ဘာရေးရမှန်းမသိတာနဲ့ မောင်ဖိုးဂျယ် တက်ခ်ထားတဲ့ ဒုတိယအကြိမ်ပုံနှိပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တင်လိုက်ပါတယ် ။

ကျွန်တော်ရေးထားတဲ့ ပို့စ်တွေ နည်းနေသေးတော့ ကျွန်တော့်ကို သိတဲ့လူ နည်းသလို ကျွန်တော့်ပို့စ်တွေကိုလည်း ကျွန်တော်နဲ့ခင်မင်တဲ့ ဘလော့ဂ်ဂါအနည်းငယ်က လွဲလို့ ဘယ်သူမှမဖတ်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးချင်တာ၊ စိတ်ထဲရှိတာတွေ ချရေးလိုက်ရတော့ စိတ်ပေါ့ပါးသွားတယ်လို့ခံစားမိတယ်။ အဲဒါကြောင့်လည်း စာဆက်ရေးဖြစ်နေတာ။
တချို့ကိုယ်တိုင်ရေးထားတဲ့စာတွေကို ကိုယ့်အီးမေးလ်မှာ ဖော်ဝက်မေးလ်အဖြစ် ပြန်ဖတ်ရတဲ့အခါလည်း "သြော်..ငါရေးထားတာလေးတွေ အသိအမှတ်တော့ ပြုခံရသားပဲလို့" ကြည်နူးမိပါတယ်။

တခါတလေ ကိုယ်ရေးချင်တဲ့အမြင်နဲ့ စာဖတ်သူအမြင်မတူတဲ့အခါ အထင်လွဲခံရပြီး ပြဿနာတာတွေရှိပါတယ်။ ဒီလိုပဲ ကိုယ်က ကောင်းလှချည်ရဲ့လို့ ထင်ထားတဲ့ ပို့စ်တွေကို တစ်ယောက်မှမကြိုက်တာလည်း ရှိဖူးပါတယ်။ ဘာမဟုတ်တဲ့ အတွေးနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကျတော့ ဟိုးလေတကျော်ဖြစ်နေပါရော။ ကဲလေ ထားပါတော့..

ဖိုးဂျယ်ခိုင်းတဲ့အတိုင်း ဒုတိယအကြိမ်ပုံနှိပ်ရမယ်ဆိုရင် လူသိပ်မသိခဲ့တဲ့ ကျွန်တော့်ရဲ့ ကြက်ဥကြော်နည်းပါဝင်တဲ့ စား စား စားကြမယ်ဟေ့ ကောင်းကောင်း ဆိုတဲ့ ပို့စ်ကို ဖတ်ကြည့်စေချင်ပါတယ်။

0 comments:

Blogger Templates by Blog Forum