Tuesday, 3 February 2009
by chanye`
ဘာပဲလုပ်လုပ် လွဲတတ်တာ အမောင်ချမ်းရဲရဲ့ သဘာဝ ။ သူများတွေလို တော်ရုံတန်ရုံလွဲတာမဟုတ်ဘူး ။ တစ်ပတ်မှာ အနည်းဆုံး လေး ငါး ခါလောက်ကို တစ်လွဲတွေ လုပ်မိတာ ။ ကိုယ်လုပ်လိုက်တဲ့ အလွဲကြောင့် တဖက်သားအပေါ် အတော်လေး မျက်နှာပျက်စရာတွေကြုံခဲ့ရတာလည်း ရှိတယ်။ ကိုယ်တိုင် ဒုက္ခရောက် အရှက်ရတာတွေလည်းရှိတယ် ။ အဲဒီ အလွဲတွေထဲက စလက်ရှင် ၃ခုကို ရွေးပြီး အကျဉ်းချုပ်ဖော်ပြသွားမယ်နော်။
(၁) စင်္ကာပူရောက်ခါစက အခန်းဖော် အကိုတစ်ယောက်နဲ့ အတူတူနေရတယ် ။ ရောက်ခါစဆိုတော့ မျက်စိမပွင့် နားမပွင့်နဲ့ ဘာဆိုဘာမှပွင့်..အဲ..မသိတဲ့ လူရိုးလေးပေါ့ ။ ချစ်သူများနေ့မရောက်ခင် တစ်ရက်အလိုမှာ အတူနေတဲ့အကိုက သူကြိုက်နေတဲ့ ကောင်မလေးအတွက် ကောင်းမယ်ထင်တဲ့ ချောကလပ်တစ်ဘူးလောက် လမ်းကြုံရင်ဝယ်ခဲ့ပါဆိုပြီး အိမ်ကနေလှမ်းမှာလို့ ဆဲဗင်း အလဲဗင်းမှာ ဈေးပေါမယ်ထင်တဲ့ ချောကလပ်ဗူးသေး တစ်ဗူးလောက်ဝင်ရှာတယ် ။ အံမယ်..ချစ်သူများနေ့နီးလာပြီဆိုတော့ ချောကလပ်ဗူးမျိုးစုံကို လှလှပပလေး ထုပ်ပိုးထားတာပေါ့။ ငွေရှင်းကောင်တာနားမှာ ချောကလပ်တွေ ဗူးကြီး ဗူးသေး မျိုးစုံပဲ ။ အဲဒီကောင်တာနားမှာပဲ လိုက်ရှာရင်း ပိုက်ဆံလည်းအများကြီးစိုက်ပြီး မ၀ယ်ချင်တာနဲ့ ( ပြန်မပေးရင်ဒုက္ခ ) ၁၀ ၀န်းကျင်လောက်ပေးရတဲ့ ဗူးအနီရောင်သေးသေးလေး တစ်ဗူးပဲ ၀ယ်လိုက်တယ် ။ အသဲပုံလေးနဲ့ Love ဆိုပြီးရေးထားတော့ ချစ်သူများနေ့နဲ့လည်း ကိုက်တယ်ပေါ့...လုပ်ချလိုက်တာ ။
အိမ်ရောက်တော့ အဲဒီအကိုက ရယ်ပြီး ဆဲပါလေရော ။
ဝယ်သွားတာက Durex (Love) ဆိုတဲ့ အနီရောင်ဗူးကြီးဖြစ်နေတာလေ..။ ဘယ်လိုဖြစ်လို့ ချောကလပ်တွေထားတဲ့နားမှာ အဲဒါကြီး ရောက်နေလည်း မသိတော့ပါဘူး ။ ကျွန်တော်လည်း တံဆိပ်တွေမှ သိပ်မသိတာ ။ တော်သေးတယ် အခန်းဖော်က ကောင်မလေးဆီကိုပါ ပေးပေးပါ ဆိုပြီးမခိုင်းလိုက်တာ...။
