ဘေလာ့ဂ္ဂါမ်ား သက်သေ
Thursday, 23 October 2008 by chanye`
(နင့်ကို တကယ်ချစ်ပါတယ်ဆိုတာကို သက်သေပြ လို့ပြောမှတော့ ငါသိသမျှ ဘလော့ဂ်ရေးတဲ့သူငယ်ချင်းတွေကို သက်သေထားပြီး ဒီစာကိုရေးလိုက်ပါတယ် ......)
ငါ အပိုမရေးဘူးဆိုတာ ကလိုစေးထူး သိတယ်။ လူမှုရေးစည်းကမ်းတွေ ငါ့ဘက်က မချိုးဖောက်ခဲ့တာကို အရိုးခြောက်နဲ့တူတဲ့ မိုးသောက်ကိုမေးကြည့်ပါ ။
ကိုယ့်ချစ်သူကို ပိုင်ဆိုင်ဖို့ကြိုးစားမိတယ်... ဒါကို အရှက်မရှိတဲ့လူ လို့ပြောတယ်နော် ။ ငါ ရှင်ရဲထွတ် လို လူတွေကြား ဖင်ပဲချွတ် ပြလိုက်ချင်တော့တယ်။
ငါ အမြဲတကယ်ချစ်တာ နင်ပါ..။ ရွှေငွေဥစ္စာတွေနဲ့တောင် အလဲအလှယ် မလုပ်ဘူးဆိုတာကို ဂျဲဂျယ် ကိုသာမေးကြည့်ပါတော့ဟာ ။ မလိမ်ဘူးဆိုတာ အိမ် ထဲကဘုရားမှာ ကြိမ်ရဲပါတယ်။
"ချစ်တယ် ချစ်တယ်" လို့ ၀င်းဇော်လို အတင်းအော်ပြောချင်တယ်...။ အိပ်မက်ထဲမှာ မောင်မောင်ဘီးလို ယောင်ယောင်ပြီးပြောရတာလဲ အသံဝင်ပြီးတိုး တဲ့အထိပဲဆိုတာ သံလွင်ဟီးရိုးလည်းသိပါတယ် ။
ငါ့မှာ တခုခုဆို လုလု ကိုပဲ ခံစားချက်တွေရင်ဖွင့်နေရတာ ။ စိတ်ကူးကမ္ဘာလေး ထဲမှာပဲ ကြိတ်ရူးကာဆွေး နေရတော့မှာလားကွယ်။
ငယ်လေး ပြောသလို ငါတို့နှစ်ယောက် တကယ်ဝေးရတော့မယ်ထင်တယ်ဟာ။
သတိုးရာဇာ လို အမျိုးဘာသာကိုလေးစားတဲ့သူပါ...သူများချစ်သူကို ခိုးယူဖို့ သူခိုးဇာတာပါလာတဲ့လူမဟုတ်ပါဘူးဟာ ။
ငါဟာ အယောင်ဆောင် မဟုတ်ဘူးဆိုတာ မောင်မောင် ရော ခေါင်ခေါင် ပါ သိပါတယ်ဟာ ။ ချွေးမက မလိမ်တတ်ရင် ဖွားဖွား အိမ်မက်ရှင်က စိန်နားကပ်ဆင်ပေးမယ်ပြောပါတယ် ။
အနားတိုးပြီး ၀ါးဖို့ကြံနေတဲ့ ကျားမျိုး မဟုတ်ဘူးဆိုတာလည်း သားဆိုး အသိ။ ငါ့အချစ်တွေကို ပေါလွန်းလို့ အလကားဝေတယ် မထင်ပါနဲ့။ ပတ္တမြားမြေ ကိုမေးကြည့်နိုင်တယ်။ အတိတ်ဝေဒနာတွေအကြား မင်းဟာ ငါ့ရဲ့တစ်ခုတည်းသော စိတ်ဖြေရာဆိုတာ သိပ်သေချာပါတယ်ကွယ်။
ကိုရုပ်ဆိုး လို အတိုချုပ်မျိုး ပဲပြောတော့မယ်.... ချစ်တယ် ကွယ် ...။ နင့်ကိုချစ်တာ ဟိုးအရင်ထဲက ဒီချိန်ထိဆိုတာ ဗီလိန် သိပါတယ်။
