1:48 PM

ကိုဗီလိန်နဲ့ ချက်ရင်း ခံစားချက်တွေပွင့်အံချလိုက်တာ..ခံစားကြည့်ကြပါဗျာ :(

me
: ဒီမှာ ဗီလိန်
မနေ့ကကောင်မလေးနဲ့တွေ့လိုက်တယ်
ဗီလိန်: ခင်ဗျာ
ဟုတ်ကဲ့
me: ခင်ဗျားကြီးတော်တော်မျက်နှာများပါလား
ဗီလိန်: အန်
me: ဒါနဲ့ဆိုသုံးယောက်တောင်ရှိပြီ
ဗီလိန်: ဖြစ်ရပြန်ပြီ။
me: တိုင်ပြောအုံးမယ်
ဗီလိန်: အံမလေး
မဟုတ်ရပါလား
me: အင်း..ဘယ်တစ်ယောက်ကိုတိုင်ရမလဲ
ဗီလိန်: အဟင့်
တားတားကို
me: အမွှေးတွေကလည်းအတော်လေးပေါက်လို့
ရိတ်ပါအုံးဗျ
1:49 PM ဗီလိန်: အဟီး
me: အကို့ဟာ အမွှေးတိုင်ထုတ်စားရင်တောင် တော်တော်မြတ်နေလောက်ပီ
ဗီလိန်: အဲလောက်လည်းမဟုတ်ပါူဘကွယ်
me: နောက်တာပါ
1:50 PM တကယ်
အကိုက အာဇာနည်နဲ့ တပုံစံထဲပဲ
စတိုင်ကလည်းမိတော့
ဗီလိန်: အဟား
me: ကျွန်တော်တောင် ကြိုက်ချင်သလိုလို
အဲလေ
:D
ဗီလိန်: ကြိုက်ပေါ့
ညကျ လာခဲ့
me: အကိုသီချင်းတွေဘာတွေမဆိုဘူးလား
ဗီလိန်:း)
me: စိတ်ညစ်တယ်
စိတ်ညစ်တယ်
အင်း
ဟုတ်ဘူးပျော်တယ်
ဗီလိန်: အဟိ
1:51 PM me: ဟေလာမောင်ရိုးဝါး
ဗီလိန်: ခဏလေး
1:55 PM me: ကို အာကြီး
1:56 PM ဒို့ကိုထားခဲ့ပြီလားကိုအာ
ဗီလိန်: အဟိ
ရပြီ
မထားခဲ့ပါဘူး
me: ကိုအာ ဘယ်အပျိုကညာကို အာနေပြန်ပီတုန်း
တော်ပီ
မိန်းမတွေကိုစိတ်ကိုတယ်
ယောက်ျားတွေပဲကြိုက်မယ်
1:57 PM ဗီလိန်: ယောက်ျားတွေကို စိတ်ဝင်စားပေါ့
1:59 PM ကောင်းတယ်
ငါ့ကြိုက်လား
ဟိဟိ
ပြောပါဦး
ဘာတွေ ဖြစ်လို့လဲ
2:00 PM me: ပြောရရင် အကိုသောကမျက်ရည်ကျသွားမယ်
2:01 PM မပြောချင်တော့ပါဘူး
ပီးတာလည်းပီးပါစေတော့
အဟိ
ဗီလိန်: ကျပစေ
ပြောပြ
me: အဲလေ
အဟင့်
ဗီလိန်: ပြောချင်ပါကွာ
me: မပြောဘူးးးးးးးးး
သတ်ချင်သတ်လိုက်
ဗီလိန်: အဲလိုပဲ
ပြောပါ
ငါ့ကို ချစ်တယ်ဆို
me: ဟောဒီလည်းပင်းကြီးကိုဖြတ်ချင်ဖြတ်ပလိုက်ပါ
ဗီလိန်: ငါနဲ့ ချစ်တော့မယ်ဆို အဟောင်းတွေတော့ ပြောပြထားပေါ့
ညကျမှ ပြောမှာလား
2:02 PM အခန်းရှင်းထားလိုက်မယ်
me: ရည်းစားဟောင်းဇာတ်လမ်းပြောပြီး ရည်းစားသစ်ရှာတဲ့လူတွေထဲမှာ ကျွန်တော်ပါဘူးဆိုတာသိ!!
ဗီလိန်: နော်
ငါ့ကို ချစ်ဘူးလား
နင်ပဲ ချစ်တယ်ဆို
me: ချစ်ပါဘူး
ချစ်စရာလား
ဗီလိန်: ချစ်ပါကွာ
me: ကိုအာကြီးမကလို့ ဂျိုကာကြီးပဲဖြစ်ပါစေ
ချစ်ဘူး
2:03 PM ဗီလိန်: ငါ့ကိုတော့ ချစ်ပါကွာ
