စီးပွားကျလို့ မငြီးတွားကြပါနဲ့.. ဟောဒီမှာ ကြီးပွားရမယ့် အဆောင်ကောင်း လာပြီ!!



* အိပ်မက်ထဲတွင် မင်းသိင်္ခက မြင်းပိန်မ (မြင်း=ကြာသာပတေး=၅ ၊ ပိန်=ကြာသာပတေး=၅ ၊ မ=ကြာသာပတေး=၅) ဟုအတိတ်ပေးသဖြင့် တအားစွမ်းသော ငါးဂဏန်းဖြင့် မနားတမ်း အပီအပြင် စီစဉ်ထားသော အဆောင်ကောင်းဖြစ်၏။

* ဗိုလ်ချုပ်ရဲ့ နဂိုရုပ်ကို အရင်းခံပြီး အင်းသဏ္ဍန် ဖန်တီးထားရာ အပြင်းအထန် ယုံကြည်ပါက အတွင်းရန်ကိုပါ အောင်နိုင်သည်။

* မီးရှို့၍ ဆေးပြာချသောက်ပါက ဘေးဘယာပပျောက်သည့်အပြင် သေးမကြာခဏပေါက်နိုင်သည်။

* လည်ပင်းတွင် ကြိုးသီဆွဲပါက ဖိုးဒီလည်း ပေါက်နိုင်သည်။ အလုပ်ထဲတွင် မျက်နှာရပြီး လာဘ်လာဘပါ ရွှင်နိုင်၏။
(အဆောင်တွင် ဂဏန်း၎လုံးကို မေတ္တာလက်ဆောင်ထည့်ပေးထားသည် ။ သိသူ ကလော်စားပြီး မသိသူ တက်နင်းသွားပေလော့)

* အပျိုကြီးများခမျာ ကြင်ယာဘက် အကိုကြီးများရှာတဲ့အခါ အလိုဂျီးများရှာတာမို့ အရွယ် အိုပြီးသွားမှာဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ်ရည်းစားရှာတဲ့အခါ အချစ်ရေးအဆင်ပြေအောင် (ခေတ်မီသော)ကိုရီးယားဘာသာနဲ့ အောက်ပါဂါထာကို အခေါက်တစ်ရာရွတ်ပေးပါ။

" အိုက်ရှ်!! အာပုကျိ အွတ်ပါး အဂျာအဂျာဖိုက်တင်း...အာပိုး ဟိုက်ရှ်!"

* ထို ငွေ၅ကျပ်ကို ရွှေပြားကပ်ကာ နဖူးပေါ်တင် အနေအထားမပျက်ပါဘဲ လှေကားအထပ်တစ်ရာ မပြုတ်ကျအောင် တက်လိုက်ဆင်းလိုက်လုပ်ပါ ။ ထိုကဲ့သို့ အဆက်မပြတ်လုပ်ပေးပါက ကြက်ငှက်တုပ်ကွေးပါ ပျောက်ကင်းနိုင်ပေသည်။

ကြော်ငြာအရမ်းကောင်းသလားလာမမေးနဲ့..ဒါကိုရဖို့ ဒေါ်လာသန်းပေါင်းများစွာပေးတဲ့ သူတောင်ရှိတယ် ။ ဒါပေမယ့် ဘလောဂါမိတ်ဆွေများ မရလိုက်မှာစိုးတယ် ။ ဒါကြောင့် တစိမ်းများမ၀ယ်ခင် သိန်းငါးဆယ်အရင် ငွေချေပြီး လက်ဦးမှုရယူပါ ။

9 comments:

    " အိုက်ရှ်!! အာပုကျိ အွတ်ပါး အဂျာအဂျာဖိုက်တင်း...အာပိုး ဟိုက်ရှ်!"

    ရေးတတ်ပါပေ့..း))

     

    ပေါက်ကရတော့ ရေးတတ်ပါ့

     

    "နဖူးပေါ်တင် အနေအထားမပျက်ပါဘဲ လှေကားအထပ်တစ်ရာ မပြုတ်ကျအောင် တက်လိုက်ဆင်းလိုက်လုပ်ပါ "
    ရက်စက်လိုက်တာ ချမ်းရဲရယ် အသေသာသတ်လိုက်ပါတော့ ..... :P

     

    ရော့ ရော့... သိန်းငါးဆယ် ပေးစမ်းပါဟဲ့ မြန်မြန်...

     

    ဒီ ဒိုင်ယာလော့နဲ့ဆို ရန်ကုန်မှာပြန်လုပ်စားလို့ ရပြီ ... ကြိုးစားထား၊ အောင်မြင်မှာပါ


    (ပန်ဆိုးတန်းမှတ်တိုင်မှာ ဖြစ်ဖြစ်၊ ဆူးလေမှတ်တိုင်မှာ ဖြစ်ဖြစ်ပေါ့)

     

    အောက်ကပုံရဲ့ ညာဘက်က နီနီရဲရဲကြီးက
    ဘာကြီးလဲ...တမျိုးကြီးပဲ...ဟားဟား

     

    အဲဒါနှုတ်ခေါင်းဇောက်ထိုးဘီးလူး ...
    ဆောင်ထားရင် စော်ကြည်တယ်နော့် :D

     
    On 23 February 2009 at 20:09 Anonymous said...

    ဒီလောက်တော်နေတာ..စင်္ကာပူမှာမနေပါနဲ.တော.လား
    ငွေစက္ကူ ထုတ်လုပ်ရေး ဌာနက အမြန်အလိုရှိနေကြောင်း
    စင်္ကာပူမှ ပတ္တားမြားကျွန်းကို ဗီဖာမလိုဘဲ လာနိုင်အောင်
    သက်ဆိုင်ရာမှ အထူးအစီအစဉ်-အထူးယာဉ်ဖြင်.ပင်.ဆောင်ရန် စိစဉ်နေကြောင်း..
    ကေလာမမ

     

    ဟား.. ဟား.. ရီရတယ်ဟေ့.. ရေးတတ်ပါ့.. ဇာတ်ထဲရောက်သွားတဲ့ အတိုင်းပဲ.. အဲလို ရေးတတ်ဖို့ကလဲ ပါရမီပဲနော်.. နောက်လဲ များများ ရေးနိုင်ပါစေနော်...

     

Blogger Templates by Blog Forum