ဆုမွန်အကြံအစည်နဲ့ အဖျက်သမားတွေ လက်အောက်ကနေ သူ့ကျွန်မခံပြီဆိုပြီး အရဲစွန့်ခဲ့မိတာပါ ။ အခုလွန်ပြန်ပြီ ဆိုရင်တော့ တောင်းပန်ပါတယ်။
ရွှေပြည်သူ လို လေဒီအဖြူလေးကို မမက်ပါဘူး.. ကလေးငယ်လေး လို အသေးသွယ်လေးနဲ့ စကားဝဲပြီး အသားမည်းသူ မင်းကိုပဲ မြင်မြင်ချင်းအကြည့်မှာ ငါ့ ရင်တွင်းထိသွားတယ်ဆိုတာလဲ ရှင်မင်း အသိပါ..။
နွေဆူးလက်ာပြောသလို ခြွေခူးချင်စရာပန်းလေးဆိုပေမယ့်...."အဆူးထက်လို့ အခူးခက်တယ်" လို့ ထူးမြတ် က သတိပေးတာတောင် မနူးမနပ်နှလုံးသားလေးနဲ့ ရူးမတတ် ချစ်ခဲ့မိတယ်ဆိုတာယုံ။
ဒီလောက်တောင်ချစ်ရင် စာသွားပေးဖို့ ရွာသားလေး က မြှောက်ပေးပါသေးတယ် ။ ဒီလိုလုပ်လိုက်ရင် မင်းဘက်က ဘာများတွေးမလဲလို့ စိတ်ပူမိတယ်လေ။ တကယ်တော့ ငါဟာ နှာသမားလေး မဟုတ်ပါဘူးကွယ်။
နိုင်းနိုင်းစနေ လို ငါ့အသည်းတွေ အပိုင်းပိုင်းကြေအောင်မလုပ်ပါနဲ့နော်။ ငါ့မေတ္တာကိုလည်း မင်းရဲ့
အသိုင်းအ၀ိုင်းတွေကြား ကြီးကြီးကျယ်ကျယ်လျှောက်ပြောပြီး ခိုင်းနှိုင်းမနေပါဘူး...စိုင်းစိုင်းသေလို့
ဝင်စားတယ်ထင်မှာစိုးလို့ပါ။
မျှော်လင့်ချက်တွေအားလုံးအစားခံပြီးမှ မင်းဆီက သံယောဇဉ်လေးတောင် မကြွင်းဘူးဆိုရင် ငါ့အချစ်တွေ တွင်းတူးပြီး မြှုပ်လိုက်ဖို့ပဲရှိတယ်။ သူငယ်ချင်း လင်းဦး နဲ့အတူ မငြင်းဘူး ဆိုတဲ့ မင်းဆီက သတင်းထူးကို စောင့်မျှော်နေမယ်နော်..။
(p.s. အရေးအသား အမှားပါရင် ခွင့်လွှတ်ပါ.. ။ မသိတဲ့လူတွေပါ ရေးလိုက်မိတဲ့အတွက်.....)

ဟဟဟ နိပ်သဟ။ လူရွှင်တော်လုပ်ပါလားကွယ်။ :)
အရမ်းကိုတော်နေပါလားဟ။
နောက်နှစ်စလုံးမှာဘလော့ဂါသင်္ကြန်ဆိုပြီး
ကိုဗီလိန်ကြီးနဲ့ကိုချမ်းရဲကိုစင်ပေါ်တင်ပေးလိုက်ရင်တော့
တီပီကထက်သာသွားလိမ့်မယ်...
ပက်ပက်စက်စက်ကောင်းတယ်ဗျာ...ဝါး.........
ဒီပို့ စ်လေး အရမ်းကြိုက်တယ် ဟာသရေးတဲ့ ဘလော့တွေရှားတယ်ဗျ တကယ်ရယ်စရာဖြစ်ဖို့ ကလည်းခက်တယ်လို့ ထင်တယ် အားပေးပါတယ်ဗျို့  ချီးယာစ် ။
ဟုတ်ကဲ့ အကို။ ဆက်ပေါပြီဟေး !!! :D
great man keep on
ခုမှ ဖတ်မိတယ်.. အားလုံးမွှေနောက် ဖတ်လိုက်တယ်
တစ်ပတ်အတွင်း သတင်းကို အကြိုက်ဆုံးး)