me: လူဆိုးကြီး
ဗီလိန်ကြီး
အချစ်ဆိုတဲ့စကားကို ခင်ဗျားကြီးနှုတ်ကမဟမိစေနဲ့
စိတ်နာတယ်
2:04 PM စိတ်ကိုဆေးလူးရမယ်
ပေးစမ်းပရုပ်ဆီ
ဗီလိန်: ဟုတ်
နောက်ဆို ပြောတော့ပါဘူးဗျ။
ရော့ အင့်
မဟာဘန်းပဲရှိတယ်
ဒိတ်တော့ လွန်နေပြီ
me: လူးမယ် ကဲဟာ..ဗလပ်ဗလပ်
ရတယ်
ကျွန်တော့်အနာလည်းဒိတ်လွန်နေပြီ
ဒိတ်လွန်တာချင်းတွေ့တော့ ကောင်းတယ်
ဗီလိန်: ဒါဆိုအတော်ပဲ
အင်းပေါ့
2:05 PM me: အားး
ပူတယ်ဗျ
ဗီလိန်: ဘာဒုန်း
ပူလား
မှုတ်ပေးမယ်။
me: ပူပူလေးနဲ့ကောင်းတာဟာ..ပူပူလေးနဲ့ကောင်းတာ
ဗိုက်ကြီးသည်
အဲလေ
အာ
ဗီလိန်: ဖလူးဖလူး......
me: စတော့ပ်
ရှပ်အပ်
ဗီလိန်: ဟောက်စ်
me: အင်္ကျီကို အပေါ်တင်
ဟုတ်ပါဘူး
ဗီလိန်: ဟုတ်
me: ရှုပ်ကုန်ပြီ
ဗီလိန်: ဂိန်
me: တော်ဗျာ
ဘာမှမပြောနဲ့
ဗီလိန်: တော်ဘီ
2:06 PM ဟောက်စ်
me: ခင်ဗျာကြီး
ဗီလိန်: ခင်ဗျ
me: အော်
ငါ့ရည်းစားငါ့ရည်းစား
ငါ့အနီးအနားမှာမရှိတော့လည်း..
ပြီးတာလည်းပြီးပါစေတော့လေ
တကယ်တော့..တကယ်ချစ်တတ်သူတွေဟာ
နွယ်ရစ်ပတ်သလိုအကြင်နာတေးထပ်နဲ့
အတေးအမှတ်ဆိုတာဗလာ
2:07 PM ပေးဆပ်ဖို့သာရှာမှီးရင်
နာကျည်းခြင်းဆို စာလုံးတောင်မပေါင်းတတ်ကြပါဘူး
သူရူးတို့ရဲ့အလင်္ကာတဲ့ကွယ်
ဗီလိန်: အင်း
ဟောက်စ်
me: ကိုဟယ်ရီရဲ့ ကဗျာတပုဒ်
ဗီလိန်: သိပါဘူး
သူ့ဟာလားလို့
me: ခုတော့ ငါ့ကို လျှာထုတ်လို့သရော်နေသလားကွယ်
အဟင့်
2:08 PM အားးးးးးးးးးးးးးးးးးးးးးး
ကဲဟာ
ခွပ်
ဗီလိန်: မသရော်ပါဘူးဗျာ။။။။။။။။။။
အား.....
me: နံရံကိုလက်သီးနဲ့ထိုးမိတယ်
ဗီလိန်: တားတားကို ထိုးတယ်
အန်
နံရံကို ထိုးတာလား
သိဘူးလေ
me: ခင်ဗျားကြီးတော်တော် ပေါက်ကရပြောပြီး ပေါပါလားဟင်
ဒီမှာအသဲကွဲနေတာကို
ဗီလိန်: အင်းပါ
me: ဆီးသီးရပ်စမ်းဘာ
ဗီလိန်: မကွဲနဲ့တော့
2:09 PM နော်
ပြန်ဆက်ပေးမယ်
me: တမင်ပျော်အောင်ဖန်တီးယူရတာ
အော်
ဗီလိန်: အသည်းကွဲသော် ဆင်ကော်နှင့် ကပ် တဲ့
me: တော်
ဆင်ကော်လဲကပ်မရတော့ဘူးဗျာ
အခုဟာ
2:10 PM ဗီလိန်: အင်း
me: အစိပ်စိပ်အမွှာအမွှာ
အစရှာမရအောင်ဖြစ်နေတာ
ဗီလိန်: အင်း
အုန်းရည်နဲ့ ပက်လိုက်
me: နာကျည်းခြင်းကို ဘုရားမှာပန်းလိုကပ်လှူပြီးဆုတောင်းမိပါရဲ့
ဗီလိန်: အဲ.. အရိုးမှ မဟုတ်တာ မရလောက်ဘူးနော်
me: ဘ၀အဆက်ဆက်ငါ့ကိုငါသဲလွန်စရှာမရအောင် အတိတ်မေ့စေတတီး
