တစ်ကြိမ်တစ်ခါချစ်ဖူးမိပါတယ်

နင့်အလိမ်အညာရစ်မူးပြီး

ရင်ဘတ်တခုလုံး ကျိန်စာနစ်ဆူးလို့

ငါ့ဘ၀...

အိမ်သာတစ်ရှူးလို အသုံးချခံရပြီ။


အလွမ်းတွေနဲ့ ၀မ်းချုပ်နေတဲ့သူ

ဝမ်းနှုတ်ဆေးလည်းမကူနိုင်တဲ့ ဝေဒနာအတွက်

"အုံဖွ..." ဆိုပြီး မန်းမှုပ်ပေးနိုင်တဲ့သူက

ခုတော့..၀ရမ်းထုတ်ခံထားရတဲ့

နှလုံးသားလူသတ်မှုတရားခံဖြစ်နေရှာတယ်။


ငါ့အတွက်များ အခန်းအားရင်

အတွင်းတံခါးဂျက်ထိုး

နင့်အရင်က အနံ့အသက်ဆိုးတွေကြား

ခံစားချက် ခါးရင်တောင်

ဘယ်မှ မထွက်သွားဘူးလို့ ဆုံးဖြတ်ထားခဲ့တာ...။

မအောင့်နိုင်ဘဲ ချစ်ခဲ့မိတယ်

အခန်းအားအောင်

မစောင့်နိုင်ဘဲ ညှစ်ခဲ့မိတာကိုး။

နင့်ဘ၀တခုလုံး ညစ်ပတ်သွားသလို

ငါ့ဘ၀လည်း အရှက်ဟက်တက်ကွဲခဲ့ရ... ။


အမှောင်ကျနေတဲ့အခန်းထဲ

အသည်းကွဲလူမိုက်ကြီး ညီးတွားသံ

အမှန်အများဆုံး လူသားမှာ

ဒါဟာ အမှားဆုံး အချိန်ခါ ...

အများသုံး အိမ်သာကို အပိုင်းစီးခဲ့မိတာလေ...။

ချမ်းရဲ


P.S လောလောဆယ်အသစ်ရေးဖို့မအားသေးလို့ အိမ်သာနံရံထဲကဘလော့မှာ ရည်းစားကို စိတ်နာနာနဲ့(ပေါက်ကရ) ရေးထားတဲ့ ရေးပြီးသားကဗျာလေးပဲ တင်လိုက်ပါတယ်။

5 comments:

    လုပ်ပီ...လုပ်ပီ

     

    ဘာလုပ်လို့တုန်းဗျ :P

     

    မြန်မြန်လုပ်ပါဗျိုး။ ဒီမှာလည်း ကိစ္စက ထိပ်ဝရောက်နေပြီ။ :)

     

    ပေါတယ် ဆိုအုံးတော့... တော်တော်ထိသွားတယ်... ။

     

    လေးဇားသွားဘီ .. :P

     

Blogger Templates by Blog Forum