ကာတွန်းကား

ဒီတလော စိတ်ညစ်စရာတွေချည်းကြုံနေတာ..။

အသည်းလည်းကွဲ၊ အလုပ်လည်းအဆင်မပြေ၊ ငွေရေးကြေးရေးချို့တဲ့အချိန်...အစစအရာရာ စိတ်ဓာတ်ကျနေတာနဲ့ ဘလော့ထဲတောင်မရောက်ဖြစ်တာကြာပေါ့ ။ အကြွေးဆိုတာကလည်း လူတောင်ပိနေပြီ။ အလုပ်ကြွေးတွေကလည်းကျန် ၊ ပိုက်ဆံကြွေးတွေကလည်းမဆပ်ရသေး .. ဒီကြားထဲ ကိုဗီလိန်က စီဘောက်မှာ လာအော်တယ်လေ ။ တက်ခ်ထားတယ်တဲ့...။ တက်ခ်အကြွေးပါ ထပ်တင်တော့တာပဲ။ ၂ရက်လောက်ကြာတော့ ကိုဂျဲဂျယ်ကပါ လာအော်တယ် "ချမ်းရဲရေ တက်ထားတယ်တဲ့" ။ သေရော ။

တော်သေးတာပေါ့ ။ တက်ခ် ၂ခုက တူနေလို့ ။ ကာတွန်းကားအကြောင်းပြောပြရမှာကိုး...။
၁ ပတ်မှာ ရုပ်ရှင်ရုံကို ၃ ခါလောက်အနည်းဆုံး သွားနေတဲ့ ကျွန်တော်လိုကောင် မူဗီးခရေဇီက ဒီတက်ခ်ကိုတော့ အေးအေးဆေးဆေးရေးလို့ရပြီပေါ့.. လောလောလတ်လတ်ကြည့်ထားတဲ့ MEDAGASCAR: ESCAPE 2 AFRICA ဆိုတဲ့ ကာတွန်းကားလေးပြောပြပါ့မယ်

(ပို့စ်ထဲမှာ ဗီဒီယိုဘယ်လိုထည့်လဲမသိလို့ link ပဲတင်လိုက်တယ်) ခွိခွိ :P

http://www.youtube.com/watch?v=A45jv8uhZwo

ဇာတ်လမ်း အကျဉ်းချုံးပဲပြောပါ့မယ် ။ သွားကြည့်ရင် ဖီးလ်မရှိမှာဆိုလို့...။

ဇာတ်လမ်းထဲမှာ နယူးယောက်တိရိစ္ဆာန်ရုံက တိရိစ္ဆာန်တအုပ်လုံး အာဖရိကကိုသွားကြတယ်လေ ။ အံမယ်... သူတို့က လေယဉ်ကို ကိုယ်တိုင်းမောင်းပြီးတော့ သွားတာဗျ ။ လေယဉ်ကထွက်တာမှ သိပ်မကြာဘူး ပျက်ကျပါလေရော...။ ပျက်ကျတဲ့နေရာကလည်း အာဖ၇ိကဖြစ်နေတယ်လေ..အဟိဟိ။ အဲဒီမှာ မင်းသားက ခြသေ့်ပေါ့ ။ သစ်ကုလား၊ ရေမြင်းရော၊ မြင်းကျားတို့ကလည်း ခြသေ့်ရဲ့ ဘော်ဘော်... အရေးပါတဲ့ ဇာတ်ကောင်တွေပါပဲ ။ အဲဒီခြသေ့်က သူ့အဖေ၊ အမေနဲ့ (ဒါရိုက်တာအလိုအရ) တိုက်တိုက်ဆိုင်ဆိုင် သွားပြန်တွေ့တယ်လေ ။ ခြသေ့်အဖေကလည်း ပျော်မဆုံးဖြစ် ။ သားဖြစ်သူ ခြသေ့်ကလည်း နယူးယောက်မှာဆို လူတွေအရမ်းချစ်ရတဲ့ခြသေ့်မျိုးဆိုပြီး ကြွားထားတော့ အဖေဖြစ်သူက တကယ်ကို ခြသေ့် ဖိုက်တာကြီးထင်နေတာ ။ တကယ်တော့ ခြသေ့်ငယ်လေးက ဖျော်ဖြေရေးခြသေ့်ပါ.. အရမ်း ကတာတော်တယ်လေ။ အဲဒါနဲ့ တောဘုရင်ရွေးပွဲမှာ မင်းသားခြသေ့်က ဗီလိန်ခြသေ့် (ကိုဗီလိန်ကို ပြောတာမဟုတ်) နဲ့ ဖိုက်တင်ပလေးရတာပေါ့ ။ မင်းသားက ပြိုင်ပွဲကို အကပြိုင်ပွဲထင်ပြီး ဖိုက်ရမယ်မှန်းတောင်မသိဘဲ ကပြနေလေရဲ့ ။ ဟိုက တစ်ချက်စော်ပလော်တီးလိုက်တာ အီစလံဝေသွားတာပဲ...ခွိခွိ ။ ဒါနဲ့ ခြသေ့်အဖေကြီးလည်း မျက်နှာပျက် စိတ်ပျက်သွားတာပေါ့.....