အောင်ရင်ငြိမ်းရဲ့ အသဲကွဲကဗျာ
2:11 PM ခုတော့ ငါ့ကို ရည်ညွှန်းနေရော့လား
ဗီလိန်: ဟုတ်
me: အောင်မငီးဟဲ့!!!!!!!!!!
ပုရွက်စိတ်ကိုက်တယ်
ပုရွက်စိတ်ကိုက်တာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်ဆိုရင်တော့ ဘ၀ပျက်သွားစေနိုင်တာပဲလေ
2:12 PM မင်းခိုက်စိုးစန်ရဲ့ စာသား
ဗီလိန်: ဟုတ်
me: ငါ့နှာဖျားကိုထိုးလိုက်တယ် လက်သီးတစ်ချက်လိုပဲ
နာကျင်လှတယ်ဗျ
ဒီမာ
ခင်ဗျာကြီး
တဟုတ်ဟုတ်နဲ့
ရွဲ့တာလား
ဗီလိန်: ဗျာ
မဟုတ်ပါဘူး
me: ခနဲ့တာလား
ဗီလိန်: မရွဲ့ပါဘူး
me: မဲ့တာလား
ဗီလိန်: နားထောင်နေတယ်
me: ဖဲ့တာလား
ဗီလိန်: မခနဲ့ရပါဘူး
မဖဲ့ရပါဘူး
2:13 PM me: ဒါတွေ အကိုမခံစားတတ်ပါဘူးဗျာ
အော်..
ဗီလိန်: အာကွာ
မဟုတ်တာ
တကယ်နားထောင်နေတာပါ
me: ငါ့ရဲ့ ရသင့်ရထိုက်သမျှအရာအားလုံးမင်းယူ
မချစ်ရသေးတဲ့နှလုံးသားတစ်စံချစ်ခဲ့တယ်ဆိုလည်း
အဲဒါကို မင်းပဲယူ
နောက်ယောက်ျားကိုလဲမင်းပဲယူ
အဲလေ..
2:14 PM ငါ့ကို ဦးညွတ်ဂုဏ်ပြုမယ့်တစုံတယောက်ရဲ့ဦးခေါင်းကိုလဲ
မင်းပဲ ပွတ်သပ်
မင်းပဲမြင့်မြတ်နိုင်ပါစေ
အဲဒီ လက်ဆောင်တွေဟာ
တစ်စုံတစ်ရာတန်ဖိုးမနည်းဘူးဆိုတာတော့ နားလည်ပါ
2:15 PM ဗီလိန်: ဟုတ်ကဲ့
သူ့ကိုရောပြောပြီးပြီလား
သူ့ကို သေချာပြောလေ
me: ပိုင်စိုးဝေရဲ့အရေးအသား
ဗီလိန်: အင်း
me: ငါ့အသွေးအသားကို မီးလိုမြှိုက်နေပါရော့လား
အောင်မငီးးးပူတယ်
ပူတယ်
2:16 PM ဗိုက်
ဘီယာသောက်တာများတာကိုး
ဒါကလဲ အသဲကွဲတာလေ
ဗီလိန်: အင်းပေါ့ 
အမှန်ပဲ
me: အကြည်တော်လို တွမ်တီဖိုးအာဝါ အသဲကွဲ ဆိုပြီးရေးလိုက်ရင်
တကဘာလုံး
2:17 PM ဘတ်စဲလာတင်လောက်ပါတယ်
အော်
ငါ့ရင်တွင်းက အုံ့ပုံးမီးများ
ဘယ်သူကြားနိုင်ရော့မလဲနော်
တခါက.. အရမ်းကဲတဲ့ ချမ်းရဲရဲ့ပို့စ်မှာ
2:18 PM ဒါဟာငါ့ရည်းစားလို့ ဟစ်ကျွေး ငါ့အချစ်လေးလို့ ဂုဏ်ယူ
ဗီလိန်: အင်း
me: လူမတူအောင်ကြွားလုံးထုတ်ခဲ့တာ
2:19 PM ခုတော့ ငါ့ဘ၀ကြီး သကြားလုံးစုပ်ခံရသလို
လုံးပါးပါးပြီးဗျ
တခါက ရေးစရာမရှိတဲ့
ဗီလိန်: အင်း
me: ချစ်သူအကြောင်းပဲဖွဲ့ဆို တကယ့်ကို ချစ်ခဲ့ရတာ
2:20 PM ခုတော့လည်းအရာရာဟာဝိုးတ၀ါးနဲ့ သူခိုးအခိုးခံလိုက်ရသလိုကုန်ပြီ
ကုန်ပြီအကိုရဲ့
သိရဲ့လား
ဘာဖြစ်လဲပြောပါအုံး...
ဗီလိန်: အင်း သိတယ်
ဘာဖြစ်လဲ???
ဘာမှ မဖြစ်ပါဘူး
me: ဗီလိန်အသံဖြင့်.."ကုန်ပြီ"
