ညနေ(၄)နာရီကျော်ပြီမို့ ကျွန်တော်တို့စာနယ်ဖျင်းအဖွဲ့သည် ဦးချမ်းရဲ၏ နေအိမ်ရှိရာ စင်ကာပူနိုင်ငံတိုးဖားရိုးရှိ ခန်းနားထည်ဝါသော ၅ထပ်တိုက်ကြီးသို့ ထွက်လာခဲ့ကြသည်။ ကျွန်တော်နှင့်အတူ အသံဖမ်းရန် ကိုဗီနှင့် ဓာတ်ပုံမှတ်တမ်းတင်ရန် ကင်မရာဆရာ မတူးလည်း လိုက်ပါလာခဲ့သည်။ အနုပညာတွင် ဘက်စုံထူးချွန်သူ ၀ါရင့် အနုပညာရှင် ဦးချမ်းရဲထံသို့ အင်တာဗျူးလာခဲ့ကြခြင်းဖြစ်သည် ။

ခြံကြီးတွင်းသို့သို့ ၀င်လိုက်သည်နှင့် သူကိုယ်တိုင် ဖန်းတီးထားသော ပန်းဆယ်မျိုး အနုပညာမျိုးစုံကို ကျွန်တော်တို့ စတင်တွေ့ရ၏။ ရေပန်း၊ မီးပန်း၊ ဂေါ်ဖီပန်း၊ ခွေးသေးပန်း စသည်တို့ အပြင် ပန်းပေါင်းများစွားစိုက်ပျိုးထားသော ခြံကြီးဖြစ်၏။ ဦးချမ်းရဲက သူ့အိမ်ပတ်ဝန်းကျင်ကို လိုက်လံရှင်းပြသည်။ ကိုဗီက ရှင်းပြသမျှကို ရီကော့ဒ် လုပ်ပြီး မတူးက ဓာတ်ပုံရိုက်မှတ်တမ်းတင်သည်။

အိမ်ရှေ့ဧည့်ခန်းတွင် ဦးချမ်းရဲ၏ နာမည်ကျော် အနက်ရောင် ၀င်္ကဘာ ပန်းချီးကားကြီးအပါအ၀င် အခြားသော ပန်းချီကားများစွာကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲထားသည်။ ထိုပန်းချီကားဘေးတွင်လည်း စာအုပ်မျိုးစုံတွေ့ရ၏။ အချို့စာအုပ်များမှာ အတော်ပင်ရှေးကျနေပြီဟု ယူဆရလောက်အောင် ဟောင်နွမ်းစုတ်ပြတ်နေပြီဖြစ်သည်။ ထို့ပြင် ဦးချမ်းရဲ၏ ဓာတ်ပုံလက်ရာများလည်းတွေ့ရသည်။ အိမ်နောက်ဖေး မီးဖိုခန်းကိုပင် အနုပညာမျက်စိဖြင့် လက်ရာပြောင်မြောက်အောင် အလှဆင်ထားသည်။ စားပွဲပေါ်တွင် ငရုပ်ကျည်ပွေ့ကို ကဗျာဆန်ဆန်မှောက်၍ထားသည်။ ကိုယ်တိုင် ရွှံ့စေးမြေဖြင့်ပြုလုပ်ထားသော အိုးခွက် အသေးလေးများကိုလည်း တွေ့ရသည်။ ရှေးဟောင်းအလွန်ကျသည်ဟု ထင်ရသော တရုတ်ပြည်ဆေးရေး ပန်းကန်းပြားတစ်ချပ်ကိုလည်းတွေ့ရသည်။ ထိုပန်းကန်ပြားပေါ်တွင် တခါကနာမည်ကြီးဟင်းလျာဖြစ်သော ကြော်ထားသော ကြက်ဥကြော်ကိုလည်း အနုပညာမြောက်စွာ ခံစားတွေ့ရှိရ၏။

နေအိမ်ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးနောက် ကျွန်တော်တို့ စာနယ်ဇင်အဖွဲ့သားများအား ဦချမ်းရဲက သစ်သီးများဖြင့် ဧည့်ခန်းတွင်ဧည့်ခံသည်။

