ပထမဆုံး အတက်ခ်ခံရပြီ ။
Wednesday, 22 October 2008 by chanye`
နာမည်ကျော်ပုဂ္ဂိုလ်တွေကို အင်တာဗျူးသလိုမျိုး ကျွန်တော့်ကိုလည်း မေးခွန်းတွေနဲ့ ခေါင်းစားအောင် ဒုက္ခပေးသွားရှာတယ်လေ... ။
(၁) မေး။ ။ ကိုချမ်းရဲနဲ့ သံလွင်ဟီးရိုးတို့ ဘယ်လိုများ ဆက်ဆံပက်သက်လည်း မသိဘူးနော် ??
ဖြေ။ ။ အဟမ်း....ယောက်ဖလို့လည်းမဆိုနိုင် ၊ အရမ်းချစ်ကြတဲ့သူငယ်ချင်းကြီးတွေလည်းမဟုတ်.. ဘယ်လိုပြောမလဲ...ခင်တာ သိပ်မကြာသေးတဲ့ ညီလေးတစ်ယောက်လို့ပဲပြောရမှာပေါ့နော်....။
(၂) မေး။ ။သူ့အပေါ် အကို့ရဲ့ထင်မြင်ချက်(၅)ချက်လောက်ပြောပြပါလား ။ဖြေ။ ။ အိမ်း....
နံပါတ်တစ်.... ကုတ်ကမြင်း ။
နံပါတ်နှစ်.... အပေါင်းအသင်းမက်ပြီး သူငယ်ချင်းတွေအပေါ်အနစ်နာခံတတ်မယ့်လူစားမျိုးလေး ။
နံပါတ်သုံး.... (ငါ့လိုပဲ) လူတွေကို အနည်းငယ် ရှက်တတ်ကြောက်တတ်တဲ့သဘောရှိတယ်
အရမ်းရင်းနှီးတဲ့သူမဟုတ်ရင်ပေါ့ ။
နံပါတ်လေး.... လိုင်းစုံမယ့်ပုံပဲ ။
နံပါတ်ငါး..... မွေးရပ်မြေကိုချစ်တယ်..ပြီးတော့ လိမ္မာတဲ့ ကောင်လေးတစ်ယောက်လို့ပြောလို့ရပါတယ် ။
(၃) မေး။ ။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား?
ဖြေ ။ ။ သိတာ မကြာသေးပေမယ့် အမှတ်တရတော့ရှိတယ်။ အတူတူ အိပ်ဖို့ အိပ်ယာလေး ပြင်ပေးဆင်ပေးခဲ့တာကိုလေ..အဟင့် ပြောရင် ငိုချင်လာပြီ...
အဲဒီညကလေ......................။ ။
(၄) မေး။ ။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ။
ဖြေ။ ။ အကို အိပ်တော့မလား...? ( ကရုဏာအသံလေး...:D ဘယ်တော့မှ မမေ့ဘူး~~)
(၅) မေး။ ။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ?
ဖြေ။ ။ ပြောလိုက်မယ် " ဟိုဘက်လှည့်" လို့ ။ ဟုတ်တယ်လေ... ကြည့်တောင်မကြည့်ချင်တော့ဘူး
အဲလိုဆိုရင်.. ။ ယောက်ျားအချင်းချင်းကြီး ဖြစ်စရာလားလို့...။
(၆) မေး။ ။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ဖြေ။ ။ (ဘယ့်နှယ်....ဒါကိုပဲ လာမေးနေပါလိမ့်) အဓိကဟာကိုပြုပြင်ဖို့လိုမယ်ထင်ပါတယ်...။
အဓိက ဆိုတာကတော့..အင်း.....အဓိကပေါ့လေ ။ :D
(၇) မေး။ ။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ...။
ဖြေ။ ။ အဲဒါဆိုရင်တော့ တတ်နိုင်သလောက် ဝေးအောင်ရှောင်ပါတယ် ။ သွားချလို့တော့မဖြစ်ဘူးလေ ။
ကျွန်တော် အဲလောက် ဇ မပြင်းဘူး ။ လမ်းမှာတွေ့ရင် ကိုယ်မရိုက်ရင် သူလာရိုက်မှ အခက် ။
ရှောင်တာကောင်းတယ်။
(၈) မေး။ ။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော...
