ရူပါလှသလောက် အမူအရာရွတဲ့ နင့်အချစ်က စမူဆာဘ၀ လိုပဲနော်..
သုံးထောင့်ပေါင်းမှ တစ်ခုဖြစ်တည်တာလား?
တကယ်ဆို ငါတို့တွေ ပဲအီကြာလို အတွဲညီညာခဲ့တာ..
ဒါပေမယ့် နင်က (ဟို) ဘဲအီတာမှန်သမျှခံ
ငါ့အသဲကလီစာမှန်သမျှ တစစီဆွဲထုတ်ကစားချင်နေတာလေ ။

နဲနဲလေးမှ ငါ့အဖြစ်ကို မညှာတာ၊ မစာနာတတ်..
လိုတာရှိ အာပလာပါးစပ်နဲ့ဖား..
မလိုတော့မှ ငါ့အချစ်ကို ပလာတာတစ်ချပ်လို ပြားအောင် နင်းချန်ရစ်ခဲ့တယ်နော်။

ချစ်စရာကောင်းတဲ့ မဒီကညာဘေး..
ရယ်(ရီ)စရာလေးပြောလို့ ..
အီကြာကွေးသဘောလို သေမခွဲတပူးပူး ချစ်ချင်တာ
ခုတော့ ဘီယာလေးမော့လို့ ကြေကွဲအရူးအမူးဖြစ်ရင်နာနေရပြီ။

ငါ့ကို ကလေးတစ်ယောက်လို..
ချိုဆိမ့်နဲ့ အငိုတိတ်အောင်မြှူ
ကျဆိမ့်တိုက်လို့ ခဏအိပ်ငိုက်နေချိန်မှာ
ပေါ့ဆိပ်နဲ့ ချော့သိပ်ခဲ့ပြီး
နင်က တစိမ်းတယောက်နောက် ပလိန်းသောက်ပြီးပါသွားတယ်နော် ။

အချိန်က မနက်ကျော်ပြီဆိုပေမယ့်
ငါ့ဘ၀ ဘလက်ကော်ဖီလို
ကြေကွဲမှုအမှောင်မှာ အလင်းရောင်တစက်မပေါ်နိုင်ဘူး။

ဘာပဲဖြစ်ဖြစ် ဆီထမင်းစားရင်း
ဒီသတင်းစကားတွေကို ဖာသိဖာသာနေလိုက်မယ် ။
အရင်လို ထမင်းကျော်စားဖို့ဆိုပြီး နင်ကို အတင်းမခေါ်ထားတော့ပါဘူး။
နင်နဲ့ခုလို ကမ္ဘာတဖက်ခြား နေမှတော့..
ဘာအတွက်များ (အကျိုးမရှိ)
ငါ ကာကျက်စား နေတော့မှာလဲဟာ။

ကျောက်ပတောင်းသောက်ပြီး ခပ်ခါးခါး
နောက်ကြောင်းကို မေ့လိုက်ပါတော့မယ်။
အချစ်တုဝင်္ကပါထဲ လမ်းပျောက်ပြီး
ငါ့ကို လွမ်းလောက်ပြီဆိုမှ
မန်းပေါက်စီစားဖို့ ငါ့ဆီ ပြန်လာခဲ့ပါ ။
အသက်သေသည့်တိုင်
လက်ဖက်ရည်ချည်းထိုင်သောက်ရင်း
နှလုံးသားက မျက်ရည်မစီးနိုင်တော့တဲ့အချိန်ထိ ထိုင်စောင့်မယ် ။

နင့်ကိုချစ်တဲ့ ချမ်းရဲ (တီးဟောက်စ်)

(p.s ကာရံက အသံတူပဲယူထားတာ)

10 comments:

    On 13 December 2008 at 08:52 Anonymous said...

    အယ် မိုက်လိုက်တာရေးထားတာ :P

     

    တော်လိုက်တာကွာ လို့ ပြောရုံကလွဲပြီး ဘာမှကိုမပြောတတ်တော့ဘူး။ ကောင်းချက်ကတော့လန်ထွက်။

     

    ခင်ဗျားကြီးကလေ..
    လွှတ်မြောက်ဖို့ပဲ :D

     

    မိုက်တယ် ... နဘေထပ်ထားပုံလေးတွေ တော်တော် ကောင်းပါတယ် ... ဆက်လုပ်ဦးဗျာ

     

    ကျန်တော်က မန်ပေါက်စီ တော့ ကြိုက်သား၊ နောက်လည်း မုန့်ဖက်ထုပ် လေးဘာလေး TEA SHOP မှာ တင်ပါအုန်း ... အဟီး

     

    ahee. ngar ka tot 1 khu pal thi lite tal. bite sar tal. mont names tway a myar kyi pal yay htar tar koo. :P

     

    လက်ဖက်ရည်ချည်းထိုင်သောက်ရင်း
    .............. ရေနွေးလေးဘာလေးလည်း ငှဲ့ သောက်ပါအုံးကွ။ မနိပ်ဖူးထင်တယ်... လက်ဖက်ရည်ချည်း ဆိုရင်လေ....

     

    မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့ ခေါက်ဆွဲသုတ်တို့ ကျန်သေးတယ်လေ။ လာများလာမလားလို့ ဆက်ဖတ်နေတာ .. မလာတာနဲ့လက်ဖက်ရည်ပဲ သောက်သွားလိုက်တယ် (မှတ်ချက်။ ။ အသည်းကို ဂလိုအရသာပြည့်ပြည့်ဝဝကွဲတာ ဒီတခါပဲတွေ့ဖူးသေးတယ်။ ထပ်တရာ လေးစားပါ၏)

     

    အဟမ်း...
    ပေါ့ဆိမ့် ၂ ခွက်..မန်းပေါက်စီ လည်း စားမယ် eleven လေးလည်းပေး. ဟိဟိ

    ဘလော့မှတ်လို့ လာတာ. လက်ဖက်ရည်ဆိုင်ဖြစ်နေတယ်.. :P

     

    တာကလေ........စမူဆာ၊ အီကြာကွေး၊ ပဲအီကြာ၊ ပလာတာ၊ ချိုစိမ့်၊ ကျစိမ့်၊ ပေါ့စိမ့်၊ ဘလက်ကော်ဖီ ၊ ထမင်းဆီဆမ်း၊ ထမင်းကြော်တွေ အပြင်....ဟမ်ဘာကာတို့ဘာတို့ လဲ
    ကြိုက်တတ်ပါတယ်။ ကာ၇ံညီညီကဗျာထဲက စားချင်တာတွေ စွဲထုတ်သွားတယ် :P

     

Blogger Templates by Blog Forum