အင်း
ဟုတ်တယ်အကို
ဗီလိန်: မကုန်ပါဘူး
2:21 PM me: အချစ်ဆိုတာကလေးယူးခြင်းမှမဟုတ်ဘဲ မလိစန္ဒာ
မိန်းမဆို နင်မှတပါး
အခြားဘယ်သူမျမချစ်ခဲ့ပါဘူး
ဗီလိန်: အင်းပေါ့
ဒါမှန်တယ်
me: မေခလာနတ်သမီး ၀တ်လစ်စလစ်နဲ့ တိုင်ပတ်ကပြတောင်
ထိုင်လျှက်မထဘဲ မင်းအနားကတဖ၀ါးမခွားနေချင်တာ
2:23 PM ဗီလိန်: အင်းဒါလေးလည်း ဟုတ်နေတာပဲ
ဘာကြောင့်များ.....................
me: ဒီမှာ
ခင်ဗျား
ဖော်လိုလိုက်နေတာလား
ဗီလိန်: မလိုက်ပါဘူး
မေးတာတော့ မဖြေပဲနဲ့
me: ဖော်လိုလိုက်စရာမလိုပါဘူးကိုအာကြီးရာ
ခင်ဗျားကြီး နားညီးတယ်သာပြောလိုက်
2:24 PM ကျွန်တော်
မနှောင့်ယှက်ဘဲ
ထွက်သွားပါမယ်
တခွန်းမငြီးပဲ
ဗီလိန်: မဟုတ်ရပါဘူး ကွယ်
me: အင်း..ဟင်းးးဟင်းး ဆိုပြီး ထွက်သွားပါ့မယ်
ဗီလိန်: လက်ပွန်းတတီးကို နားထောင်ချင်တာပါ
me: ရင်ထဲက ဒဏ်ရာ ဘယ်သူကမြင်နိုင်မှာတုန်း
2:25 PM တကယ်တော့ မိန်းကလေးတစ်ယောက်၇ဲ့အချစ်ဆိုတာ
ထီလက်မှတ်လိုပဲတဲ့
မင်းလူရဲ့စာသားလေပါ
ဗီလိန်: ဒီတစ်သက် ပိုပဲပေါ့
me: ထီမထွက်ခင်ကသာ
ဗီလိန်: ရီမတတ်ပျော်ရတာ
2:26 PM me: မျှော်လင့်တကြီးနဲ့ စောင့်စားမျှော်လင့်ယုံကြည်
အိပ်မက်မက်နေခဲ့တာ
နောက်ဆုံးတော့လည်း ကိုယ့်အတွက်မဟုတ်
ဘာမှအသုံးမကျတဲ့ စာရွက်တရွက်ပဲ
ဝင်ဝင်မနှောက်နဲ့ဗျာ
ဗီလိန်: တစ်ခုခုတော့ သုံးရမှာပါ
စာရွက်ဆိုမှတော့
me: အတည်ပြောနေတာ
2:27 PM ဗီလိန်: အင်းလေ
အတည်ပဲပြောနေတာ
me: တော်
ဗီလိန်: မဟုတ်ဘူးလား
me: မဟုတ်တာပေါက်ကရ
အဓိပါယ်သုညစကားတွေမပြောပါနဲ့ဗျာ
ခံစားနေရတာ
လှံဖျားနဲ့ အသဲကိုစိုက်သလိုပဲ
2:28 PM ဗီလိန်: မာန်များနဲ့ ရဲကာ တိုက်လိုက်ပေါ့
2:29 PM me: ဒါပေမယ့် သူမရဲ့ အသံကြားကတဲက အမြဲငါမိုက်နေမိတာ
အော်
အချစ်အချစ်
အပေါ်ယံတွေခုံမင်သူတွေကိုမုန်းတယ်
စိတ်ကစားတဲ့မိန်းမကိုမုန်းတယ်
သစ္စာမရှိသူကိုမုန်းတယ်
ဗီလိန်: ကြိတ်ထားတဲ့ မိန်းမတွေလည်း မုန်း
me: အများကြီးချစ်ဖို့မလိုဘူး
ဗီလိန်: မေတ္တာနည်းသူလည်းမုန်းပေါ့
me: နဲနဲလေးချစ်ရင်လုံလောက်ပြီ
ငါတစ်ယောက်ထဲကိုပေါ့
ဗီလိန်: ရဲရဲလေးလည်း ချစ်ဖို့လိုတာပေါ့
me: တော်ဗျာ
2:30 PM ဗီလိန်: အာ
me: ခင်ဗျားကြီးအနားမှာရှိရင် ကျွန်တော့်လက်သီးစာမိပြီး
ဗီလိန်: မနောက်ပါဘူး
me: ရင်ဖွင့်နေတာကို
ဗီလိန်: မရွဲ့ပါဘူး