ဖြေ။ ။ ကိုယ့်ရည်းစားလာလုရင်တော့ ယောက္ခမလည်း ကိုယ့်ရန်သူပဲ ။
(၉) မေး။ ။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ။
ဖြေ။ ။ တစ်ညလောက် ရေဗာဆိုက်မှာ ဘီယာရော အမြည်းပါ အ၀ပြုစုမယ် ၊ ပြီးရင် ကလပ်လိုက်ပို့မယ် ။
(သူ့အတွက်လား ကိုယ့်အတွက်လားတော့မသိဘူး..ဟီးဟီး)
(၁၀) မေး။ ။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ?
ဖြေ။ ။ လူငယ်တွေ အားလုံးနဲ့ ယှဉ်ပြီးပြောမယ်ဆိုရင် အကောင်းဘက်ကို တော်တော်လေးပါပါတယ် ။
(၁၁) မေး။ ။ (တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ။
ဖြေ။ ။ ကျွန်တော်ကတော့ ဂရုစိုက်ပါတယ် ။ ဒီလူ့အဖွဲ့အစည်းမှာနေနရတဲ့သူဖြစ်လို့
ပတ်ဝန်းကျင်ဆိုတာကြီးကို အမြဲဂရုစိုက်ရပါတယ် ။ လူ့အဖွဲ့အစည်းက သတ်မှတ်ပြီးသား
စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်... အဲဒါတွေကို ကျွန်တော်တို့တွေ ဖောက်ဖျက်လို့မရပါဘူး။
ကိုယ်မှန်အောင်တော့ကြိုးစား..အဲဒီစည်းကမ်းတွေကိုလိုက်နာ၊ ဒါမှလည်းကိုယ့်ကိုကို မမှားအောင် ထိန်းချုပ်နိုင်မှာ ။ ကိုယ်မကောင်းတာလုပ်လို့ အပြောခံရတာကို ခံပြင်းမနေနဲ့...ကိုယ့်အပြစ်နဲ့ကိုပဲ။
ကောလဟာလဆိုတာကတော့ တစ်မျိုးပေါ့ ။
ကိုယ့်မဟုတ်ပဲ အပြောခံရတာရှိသလို... ကိုယ်မကောင်းတာလုပ်တာကိုလည်း ပတ်ဝန်းကျင်က
မသိတာရှိမယ် ။ ကိုယ်တိုင်တော့ ကိုယ့်ဟာကို သိကြတာပဲ ။
"အဓိကက ကိုယ့်စိတ်ကိုယ်သန့်နေဖို့....ကိုယ်မှန်နေဖို့ပါပဲ" ...။ အဲဒါ လူတိုင်းကို ကျွန်တော်ပြောနေကျ စကားပါ။
(၁၂) မေး။ ။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ။
ဖြေ။ ။ အင်မတန်မှရိုးသားပြီး လူတိုင်းအပေါ် မလိမ်မညာ ပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်တာပါပဲ...။ (အဟိ)
(၁၃) မေး။ ။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic ကရော..?
