အကယ်ဒမီ

နေပြည်တော်မြို့ အကယ်ဒမီဆုပေးပွဲ အခမ်းအနားရုံတွင်းဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ အနုပညာရှင်ပရိသတ်များ ရုံတွင်း ပြည့်လျှံလျှက်ရှိ၏။ ယခုနှစ်တွင် ထူးထူးခြားခြားဖြစ်အောင် ပရိသတ်များကို ကော်ဖီ၊ အချိုရည်များ မဧည့်ခံပေ။ ပျဉ်းမနားမျှစ်ချဉ်ဟင်း တစ်ခွက်ဆီဖြင့် ဧည့်ခံသည် ။ သို့ကြောင့်လည်း အိမ်သာနားတွင် လူတရုံးရုံးစည်းကားလျှက်ရှိသည် ။

အမျိုးသားဇာတ်ဆောင်ဆု ကြေညာနေချိန်တွင်ပင် ဆုရရှိသူ မင်းသား မောင်ဟီးရိုးသည်
အိမ်သာထဲတွင် ကိစ္စမပြီးပြတ်နိုင်သေး။ ဆလိုက်မီးထိုးသောသူမှာလည်း ဆုရရှိသူ မင်းသား ဘယ်ခုံမှာထိုင်နေပါလိမ့်ဟု ခန်းမတခုလုံးလိုက်ရှာသော်လည်းမတွေ့ ။ ခဏအကြာ အိမ်သာထဲမှ မင်းသား ထွက်လာသည်။ ( သူ့ကိုသူ အကယ်ဒမီ ရမှန်းတောင်မသိရှာ)
အိမ်သာက ဟောခန်းမနှင့်ကပ်လျက်ဖြစ်သောကြောင့် ဆလိုက်မီးထိုးသူက ထွက်ထွက်လာချင်းပင် မင်းသားကို ဆလိုက်မီးဖြင့်ထိုးပြသည် ။ မင်းသားခမျာ ပုဆိုးပြင်ဝတ်ရင် တအံ့တသြ ၀မ်းသားအရဖြစ်နေ၏။ ဧည့်သည်တော်များကလည်း ၀မ်းသာအားရ လက်ခုပ်တီးအော်ဟစ်အားပေးကြသည်။

" နှာဘူး....သောက်ရူး ၊ ဘာကိုကြည့်ပြီး အကယ်ဒမီရသွားလည်းမသိဘူး"

ဆုရရှိသောဇာတ်ကားတွင် ယောက္ခမနေရာမှ သရုပ်ဆောင်သူ ဒေါ်ခင်အေးကြီးကလည်း
အိမ်သာအ၀နားရှိ မင်းသားဆီသို့ အပြေးအလွှားသွားကာ ဖက်ရှုံ့နှုတ်ဆက်သည်။

" အနံ့ သိပ်မကောင်းသလိုပဲ" စိတ်ထဲကတော့ တီးတိုးပြောလိုက်သည်။

သရုပ်ဆောင် သဇင် ကလည်း မင်းသားနုနုထွတ်ထွတ်လေးကို တော်တော်ဆိုးဆိုပြီး လည်ပင်းညစ်ကျီစယ်ခဲ့သေးသည် ။ မိုးဟေကိုကပင် အားရပါးရဖက်နမ်းနှုတ်ဆက်ရင်း... မင်းသားကြီးနော် မင်းသားကြီး...(ဘာကိုဆိုလိုမှန်းမသိ) ဆိုပြီး အားပေးသွားသေး၏။

မင်းသားဟီးရိုး ဆုရရှိသွားသော ဇာတ်ကားမှာ "အရူးအမူး ပလူးမယ့် အချစ်" ဇာတ်ကား ဖြစ်သည်။ ဇာတ်လမ်းနောက်ဆုံးတွင် အချစ်ပလူးနေချိန် ဗီလိန်သတ်၍ သေသွားရှာသော ဇာတ်နာနာ ဇာတ်လမ်းမျိုးတွင် အပီအပြင်သရုပ်ဆောင်နိုင်သောကြောင့် ဆုရရှိသွားခြင်းဖြစ်သည် ။ တချို့ ပရိသတ်များက ကြိုတင်ခန့်မှန်းပြီးသား ။ ဒီနှစ်တော့ ဟီး၇ိုးမှ ဟီး၇ိုးပဲဆိုပြီး တီးတိုးပြောနေကြတာ။ ပို၍ ရင်ခုန်ဖို့ကောင်းသည်မှာ အမျိုးသမီး ဇာတ်ဆောင်ဆု မည်သူဖြစ်မည်ကိုဖြစ်၏ ။