အင်း လေ
me: ကောင်းကောင်းနားထောင်မှပေါ့ဗျ
ဗီလိန်: အမှန်ပဲပြောနေတာ
အင်း
ဟုတ်ပြီ
နားထောင်မယ်
မပြောတော့ဘူး
me: ဒီလို ခံစားချက်တွေပွင့်အံထားတဲ့ ဒိုင်ယာလော့တွေ
ဗီလိန်: ဆက်ပြော
အင်း
me: ဘယ်ဝတ္ထုဆရာမှမရေးနိုင်သေးဘူး
အင်း
ဗီလိန်: အင်း
2:31 PM me: ခင်ဗျားကြီးတော်တော်လေးကိုကံကောင်းတာ
လိုက်မှတ် လိုက်မှတ်
အော်...
2:32 PM (ဘာပြောရမလဲစဉ်းစားလျှက် ငေးမောရင်အပြင်ကိုကြည့်...ခြင်လာကိုက်သောကြောင့်ဖျတ်ကနဲ ရိုက်..အားခနဲအော်ပြီးနောက်)
ဗီလိန်: အင်း
me: အချစ်ဆိုတာတကယ်တော့
ချက်လက်မှတ်တစ်စောင်တဲ့
2:33 PM ကြားဖူးတာလေးပြောပါတယ်..ဒကာကြီးတော့လည်းသိမှာပေါ့
ဗီလိန်: အင်း
me: ချက်လက်မှတ်ဆိုတာ... ဒီအတိုင်းဆို စက္ကူလွတ်တရွက်
ဗီလိန်: ကြားဖူးတယ်
me: ကိုယ်တန်ဖိုးရေးသလောက်
တန်ဖိုးရှိတာကောဗျ
အိမ်းဒီတော့ကာ
ကျွန်တော်ရေးလိုက်တဲ့ချက်လက်မှတ်တန်ဖိုးက
ဗီလိန်: အင်း
me: ကျွန်တော်ဘ၀တခုလုံးဖြစ်နေတယ်
ဗီလိန်: တကယ်တော့
me: အဲတော့ခက်ရောမဟုတ်လား
2:34 PM ဗီလိန်: ငါ့ ဒဿနနော်
me: (လိုက်တော့ဖော်လို)
ဗီလိန်: နောက်တယ်မထင်နဲ့
me: အမ်
ဘာတုန်း
ဗီလိန်: အချစ်ဆိုတာ
me: မင်းလူထဲကဟာပါဆို
ဟုတ်လို့လား
ဗီလိန်: စက္ကူတစ်ရွက်နဲ့ မင်းက ခိုင်းတော့
me: တော်ပီ
မင်းလူမပြောတော့ဘူး
ဗီလိန်: အချစ်ဆိုတာ အီးကုန်းစက္ကူတစ်ရွက်လိုပါပဲ
မကုန်းခင်ကတော့ ဖြူဖြူစင်စင်လေး
ကုန်းပြီးတော့ ပေသွားရေ
me: အိ...
ဗီလိန်: ဒီလိုပဲ
2:35 PM me: ပေါက်ကရ
ကျွန်တော်က အဲလိုစက္ကူဆိုရင်တောင်
ဗီလိန်: အချစ်ဆိုတာလည်း မချစ်ခင်က အပြစ်တွေမမြင်ဘူး
me: အီးကုန်းမယ့်လူမဟုတ်ပါဘူးဗျာ
တကယ်တော့ ကျွန်တော်တို့ ၂ယောက်ဘ၀ဟာ
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ တစ်ရှူးပေပါလိုပဲဗျ
အချစ်တွေ ယစ်မူးဝေဖြာခဲ့တာ
2:36 PM အခုတော့ မဖြစ်စဖူးဝေဒနာတွေခံစားရပီ
ဘယ်သွား၂ ဘယ်လာ၂ အတူရှိခဲ့တာ
အတူနေ
အတူသွားခဲ့ကြတာတွေ
မေ့နိုင်မှာလား...
မင်းနဲ့ငါနဲ့ ငယ်ငယ်တုးန်ကလေ~
2:37 PM သူ့အတွက်လို့
နှမြောတယ်
ငါ့အချစ်
ငါ့မျှော်လိင့်ချက်တွေကို
သူ့အတွက်လို့ ရည်ရွယ်ပြီါ် ဖန်တီါ်ထားခဲ့တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း
အခုတော့ အားလုံးအမြင်မှာ ငါပဲ အရိုင်းအဆိုင်းထင်နေမှာပေါ့