(၂) စကာင်္ပူမှာပဲဗျို့။ ပထမဆုံး စကာင်္ပူလေဆိပ်ကိုရောက်တော့ ကျောင်းက အေးဂျင့် ကလေဆိပ်မှာ လာကြိုရှာတယ် ။ လာကြိုတဲ့လူက ကျောင်းနာမည်နဲ့အတူ ချမ်းရဲ ဆိုတဲ့ ဆိုင်းပုဒ်ကြီးတကားကားနဲ့ ဟိုလူကြည့် ဒီလူကြည့်လိုက်ရှာနေတော့ "ငါ့ လာကြိုတဲ့လူပါလား" ဆိုပြီး တန်းသိလိုက်တယ် ။ ဒါနဲ့ နှုတ်ဆက်ပြီး ဘာညာကွိကွပြော ၊ ကျွန်တော်နေရမယ့် အိမ်ကိုခေါ်သွားမယ်လို့ ပြောတယ်။ အဲဒီ အေးဂျင့်ကလည်း ကပ်စီး အင်မတန်နည်းသကိုး ။ လေဆိပ်ကနေ ကျွန်တော်နေရမယ့်အိမ်ကို လိုက်ပြတာတောင် taxi နဲ့မပို့ဘူး ။ ezlink ကတ်ဒ်နဲ့ အမ်အာတီရထားစီးပြီး လိုက်ပို့တယ်လေ ။ ပြောတာကတော့ ရထားစီးဖူးအောင်လို့ ပြောတာပဲ ။ သူက ဘာမပြောညာမပြော ကျွန်တော်ကို ezlink ကတ်ဒ်ကြီးပေးတယ် ။ ကျွန်တော်လည်း တောသားမြို့တက်လိုဖြစ်နေတော့ ဘာမှန်းမသိယူထားလိုက်တယ် ။ ပြန်မေးရမှာလည်း ရွံ့သလိုလိုဖြစ်နေတော့ သူ့အနောက်ကပဲလိုက်သွားတယ်။
အဲ.. သူက ရထားဂိတ်ရောက်တော့ သူ့ရဲ့ ပိုက်ဆံအိတ်ကြီး ဘတ်ကနဲ ပုတ်လိုက်ပြီး (tap လုပ်ပြီး) station ထဲ ခပ်ကော့ကော့ ၀င်သွားတာပေါ့ ။ ကျွန်တော်လည်း ဘာရမလဲ.. သူပုတ်သလို ကတ်ဒ်ကို scan ဖတ်တဲ့နေရာမှာ လက်နဲ့ လိုက်ပုတ်တာပေါ့ ။ ကျွန်တော်ထင်တာက ခလုတ် တစ်ခုခုနဲ့ တံခါးကပွင့်တယ်မှတ်တာ ။
တံခါးကမပွင့်ဘူးဗျ.. တစ်ချက်ပုတ်လို့မရတော့ တဘုန်းဘုန်းကို ထုနေတာ ။ ညာလက်နဲ့ အဲဒီအကွက်ကို ထုနေတာနော်.. ဘယ်လက်ထဲမှာလည်း ခုနက သူပေးထားတဲ့ ကတ်ဒ်ကြီးကို ဘာလုပ်ရမှန်းမသိ ကိုင်ထားသေးတယ် ။ အနောက်ကပါလာတဲ့လူတွေကတော့ "ဒီကောင် ဘာကြောင်နေပါလိမ်"့ ဆိုပြီး တအန့်တအောနဲ့ ကျွန်တော်လုပ်နေတာကို ပြူးကြောင်ကြည့်နေတယ် ။ စိတ်မရှည်တဲ့လူတွေက ဘေးဂိတ်ကနေ ၀င်သွားပြီး ကျွန်တော်ကို ဘုကြည့်ကြည့်သွားတယ် ။
နောက်တော့ သူများတွေကြည့်နေတော့ ရှက်ရှက်နဲ့ပဲ အရှေ့က ၀င်သွားတဲ့အေးဂျင့်ကို လှမ်းအော်ခေါ်မေးရတယ် ။ အဲဒီတော့မှ အော်... ဒီကတ်ဒ်က ဒီအတွက်ကိုး ဆိုပြီး သဘောပေါက်လိုက်တယ် ။ ရှက်လွန်းလို့ အဲဒီ အကြောင်းကို ဘယ်သူ့ကိုမှ မပြောဘူး :P
(၃) ဒီတစ်ခါလည်း စင်္ကပူမှာပဲ..