ယခုနှစ်တွင် ရုပ်ရှင်မင်းသမီး အတော်များများ အကယ်ဒမီရရန်ရေပန်းစားလျှက်ရှိ၏ ။
သင်ဇာဝင့်ထော် ၊ ဂျန်နီဖာ ကြိုင်ကြိုင် ၊ ၀က်ဝံရွှေရည် အပါအ၀င် မော်ဒန်မလေးများလည်း ဆုကိုမျှော်မှန်းထားသည် ။ ရုပ်ရှင်ဇာတ်ကားကြီးများတွင် မပါဝင်သော်ငြား လူမသိသူမသိဇာတ်ကားလေးများမှလည်း အကယ်ဒမီရလိုရငြား မျှော်လင့်နေကြသော မော်ဒယ်လေးများပင်တည်း ။

အခန်းအနား ကြေညာသူ ဦးမင်းစိုးထံမှ အသံဗလံ ဆူညံပွက်ထ၍ထွက်လာသည် ॥။
"အုံ...အွမ်..အူ ....ကိန်...ကျွီ..၀ုတ်…ကကျိကကျိ၊ ဟဲလို..ဟဲလို"
လောစပီကာ စက်ချွတ်ယွင်းသောကြောင့်ဖြစ်၏ ။ အသံပေါင်းစုံထွက်ပြီးမှ လောစပီကာပြန်လည်ကောင်းသွား၏။

" ယခုတဖန် ၂၀၀၈ ခုနှစ် အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိသူကို ကြေညာမှာဖြစ်ပါတယ် ။ ဒီဆုရရှိသူကို ကြေညာပေးရန်အတွက် အကယ်ဒမီ ၆ ဆုရှင် ချမ်းရဲကို ဆုကြေညာရန် စင်မြင့်ပေါ်သို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ"

လက်ခုပ်သံများ တဖြောင်းဖြောင်းဖြင့် ကြိုဆိုကြ၏ ။ တကယ့်ကို အနုပညာလောကတွင် လေးစားရသည့်ပုဂ္ဂုလ်ဖြစ်၏။ စင်မြင့်ပေါ်ရောက်တော့ စာအိတ်ကိုဖောက်ပြီ... ထို့နောက် စာရွက်ကို ဖြန့် ...
စဖတ်ပြီ။

"အဟမ်း... ၂၀၀၈ ခုနှစ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ကတော့....."
ခန်းမတခုလုံး အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေပြီ ။ မင်းသမီးများမှာ ၄င်း တို့၏အသက်ရှူသံပင် ပြန်လည်ကြားနိုင်လောက်သည်ထိ ရင်တဒိန်းဒိန်း ခုန်နေပြီ ။

"တောက်တဲ့ ဖြစ်ပါတယ်ခင်ဗျာ"

တောက်တဲ့ ထခုန်ပြီ။ စကတ်ပင် လေထဲတွင်လွှားခနဲ ဖြစ်သွား၏ ။ မင်းသားမင်းသမီးအားလုံး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကျေနပ်သော်လည်း ၀တ်ကျေတန်းကြေ ရွှတ်ခနဲနမ်းလိုက်ကြ ၊ ဟန်ဆောင်ပြုံးပြ ရယ်ပြလုပ်နေကြသည် ။

စိတ်ထဲ မှာတော့ ငါမရလိုက်လေခြင်း ဆိုပြီး မနာလိုဖြစ်နေကြ၏။ တောက်တဲ့ ကတော့ မျက်ရည်ရော နှပ်တွေပါထွက်အောင် အပျော်လွန်ပြီးငိုလေပြီ ။

