရှိခံခဲ့ရ၏။
(၃) သင်္ကြန်အကြတ်နေ့ ဗုန်းပေါက်ကွဲခြင်း၏ အဓိကတရားခံသည် ဗုန်းဖောက်ခွဲသူသာ ဖြစ်သည်ဟု ငပေါ ၀န်ကြီးချုပ်က အတိအလင်းပြောဆို။ တွင်း(၂) နေအိမ်တွင်လည်း လုံခြုံရေးတင်းကြပ်လျှက်ရှိရာ အိမ်သာနှင့်ရေချိုးခန်းများတွင် တံခါးများ တပ်ဆင်ထားကြောင်း ချောင်းကြည့်သူရပ်ကွက်မှ သတင်းရရှိသည်။
(၅) ရင်ခွဲရုံမှ အလောင်းများ ကုတ်ဖဲ့ဖျက်ဆီးခံရမှုနှင့်ပတ်သတ်၍ ရဲတပ်ဖွဲ့မှ ကြွက်၊ ခြ နင့် ပိုးကောင်များအား
အတင်း အဓမ္မစစ်မေးလျှက်ရှိရာ တရားခံများမှ ၀န်ခံပြောကြားခြင်းမရှိသေးပေ။
(၆) လွန်ခဲ့သော တနင်္လာနေ့မတိုင်မီ ၂ရက်က တွင်း(၂)သည် ဂေဟာရန်ဘုန်းငွေ အမြောက်အများကို ကတ်စီနိုကစားဝိုင်းတွင် ရှုံးပြီးနောက် "ရရင်ရ မရရင် မ" ဟုဆိုကာ chip ပြားများခိုးယူသဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း နှင့်အတူ ဂေဟာမှ ချီးမြှင့်သော "ပြည်သူကုန်စေ" ဆုချီးမြှင့်ခံရသည်။
ပျံကြားရေး ၀ံကြီး/
ချမ်းရဲ

ဂေဟာက တစ်ယောက်ယောက် ကော်ပီပြီး တင်ပေးပါဗျာ
ဟဟားး
ဒီလိုမရီရတာတောင် ကြာပြီ