ကျွန်တော့်အိမ်က အမ်အာတီ ရထားလိုင်းနဲ့ မနီးတော့ ရထားသိပ်မစီးဘူး...ဘတ်စ်ကားပဲ စီးဖြစ်တာ များတယ်ဗျ။ တတိယအကြိမ်မြောက်ရထားစီးတဲ့အချိန်မှာ ထူးထူးခြားခြား တော်တော်ကြီးကြီးကျယ်ကျယ် လွဲလိုက်သေးတယ်။
ဖြစ်ပုံက... နေ့လည်ပိုင်း commonwealth အမ်အာတီမှာ ကျောင်းသွားဖို့ ရထားစောင့်နေချိန်ပေါ့ ။ ရထားလာဖို့ ၄ မိနစ်လောက်လိုသေးတယ် ။ အဲဒီအချိန် ကျွန်တော့်ဘေးမှာ ကျွန်တော်နဲ့ အရွယ်တူ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး ကလေးငယ်ငယ်တစ်ယောက် ( မောင်နှမထင်တယ်) တစ်ယောက်ဖိနပ်ကို တစ်ယောက် လုကန်ရင်း ကျီစယ်ကစားနေကြတယ် ။ အဲ..ရုတ်တရက် ကောင်လေးကန်ထည့်လိုက်တာ.. ကန်ချက်က ကောင်းသလားမမေးနဲ့.. ကောင်မလေးဖိနပ် ရထားလမ်းပေါ်ထိ ကျသွားပါလေရော ။ ကောင်မလေးဆိုရင် စိတ်တိုလွန်းလို့ ကလေးလေးခေါင်းကို ဒေါက်ကနဲ ခေါက်ထည့်လိုက်ပြီး ဝေါ်ရှီဝါးရှားနဲ့ တရုတ်လို အသေဆဲဆူနေတာ ။ ပြီးတော့ ပတ်ဝန်းကျင်ကို အကူညီတောင်းချင်တဲ့ သနားကမားမျက်လုံးလေးနဲ့ကြည့်တယ် (တကယ်တော့ ရထားဂိတ်က ၀န်ထမ်း တစ်ယောက်ယောက်ကို ရှာတာပါ) ။ ကျွန်တော်နဲ့ ဖျတ်ကနဲ အကြည့်ချင်းဆုံလိုက်တော့ ကျွန်တော်လည်း ဘာမဆိုင်ညာမဆိုင် စေတနာတွေပိုမိတယ်။ ပြောမှ သိရင်မကောင်းဘူး..ကိုရီးယားကားတွေမှာတောင် ရထားလာခါနီး လူတစ်ယောက်လုံးဆင်းကယ်တာတွေရှိတာပဲ..ခုဟာက ၄မိနစ်တောင်လိုသေးတယ်လို့ တွေးမိပြီး သူရဲကောင်းဆန်ဆန် ဖိနပ်ဆင်းကောက်ဖို့ ရထားလမ်းပေါ်က ပလက်ဖောင်းစွန်းကနေ ကုန်းကွဆင်းတယ် (ရထားလမ်းက နဲနဲမြင့်တော့ ခုန်ဆင်းလို့မဖြစ်ဘူးလေ) ။ ကောင်မလေးကလည်း အနောက်က အင်္ကျီကို အတင်းလိုက်ဆွဲပြီး တားရှာပါတယ်.. ။ ဒါတောင် အားနာလို့ထင်တယ် လို့တွေးပြီး ဇွဲမလျှော့သေးဘဲ "never mind, dun worry. still got time to pick it up, see?" ဆိုပြီး ရထားလာရန် ၄မိနစ်အလို ဆိုတာပြတဲ့ screen ကိုလှမ်းပြီး လက်ညှိုးထိုးပြောရင်း ကျွန်တော်တောသားက ဆရာပြန်လုပ်လိုက်သေးတယ် ။ ကောင်မလေးကလည်း စိတ်ပျက်သလိုပုံစံနဲ့ " u wanna die, huh? see?" ဆိုပြီး ကျွန်တော်မမြင်မိတဲ့ ဆိုင်းပုဒ်တခုကို လက်ညှိုးထိုးပြတယ်။ ဟုတ်ပါ့ဗျာ.. ကံကောင်းလို့မသေတယ် .. high voltage ဘာညာဘာညာဆိုပြီး သတိပေးထားတာ ကြက်သီးတောင် ဖြန်းကနဲထသွားတယ် ။