5 comments:

    ဒသနတွေ စုစည်းတင်ပြထားတာပါလားးး ချမ်းရဲရေ..
    အသဲကွဲနေရင် ဗီလိန်ကိုသာ အစားထိုးလိုက်တော့၊ သူ့ခမျှာ အဖြည့်ခံဖြစ်ချင်ပုံရတယ်။ အတင်း အိမ်ခေါ်နေတယ်း)

    ဒါနဲ့ ဗီလိန်ကတော့ တကယ် အာဇာနည်နဲ့တူတယ်။

    နွေးနေခြည်

     

    ရင်ဖွင့်တာတောင် ကောင်းကောင်း မဖွင့်ဘူး။ :D

     

    အန်...တော်တော်တော့
    ဂေါင်းစားသွားတယ်...
    ဖြစ်နိုင်တယ်...အချစ်မရှိတဲ့ကျုပ်အတွက်တော့
    ဘယ်နားလည်ပါ့မလဲဗျာ :P

     

    တော်တ်ေလေး ရယ်ရတယ်...

     

    အော် ချမ်းရဲ သူများအသဲကွဲတော့ ဆင်ကော်နှင့်ကပ်သလေးဘာလေးနဲ့ ခုတော့ သူကွဲတော့ အုန်းရည်လည်းမနိုင်တော့ပါလားနော်.....
    ဟဟဟဟဟဟဟဟ

     

Blogger Templates by Blog Forum