ပထမဆုံးတွေ့စဉ်က မုန့်ဟင်းခါးကို တစ်လုပ်ချင်းစားနေတဲ့ နင့်ကိုကြည့်ပြီး အကြင်နာတွေ တမဟုတ်ချင်းပွားခဲ့မိတာ ။

ရည်းစားဖြစ်ပြီး ချိန်းတွေ့တဲ့မနက်မှာ..မနက်စားစရာအတွက် လက်ဖျားခါထွက်အောင် ကြက်သားပလာတာခွက်ကို သုံးပွဲစားတယ် ။ အချိုပွဲအတွက်ဆိုပြီး ဖယိုဖရဲပါးစပ်နဲ့ဖရုံယိုအထုပ်လိုက်ကို အကုန်မြိုအုပ်လိုက်တယ်။ ပြီးတော့ ရေခဲမုန့်ကိုလဲ အသေအလဲတုပ်သေးတယ်။

နေ့လည်ဘက်မှာ.. ငါကိုက အနေမတတ် .. ကေအက်ဖ်ဆီကို ခေါ်သွားပြန်တော့ ကြက်သားလေးပွဲကို ပါးစပ်အနားမပေးဘဲ စားတာများ.. ငါ့ဝေစုပါ အသေလု ကပ်စားသေးတယ်။ တကယ်ရှက်စရာ.. ဆယ်ရက်အစာမစားရတဲ့အတိုင်းပဲ .. ဘယ် မျက်နှာထားရမလဲတောင်မသိဘူး ရှက်လွန်းလို့။ စားနေပုံများ အရိုးသာမထွင်ရင် စားပိုး(စပိုး)ပါနင်ပြီး သေလောက်တယ် ။ မြင်ရတာ ဆင်မအစာစားနေသလို.. ဘယ်တော့ လည်ချောင်းမှာ နင်ကျပါမလဲလို့ စိုးရိမ်နေရတယ် ။

ဒါတောင် အပြန်မှာ ၀က်သားတုပ်ထိုးမစားရလို့ မျက်နှထားပုပ်သိုးပြနေတယ်လေ.. ဒီလိုဆို လျှက်ဆားထုပ်ဖိုးမပေးရဘဲ (တစွတ်စွတ်စားနေတော့..) မကြာခင် တဘွတ်ဘွတ်သွားတော့မှာ...။

အိမ်အပြန်မှာ ပျိုနှမက ရိုဂကိုလည်း ချိုသပ သိပ်ကြိုက်၊ အိပ်ငိုက်ပြေတယ်ဆိုပြီး ၃ဗူးသောက်လိုက်တယ်။
ချစ်သူရေ.. မင်းလည်း ဒီအတိုင်းသွားလို့ကတော့ စည်ပိုင်းအလား ကြည့်တိုင်းဝတဲ့ ၀က်မကြီးဖြစ်လာတော့မှာမို့ ခုထဲက လမ်းခွဲပါရစေနော် ။


ခဏတွေ့တဲ့အချစ်မို့ ဗွေမယူပါနဲ့။ ပထမနေ့မှာပဲ.. ငါ ဒီဖြတ်စာကို စရေးလိုက်ပါတယ် ။

တာ့တာ..ဘိုင်းဘိုင်!

သတိ။ ။ ဖြတ်စာဆိုတာ စားစရာ အစာမျိုးမဟုတ်ပါ ။ (တော်ကြာ ဘာအစာမျိုးပါလိမ့်ဆိုပြီး ၀ါးစားနေမှာစိုးလို့)

13 comments:

    On 10 February 2009 at 09:49 Anonymous said...

    ချမ်း ကြည့်စမ်း ပေါ်ကုန်ပြီ ... ငါသိတယ်လို့ပြောသားပဲ။

     

    အပီအပြင်အားပေးခဲ့တယ် :)

     
    On 10 February 2009 at 13:25 Anonymous said...

    Ha Ha, i know who you are and nge lay....

     

    အာ...ငယ်လေးရ။ တမင်လျှောက်ရေးထားတဲ့ဟာကို :D

     

    good good good :D

     

    တုတ်ထိုးလာစားတယ်ဗျ။

     

    ရိုဂသုံးဘူးတည်းသောက်တာနည်းတာပေါ့ဗျာ။
    နောက်ဆိုရင် ၆ဗူးကဒ်ကို ပိုက် ၁ခုစီထိုးပြီး
    သောက်ခိုင်းရမှာ...ဟဲဟဲ

     
    On 11 February 2009 at 10:55 Anonymous said...

    ဟင် ဘာကိုသိတာလဲရောင်စုံရယ် ငယ်လေးနဲ့သိလား ?

     

    ဘာလို့ဖြတ်လိုက်တာလဲ... ပြန်ဆက်.. တစ်ခါတည်းဆုတောင်းပေးခဲ့မယ်. အိုအောင်မင်းအောင် ပေါင်းရပါစေဟာ...:P

     

    This comment has been removed by the author.

     

    awwh yout kyar tway myar. ae dar tway pop haha.

    kyite tone ka lal thu do pal, ma kyite tot pyan bu so tot lal thu do pal. LOL XD

     

    ဟုတ်ပေသားပဲ အိုအောင်မင်ေးအာင် ပေါင်းရပါစေဗျာ

     
    On 24 February 2009 at 08:29 Anonymous said...

    အောင်မြတ်လေး..
    အပြေးအလွှာ ဆုတောင်းပါတယ်။
    မမ ချစ်သူတစ်ယောက် ဂလောက်ကပ်စီးနဲတဲ.လူမဖြစ်ပါစေနဲ.လို.
    ကိုယ်.ချစ်သူက စားနိုင်သောက်နိုင်တဲ.အဆင်.ထဲရောက်နေတာကို တစ်နေ.ကုန်ထိုင်တစိမ်.စိမ်.ကြည်.ပြီး ဂုဏ်ယူနေရမှာကို ဖြတ်ပြစ်လိုက်တယ်တဲ..
    ဂယ်ဘဲ.ဂယ်ဘဲ...
    နောက်မှ နောင်တမရနဲ.နော်...အချိန်မှီတယ်.
    ဖြတ်စာကို ခပ်တည်တည်နဲ. အမြန် ပြန်ရုပ်သိမ်းလိုက်..ချောရီးပါလို..
    မလိမ်မိုးမလိမ်မာလေးမို.
    တစ်ခါတစ်လေမှားတာပါလို.နော်..
    ကေလာမမ

     

Blogger Templates by Blog Forum