ဖြေ။ ။ လူတိုင်းအပေါ်ယုံလွယ်တာကိုပေါ့ (အခုတော့ ပြောင်းပြန်.....လူတိုင်းကို သံသယနဲ့ပဲ
ကြည့်တတ်နေပြီ....အဲဒါကပိုဆိုး) ။ နောက်တစ်ခုက အသက်အရွယ်နဲ့မလိုက်အောင်
ကလေးဆန်နေတာကို....။
(၁၄) မေး။ ။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
ဖြေ။ ။ လူတိုင်း လေးစားချစ်ခင်ခံရတဲ့လူ...ပျော်ပျော်ရွှင်ရွှင်နဲ့ အခက်အခဲအားလုံးကိုလည်း
ပြုံးပြုံးလေးဖြတ်ကျော်သွားနိုင်တဲ့လူမျိုး ။
(၁၅) မေး။ ။အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ။
ဖြေ။ ။ အိမ်ထောင်စောစောမပြုပါနဲ့လို့..... ဘ၀တက်လမ်းကိုပိတ်သွားတတ်လို့ပါ ။
(လူငယ်တွေသတိပြုမှတ်သားစရာ နာမည်ကျော်ပုဂ္ဂိုလ်ကြီးရဲ့စကားပါ :P)
(၁၆) မေး။ ။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၁၀ယောက်ဆီရွေးပြီး ပို့ပေးပါ။ အကို့အပေါ်သူတို့ရဲ့
ခံစားချက်လေးသိရတာပေါ့။
ဖြေ။ ။ တကယ်ဆို ဘလော့ဂ်ရေးတဲ့ သူငယ်ချင်းက ၅ ယောက်တောင်မပြည့်ပါဘူး ။ ဒါပေမယ့် ၁၀ ယောက်ပြည့်အောင် တွေ့တဲ့သူ ရှာကြံ ကောက်ကပ်ထည့်ပေးလိုက်တယ်။ ကဲ!!
ဟောဒီမှာ ကံဆိုးသူ ၁၀ ယောက်.........
(၁) လေးငယ်လေး (ငယ်လေး)
(၂) ဗီလိန်ရဲ့အိပ်ယာ(ဗီလိန်)
(၃) မဆုမွန်
(၄) coffee cornet (မရှင်မင်း)
(၅) ၀င်းဇော်(ကိုဝင်းဇော်)
(၆) တောက်တဲ့
(၇) အိုစမာဘင်လာဒင်
(၈) ကြိုင်ကြိုင်
(၉) ဇာနည်လှိုင်
(၁၀) မဒင်
(၁၇) မေး။ ။ (၇) ယောက်မြောက်လူက အကိုနဲ့ ဘယ်လိုပတ်သက်လဲ ?
ဖြေ။ ။ (လျှာကိုရှည်တယ်) ငယ်ရည်းစားဟေ့....ငယ်ရည်းစား :P
(၁၈) မေး။ ။ (၉) ယောက်မြောက်က ယောက်ျားလား မိန်းမလား?
ဖြေ။ ။ မသေချာဘူး ။ ( နစ်ခ်နိမ်းက မကွဲပြားလို့ပါ) :D
(၁၉) မေး။ ။ နံပါတ် ၆ နဲ့ ၉ ယောက်မြောက် လူနှစ်ယောက်က အတူတကွရှိနေမယ်ဆိုရင် ကောင်းပါသလား?
ဖြေ။ ။ ကောင်း မကောင်း သူတို့ပဲ သိမယ်ဗျို့.......။ တကယ်စိတ်လေနေပြီ...။
ကမ္ဘာကျော်စိတ်လေနေပြီနော်...ဟင်း ဟင်း ။
(၂၀) မေး။ ။ (၂) ယောက်မြောက်လူက ဘာတွေသင်ကြားနေပါသလဲ?
ဖြေ။ ။ ဗီလိန်ဆိုတော့ ခိုးဆိုးလုယက်ဖို့ သိုင်းသင်နေတယ်ထင်တာပဲ.. အဟိဟိ
(၂၁) မေး။ ။ (၃) နဲ့ နောက်ဆုံးစကားစမြည်ပြောခဲ့တဲ့ အချိန်လေးပြောပြပါလား?