မကြာမီ လော်စပီကာမှ ဇာတ်မင်းသားလို လေသံမျိုးဖြင့် အသံထွက်လာသည်।

" ၂၀၀၈ ခုနှစ် အကယ်ဒမီဆုရှင် တောက်တဲ့ ဟာ... "အင်တာနက်မှ လင်ရှာတတ်သူ" ဇာတ်ကားတွင်... ကျရာအခန်းမှ သရုပ်ဆောင်ရာမှာ အရယ်၊ အပြုံး၊ အမုန်း၊ အပျော် သရုပ်ဆောင်ပုံ အမျိုးမျိုးတို့ကို ပီပီပြင်ပြင် ခံစားသရုပ်ဆောင်နိုင်၍ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခြင်းဖြစ်ပါတယ်။ အင်တာနက်မှ လင်ရှာတတ်သူ ဇာတ်ကားတွင် တောက်တဲ့ ဟာ ဘ၀ပေးကြမ်းသူ အိမ်ဖော်အဖြစ်သရုပ်ဆောင်ရာမှာ အိမ်သာဆေး ၊ အ၀တ်လျှော်၊ ခွေးချီးကျုံး အောက်ခြေသိမ်းအလုပ်ဟူသမျှကို ပင်ပင်ပန်ပန်းလုပ် ၊ ထမင်းတစ်လုပ်စားဖို့အရေး နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်ရရှာ.. တဖန် ကံဆိုးချင်တော့.. လူယုတ်မာ သူဋ္ဌေးသား သော်ဇင်ရဲ့လက်တွင်း ဘ၀ကိုလည်ဆင်းပေးခဲ့ရရှာတဲ့ အပျိုကလေးရဲ့ သနားစဖွယ်သရုပ်ဆောင်ဟန်…။ ကိုယ်ဝန်အရင့်အမာကြီးရလာပြန်တော့ သူမခမျာ သူမရဲ့ အိမ်ရှင် သခင်ယုတ်တွေက အိမ်ပေါ်က နှင်ထုတ်ကြ၊ ခိုကိုးရာမဲ့နေတဲ့သူမဘ၀ အဆုံးသတ်မလှနိုင်မယ့် အခြေအနေအရောက်.. အင်တာနက်တစ်ခေါက်သုံးရင်းက… စင်ကာပူက ဟီးရိုးနဲ့ ချစ်သူဖြစ်သွားရပြန်တော့ သူမမှာ ကြည်နူးခဲ့ရပြန်.. ။

ချစ်သူကအရောက်လာမယ်ပြောပြန်တော့လည်း တောက်တဲ့ဟာသူမချစ်သူ ပိုက်ဘောအဖမ်းခံရတဲ့သူ မဖြစ်စေလို..တစ်ယောက်ထဲကြိတ်ကာငိုခဲ့ရတဲ့သူမရဲ့ သနားစဖွယ်သရုပ်ဆောင်ဟန်။ ချစ်သူနဲ့ ချက်နေချိန်မှာ အပျော်တွေနဲ့ ဖီးလ်တက်..မီးပျက်သွားပြန်တော့ ဒေါသဖြစ်ရပြန်တဲ့ သူမရဲ့ အပြောင်းအလဲအမူအရာ ။
( ပိတ်ကားပေါ်တွင်လည်း တောက်တဲ့သရုပ်ဆောင်ပုံဇာတ်ဝင်ခန်းကို ပြထား၏။ စပ်ဖြီးဖြီးဖြင့် ကီးဘုတ်ကို တတောက်တောက်ရိုက်နေရာမှ..မီးပျက်သွားသဖြင့် မော်နီတာကိုရိုက်ခွဲပုံ)

ချစ်သူဟီးရိုးမှာလည်း စင်ကာပူက မြန်မာပြည်ကိုလိုက်လာပြန်တော့..ဒုက္ခရောက်ရရှာတဲ့သူမ ဘ၀ဖြစ်အင် ။ တိုက်ပျက်မှာနေကာ ဗိုက်ချပ်ဝတ်နေရရှာတဲ့သူမရဲ့ တကိုယ်တည်းခံစားချက်ကို မြိုသိပ်နေခဲ့ရရှာသူ
ကိုယ်ဝန်သည်မလေးအဖြစ်လည်း ကရုဏာသက်ဖွယ်ရှုစားရမှာဖြစ်ပါတယ်။