ကျန်တာကို ကိုယ်တိုင်သွားကြည့်ပါတော့ ....။ အရမ်းကောင်းတဲ့ ကာတွန်းကားလေးမို့လို့ strongly recommend လုပ်ပါတယ်။ ကာတွန်းကားကို ကလေးတွေကြည့်တာဆိုပေမယ့် စိတ်ကြည်လင် ပျော်ရွှင်စေရမယ်လို့ အာမခံတယ် ။ ကာတွန်းဇာတ်ကောင်တွေက ချစ်စရာကောင်းသလို ကာတွန်းကားလေးထဲမှပါတဲ့ "I like to move it.. move it ~ " ဆိုတဲ့ သီချင်းလေးကလည်း တက်တက်ကြွကြွလေးနဲ့ နားထောင်ကောင်းတယ် ။ ဒီလတွင်းကြည့်ခဲ့တဲ့ကားတွေထဲမှာ ဒီကားကိုအကြိုက်ဆုံးပေါ့ ။ Kung Fu လိုချစ်စရာကောင်း ရယ်စရာကောင်းတဲ့ ကာတွန်းကားလေးကို ရုံတင်ထားတုန်းသွားကြည့်ပါလို့ ကျွန်တော့်ကို တက်ခ်ထားတဲ့ စက်ာပူက ကိုဂျဲဂျယ်နဲ့ ကိုဗီလိန်ကို တိုက်တွန်းလိုက်ပါတယ်လို့ ပြောရင် နိဂုံးချုပ်ပါတယ်..။ (ပျံကျားရေးဝံကြီးပီပီ လျှာရှည်နေတာ)

5 comments:

    On 25 November 2008 at 08:01 Anonymous said...

    မကြီးမငယ် သူငယ် ပြန်ပြီ ငချမ်းတစ်ယောက်

     

    မမရေ... ဘလော့ဂ်ပေါ် youtube ဗီဒီယိုတင်ချင်ရင် embed code ကို ကော်ပီပြန်သွင်းလိုက်ရင်ရပြီ...

     

    i did so but cant bya..
    duno why :(
    wtever, thz for the information frid :)

     

    မင်းပြောလို့သွားကြည့်လိုက်တယ်ကွ။ :)

     
    On 8 January 2009 at 23:51 Anonymous said...

    embedded code ကို ကူးပြီး ကိုယ်တင်မယ့် ပို့စ်ရဲ့ ထည့်ချင်တဲ့နေရာကိုမှတ်ထား ၊ edit post နဲ့ ကြည့်ကြည့်လိုက်။ ဒါပေမယ့် html tab မှာ ဖြစ်ရမယ်။ compose မှာ မဟုတ်ဘူး။ အဲဒီမှာ paste လုပ်လိုက်ပါကွယ်။ ပြိးမှ ပြန်ကြည့်ကြည့်၊ အဲဒါဆို ရပြီ။ ဘာရယ်ညာရယ်ဟုတ်ဘူး။ သူတို့လေးတွေဘလော့မှာ လိုက်လည်ရတာပျော်လို့။

     

Blogger Templates by Blog Forum