ဖြေ။ ။ လွန်ခဲ့တဲ့ ၅ရက်လောက်က ကျွန်တော် comment box မှာစာလာရေးသွားပါတယ် ။
အဲဒါနောက်ဆုံးပါ ။
(၂၂) မေး။ ။ နံပါတ် ၈ ကြိုက်တဲ့ အဆိုတော် နာမည်.....
ဖြေ။ ။ ပလေးဘွိုင်းသန်းရွှေ
(၂၃) မေး။ ။ နံပါတ် ၁ မှာ ညီအကိုမောင်နှမတွေရှိလား?
ဖြေ။ ။ အမတစ်ယောက် မောင်တစ်ယောက်ရှိတယ် ထင်တယ် ။ ဟုတ်လား မီးလေး?
(၂၄) မေး။ ။ နံပါတ် ၃ ရဲ့ အချစ်ကိုရယူကြိုးစားဖို့ အစီအစဉ်ရှိပါသလား ။
ဖြေ။ ။ ကျွန်တော့်ဘက်ကတော့ ကင်းပါတယ် :D (နောက်တာနော်.... plsssssssssss... )
(၂၅) မေး။ ။ ၇ ယောက်မြောက်ကိုရော...
ဖြေ။ ။ အိယား!!!
(၂၆) မေး။ ။ ၄ ယောက်မြောက်ကရော လူလွတ်ပဲလား?
ဖြေ။ ။ ဟဲ..ဟဲ အပျိုကြီးနော့်....။
(၂၇) မေး။ ။ နံပါတ် ၅ ရဲ့ နာမည်အရင်းကိုသိပါသလား ။
ဖြေ။ ။ ကိုဝင်းဇော်လို့ထင်တာပဲ ။
(၂၈) ၄ ယောက်မြောက်ရဲ့ ၀ါသနာကဘာပါလဲ?
ဖြေ။ ။ (၀ှူး.....စိတ်မရှည်တော့ဘူး ) ဘလော့ဂ်ရေးတဲ့လူဆိုတော့ ဘလော့ဂ်ရေးတာသူ့ဝါသနာပေါ့။
(၂၉) ၅ နဲ့ ၆ ယောက်မြောက် နှစ်ယောက်ကြားအခြေအနေ...
ဖြေ။ ။ တွေ့တဲ့လူ ကောက်ရွေးထားပါတယ်ဆိုမှ.....မသိဘူးဟ!!!!
(၃၀) (၁) ယောက်မြောက်သူငယ်ချင်းက ဘယ်မှာစာသင်ကြားနေပါလဲ?
ဖြေ။ ။ သူလား...ယူကေမှာ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်သင်ကြားနေပါတယ် .. ။ အသက်၂၁နှစ်ပြည့်တဲ့အထိ (အပြင်မှာ) ရည်းစားတစ်ယောက်မှ မထားသေးတဲ့ အလိမ္မာတုံးလေးပါ :P
(၃၁) မေး။ ။ (၆) ယောက်မြောက်သူငယ်ချင်းအကြောင်းလေး တောက်တိုမယ်ရပြောပြပါလား။
ဖြေ။ ။ ဘာဆိုဘာမှမသိတာ ။
(၃၂) နံပါတ်(၈) အပေါ်ခံစားချက် များများထားဖို့ ကြိုးစားခဲ့ဖူးလား ။
ဖြေ။ ။ နင့်ဂျီးတော်ကိစ္စမို့လို့ ဒီလောက်စပ်စုတာလား ။ ဂီးးးးးး။။ မသိ မရှိ!!!
