သင်္ကြန်တွင်းကာလ သတိပေးတားမြစ်ချက်များကို ပြန်ကြားရေးဝန်ကြီး ချမ်းရဲမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

(၁) ရာသီဥတုပူပြင်းလှသဖြင့် မနက် ၆နာရီမှ ည၉နာရီအတွင်း ရေပက်ကစားခြင်း ရှောင်ကြဉ်ရမည်။ မိန်းမပျိုများ ရာသီဥတုနှင့်ကိုက်ညီမည့် စကတ်တို၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ၊ ကြိုးတစ်ချောင်းအင်္ကျီ စသည်တို့ကိုသာ ၀တ်ဆင်ပါ။

(၂) ပြည်တွင်းဖြစ်ကိုအားပေးပါ။ (ပြည်ပမှ တင်သွင်းသော) အရက်သေစာများ သောက်စားခွင့်မပြု။

(၃) ရေခဲထုပ် ရေပူဖောင်း ဆပ်ပြာပူဖောင်းတို့ဖြင့် ပစ်ပေါက်ကစားခြင်း ခွင့်မပြု။ တွေ့ရှိပါက
လက်ဝယ်တွေ့ရှိခံရသူ (လက်ဖက်ရည်ဖိုးမပေးပါက) ထောင်ဒဏ် ၁၀နှစ်၊ အပေါက်ခံရသူ အနှစ် ၂၀၊
(အခွန်မဆောင်ဘဲ) ရောင်းချသူ ၂၅နှစ် ၊ မြင်လျှက်ဖြင့် မတိုင်ကြားသူ ၁၃နှစ် ၊ အားပေးအားမြှောက်လုပ်သူ ၁၅နှစ်၊ အနားရှိမမြင်ချင်ယောင်ဆောင်နေသူများ ၆နှစ်စီ ထောင်ဒဏ်အသီးသီးကျခံရမည်။

(၄) ခိုက်ရန်ဖြစ်ပွားခြင်းရှိပါက ရဲစခန်းသို့လာရောက်တိုင်ကြားသူအား ရဲအလုပ်ရှုပ်စေမှုဖြင့် ပြင်းထန်စွာ အရေးယူမည်ဖြစ်သည်။

(၅) အစိုးရ၀န်ထမ်းများမှတပါး အခြားပြည်သူများသည် နိုင်ငံရေးနှင့်သက်ဆိုင်သော အ၀တ်အစားများ (အနီ၊ အပြာ၊ အဖြူရောင် အ၀တ်အစားများသည်လည်း နိုင်ငံတော်အလံအရောင်အစိတ်အပိုင်းဖြစ်သောကြောင့် ၀တ်ဆင်ခြင်း တားမြစ်သည်) ၀တ်ဆင်ခွင့်မပြု။

ပုံ/ ငပေါများဂေဟာ ပြန်ကြားရေးဝန်ကြီးဌာန

2 comments:

    On 20 April 2009 at 01:59 Anonymous said...

    ကြောက်စရာကြီးတွေပဲ သင်္ကြန်က ပြီးပြီးနော် ရေခဲတုံးနဲ့ ပစ်တယ် ချမ်းရဲကိုး) ဖမ်းပေါ့မကြောက်ဘူး ။

     

    နေပါဦး ဒီသကြန်က မပြီးတော့ဘူးလားဟ

     

Blogger Templates by Blog Forum