နောက်တော့ လုံခြုံရေး အစောင့်တစ်ယောက်က ကင်မရာထဲက မြင်လို့လားမသိဘူး..လာခေါ်ပြီး ဘာဖြစ်တာလဲ မေးတယ် ။ ကျွန်တော်လည်း ဖွန်ကြောင်..အဲ ဟီးရိုးလုပ်ပြီး ဖိနပ်ကောက်တဲ့ အကြောင်းရှင်းပြလိုက်ရတယ် ။ အဲဒီလူလည်း ဘယ်သူဆဲတာခံထားရလို့ မကျေမနပ်ဖြစ်နေလည်းမသိပါဘူး .. ဆဲလို့ရတဲ့ကျွန်တော်ကိုပဲ လှိမ့်ဆဲပါလေရော ။ ပုံမှန်ဆို ဒဏ်ငွေဆောင်ရတယ်တဲ့ ။ မသိတဲ့သူဖြစ်နေလို့ ပြီးတော့ ကျောင်းသားမို့ ခွင့်လွှတ်လိုက်တယ်ဆိုပဲ ။ အရင်ကလည်း အဲလိုလုပ်ပြီး သေသွားတာ ၂ယောက်တောင်ရှိတယ်တဲ့ဗျ ။ ကံကောင်းလို့ ကျွန်တော် သုံးယောက်မြောက် မဖြစ်တယ် ။
ပတ်ဝန်းကျင်ကလူတွေလည်း ကြည့်နေတော့ ရှက်လိုက်တာဗျာ.. ။ လွဲလည်းလွဲတတ်ပါ့...အဲဒီတုန်းကဆို ရှက်လွန်းလို့ ရထားလမ်းပေါ်တောင် တကယ် ခုန်ချလိုက်ချင်တော့တယ် ။
ကဲကဲ နောက်မှပဲ အလွဲတွေဆက်တော့မယ်... အိပ်ချင်ပြီဗျ ။
ဟွန်း သူ Blog မှာရေးတယ်
လွဲလည်း လွဲတတ်ပါပေ့.. :P
တစ်သက်တာအမှတ်တရ တစ်နေ့စာအလွဲများ ပေါ့.. (ကိုငှက်)
ဟယ်... ကိုယ့်ထက်ဆိုးတဲ့လူတွေ့ပြီ :D
အီး... အလွဲတွေဆက်မယ်လို့ပြောလိုက်လို့လားမသိဘူး..
ဒီနေ့လည်း ချက် ၂စောင်ကကို စာတိုက်ပုံးထဲ တခြားစာအိတ်တွေနဲ့ ယောယောင်ပြီး ထည့်လိုက်မိတယ်လိုက်မိတယ် ။ နေရင်းထိုင်ရင်း cheque cancellation charges ၆၀ ပေးလိုက်ရတယ်..အဟင့် ။ တော်ပီ .. မရေးတော့ဘူး အလွဲအကြောင်း..
ဟားဟား ပေါရုံပေါတယ်ထင်တာ ကြောင်လည်း ကြောင်သကိုး
hahahahaha ရီရတာ အူတောင်နာတယ် အကိုက တော့ တကယ်မလွယ်ဘူး =D
This comment has been removed by the author.
ကိုချမ်း တို့ကတော့ ဖြစ်ရမယ် ဗျို့ တော်သေးတာပေါ့ MRTအောက်ကိုဆင်းမိလို့ကတော့ ချမ်းရဲBBQ ဖြစ်ပြီ။ :P
This comment has been removed by the author.
အေး ဟို MRT ကတော့ ပြောမနေနဲ့ အဟီး.. နာလဲ လွဲတာပဲ... ဒါပေမယ့်ပြောပါဝူး.. ရှက်စရာကြီး... ဟိုဒင်း သံလမ်းပေါ်ဆင်းဖို့ထိဆိုတော့... နည်းနည်းလွန်တာပေါ့နော်... မောင်ချမ်းရဲ ရယ်.. ကျုတ်ကျက်လိပါ... နင့် ဇ လည်း နည်းနည်းတော့ ပြင်ဖို့ကောင်းပြီ.. :P
အောင်မလေး ဟီးရိုးကြီးပဲ
စင်္ကာပူကအလွဲတွေကို
မောင်ကလေးက ကျောင်းကအကြောင်းတွေနဲ့ နေ့တဓူဝ အကြောင်းလေးတွေရေး ..
အစ်မက အလုပ်ခွင်က အလွဲတွေအကြောင်းရေး ..
ကောင်းတယ် ..
Go ahead my dear brother ...
ခင်တဲ့
မဆင့်
တကယ် အလွဲလွဲ အချော်ချော်….ဖြစ်မှဖြစ်ရတယ် ကိုယ်တော်ချောရယ်
ုဗြဲ.......ဟဲ...ဟဲ