(၃၃) မေး။ ။(၉) ယောက်မြောက်သူငယ်ချင်းက ဘယ်မှာနေတာတုန်း ။
ဖြေ။ ။ အိမ်မှာနေတယ်ထင်တာပဲ :
(၃၄) မေး။ ။ (၃) ယောက်မြောက်သူငယ်ချင်းက ဘာအရောင်ကြိုက်သလဲ။
ဖြေ။ ။ ဖြူ၊ နီ၊ ၀ါ၊ ပြာ၊ မဲ၊ ခဲ၊ စိမ်း၊ နက်၊ ညို၊ ခရမ်း၊ ပန်းရောင်၊ မဲနယ်၊ မီးခိုးရောင်၊ မင်းဂွပ်သီးရောင်၊ မရမ်းစေ့ရောင်၊ နို့နှစ်ရောင်၊ ကာကီရောင်၊ အသားရောင်၊ ရွှေရောင်၊ ငွေရောင်၊ ကြေးရောင်၊ သံချေးရောင်.....ရှိရှိသမျှ အရောင်ထဲက တစ်ရောင်ရောင်ပဲ ။
(၃၅) မေး။ ။ ၅ နဲ့ ၆ နဲ့ က သူငယ်ချင်းကောင်းတွေပဲလား။
ဖြေ။ ။ မသေချာဘူး...မသိဘူး။
(၃၆) မေး။ ။ (၁) မှာ အိမ်မွေးတိရိစ္ဆာန်ရှိလား။
ဖြေ။ ။ သူကိုယ်တိုင်ပဲလေ....။ :D ကြောင်မျိုးနွယ်ဝင်.... တခါတခါ အရမ်းကြောင်လို့ ။
(၃၇) မေး။ ။ (၂) က စွဲဆောင်မှုအရှိဆုံး sexiest person လား?
ဖြေ။ ။ sexiest villain ever ! :D
(၃၈) မေး။ ။ ၁၀ က ဘာတွေလုပ်နေတုန်း။
ဖြေ။ ။ အသက်ရှူနေတယ်ထင်တာပဲ။ တကတဲ.......မပြီးနိုင်ဘူး ။
ပြီးပါပြီ ။ အင်တာဗျူးကတော့ ဒီတင်ပြီးဆုံးပါပြီ ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းမာတော်မူကြပါစခင်ဗျာ။
မြန်မာလိုနဲ့ရေးတာပိုမိုက်တယ်ဗျာ...ဒါမှန်းသိရင်ကျနော်
လည်းမနေ့ကမြန်မာလိုနဲ့ရေးပါတယ်...အခုတော့လက်လွန်ကုန်ပီ...ဟားဟား
ထင်မြင်ချက်တွေအရမ်းကောင်းနေတော့ခင်ဗျားပြောမှ
ကျနော်တောင်တော်တော်လိမ္မာသွားတယ်...ဟဲဟဲ
နံပါတ်သုံးက...အဲဒီညကဘာဖြစ်သွားလဲ...မူးမူးနဲ့ဘာဖြစ်
တာလဲတော့မှတ်မိတော့ဝူးဂျ...ကောင်းရော
ကိုဗီလိန်ကြီးမနေ့ကတက်ခ်မှာမပါလို့ဝမ်းသာနေတာ
အခုတော့ပါပီ...ဟားဟား ကျနော်သံချောင်းသွားခေါက်လိုက်အုံးမှပဲ...တီတီဆုမွန်ရောဘာလား...တူနှယ်ဗျောင်....
ကျတော်လဲ မြန်မာလိုပဲရေးဖို.စဉ်းစားနေတာ ဘယ်လိုရေးရမှန်းမသိလို. အခုတော့ ကျေးဇူး။ ကျတော်လဲ blog ရေးတာ သိပ်မကြာသေးတော့ tag ခံရတာ ပထမဆုံးဆိုတော့ နည်းနည်းခေါင်းစားတာပေါ့။ ၁၀ယောက်ပြည့်အောင်ဘယ်လိုရှာရပါ့။
အဲဒီညကဘာတွေဖြစ်လဲတော့မသိဘူး သံလွင်ရေ့.... ငါတော့ ခုရက်ပိုင်းအန်ချင်နေတယ် :D
ရှာရင်တွေ့မှာပေါ့ကွယ်... ဂျဲဂျယ်ရေ အနည်းငယ်တော့ ခေါင်းစားလိမ့်မယ်