နောက်ဆုံး ဟီးရိုးဖြစ်သူက ဟီးရိုးပီပီ လက်ထပ်ယူမယ်ပြောပြန်တော့.. မျက်ရည်မဆည်နိုင်ဝမ်းသာခဲ့ရရှာတဲ့ တောက်တဲ့ရဲ့ ကြည်နူးပီတိအပြည့်နဲ့ သရုပ်ဆောင်ဟန်… ပျော်စရာ နိဂုံးချုပ်သင့်တဲ့ သူတို့ရဲ့ဘ၀ ၊ ကံဇာတာမလှပနိုင်တော့… လက်ထပ်ပွဲမှာ ဂါဝန်တက်နင်းလို့ ပက်လက်လဲ..ဗိုက်ချပ်ပြေသွားတော့ အရှက် ဟက်တက်ကွဲတဲ့ သူမရဲ့ အဖြစ်။ ကိုယ်ဝန်အရင့်အမာနဲ့မို့ ဗိုက်ထဲနင့်ကာအောင့်လာတော့..ဆေးရုံကိုအပြေးအလွှားသွား…. သွေးအားနည်းရောဂါအခံရှိတာကြောင့် ကလေးအမွှာပူးဖွားမြင်အပြီး အားအင်ချိကာ အသက်ဆုံးသွားရှာသူ ကံဆိုးသူမလေးအဖြစ် ရင်နင့်ကြေကွဲ ၀မ်းနည်းဖွယ် သရုပ်ဆောင်နိုင်ခဲ့သဖြင့် ၂၀၀၈ ခုနှစ် အမျိုးသမီး အကယ်ဒမီဇာတ်ဆောင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။”

ကြေညာစကားအဆုံး ခန်းမတခုလုံး လက်ခုပ်သြဘာသံများ ဆူညံ ပွက်လောရိုက်သွားလေတော့သတည်း။

5 comments:

    အဟားဟ လုပ်လိုက်မှဖြင့် အလန်းတွေကြီးပဲ။ သြော်...........မြန်မာ့ရုပ်ရှင်။ ဟိဟိ

     

    အခုလိုမျိုးအကယ်ဒမီပူပူနွေးနွေးရသွားတဲ့မင်းသားကို
    ပရိတ်သတ်ရှေ့မှောက်ကိုချပြမလို့ နေ့လည်ခင်းဂျာနယ်မှ
    ရင်းတွင်းညစ်များလာရောက်မေးမြန်းသွားပါတယ်...
    နေ့လည်ခင်း ။ မင်းသားရေ...အခုလိုမျိုးအကယ်ဒမီဆုကြီးရအောင်
    ဘယ်လိုကြိုးစားခဲ့လဲဆိုတာအငယ်သရုပ်ဆောင်လေး
    တွေအတုယူလို့ရအောင်ပြောပေးပါအုံးကွယ်...
    မင်းသား ။ ဟုတ်ကဲ့...ကျနော်သရုပ်ဆောင်အလုပ်ကို
    နာမည်ကြီးချင်လို့မဟုတ်ပဲ ဝါသနာအရင်းခံပြီးနေ့မအား
    ညမနားကြိုးစားခဲ့တဲ့အတွက်ဒီဆုကြီးကိုထိုက်ထိုက်တန်
    တန်ရရှိသွားတာပါ...နောင်အသစ်တွေကလည်းလုံ့လ
    အားထုတ်ပြီးဆက်လက်ကြိုးစားကြရင်းအကယ်ဒမီလို ချင်ရင်တော့ခြောက်ထပ်ကွင်းမင်းသား ဘုတ်အဖွဲ.ဝင်
    ကိုချမ်းရဲကိုအပီကပ်ပါ.လို့ပြောချင်ပါတယ်...

     
    On 28 October 2008 at 14:07 Anonymous said...

    နင်လေ ရေ်းလိုက်ရင်ပေါက်တတ်ကရတွေကြီးပဲနော်
    anyway xie xie ni my best best fri lay

     

    အော်..၀ါသနာအရင်းခံကြိုးစားရှာတဲ့မင်းသားကြီးကိုး..ဟိဟိ

     

    အော် ညီလေး သံလွင် ထီးရိုးက အကယ်ဒမီဆုကြီးရသွားတာကိုး။ အကယ်ဒမီငါးဆုရှင် ချမ်းရဲ ဘယ်တော့ ရှင်လောက က ဘယ်တော့ နှုတ်ထွက်မှာလဲဗျိုးးးးး

     

Blogger Templates by Blog Forum