" အခုလို ဧည့်ခံတာ ကျေးဇူးတင်ပါတယ် ဆရာကြီး ။ သစ်သီးတွေက သိပ်မချိုဘူးနော် ကျွန်တော်တို့ရှေးဘိုးဘွားတွေရဲ့ အယူအရပြောရရင် မင်းဆိုးမင်းညံ့အုပ်စိုးတဲ့တိုင်းပြည်ဆို သစ်သီးတွေမချိုဘူးလို့ ကြားဘူးတယ်ဆရာကြီး" သူများတိုင်းပြည်ကို နှိမ်လိုသောသဘောဖြင့် စကားစမိသည်။

"ဒါ ငါမြန်မာပြည်သွားတုန်းက ၀ယ်လာတာတွေကွ"

"အမ်!..." ဆက်ပြောရင်နိုင်ငံရေးပါလာတော့မည်ဟု တွေးပြီး မတူးက စကားလမ်းကြောင်းလွှဲသည်။

"ဟို နံရံမှာချိတ်ထားတဲ့ ပန်းချီကားတွေက တော်တော်လက်ရာမြောက်တာပဲ ဆရာကြီး ... ဆရာကြီး ကိုယ်တိုင်ဆွဲတာလား"

"ဒါပေါ့ အနက်ရောင်ဝင်္ကဘာကတော့.. လူတိုင်းသိပြီးသား ပန်းချီကားတစ်ချပ်ပေါ့.. ကျန်တာတွေကတော့ တချို့လူတွေမသိသေးဘူးထင်တယ်"

" ဟုတ်တယ်ဆရာ.. ဟိုး..နံရံထောင့်နားက ပန်းချီကားဆို တကယ့်ကိုအသက်ဝင်သဘာဝကျတယ်ရှုခင်းပဲ"

" ဟေ..ဘယ်မတုန်းဟ"

" ဟိုနားမှာလေ" သေချာလက်ညှိုးညွှန်ပြမှ..

" ဟာ! အဲဒါ ပြတင်းပေါက် ဘောင်ကြီးဟာကို သဘာဝကျမှာပေါ့ ငါလချီးတဲ့မှပဲ။ ဘယ်လို အင်တာဗျူးတွေမှန်းမသိဘူး"

ဆရာကြီးစိတ်ဆိုးနေတာသိသောကြောင့် ကျွန်တော်ကိုယ်တိုင် ၀င်ပါမှရတော့မည် ။ တခါတရံ အခုလို အပြောအဆိုမတတ်သူတွေကြောင့် ကျွန်တော် မျက်နှာပျက်ရပေါင်းမနည်းတော့။

" မတူးကလည်းလေ..ဆရာကြီးပန်းချီကားတွေ သဘာဝကျတာလည်းကျတာပေါ့... ပြတင်းပေါက်နဲ့တောင်မှားရတယ်လို့..ငှင်း..ငှင်း..ငှင်း" ဆရာကြီးကျေနပ်အောင်ဖားရသည်။

" ဆရာကြီး..ဟိုနားက.. ကိုရင်လေးတွေရဲ့ နောက်ပိုင်းပန်းချီကားက တစ်မျိုးဆန်းတယ်နော်... ဘယ်လိုကြောင့် ကိုရင်တွေက ဒီဘက်လျှောက်လာတဲ့ပုံမျိုး မဆွဲဘဲ.. ဆန့်ကျင်ဘက်ထွက်သွားပုံကို ဆွဲတာပါလဲ ဆရာကြီး " လက်ညှိုးညွှန်ပြရင်း ဆရာကြီးကို ကျွန်တော်မေးတော့ သကောင့်မသား ငဗီက အလိုက်မသိဘဲ ၀င်ထောက်ပြန်၏။

"ဒီဘက်မှာ စစ်တပ်တွေရှိလို့ဖြစ်မယ်ထင်တယ်" မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့်

" အာ..ဘာဆိုင်လို့တုန်း!"

"ဟေ့..ဟေ့.. ငါ့အိမ်ထဲမှာမဟုတ်တာတွေ လာပြောမနေနဲ့ ပတ်ဝန်ကျင်တွေကြားရင် နိုင်ငံရေးသမားအမှတ်နဲ့ ငါ့ကိုပါ လာဖမ်းနေလိမ့်မယ်.. မင်းတို့ ပေါက်ကရပြောမှာလား အင်တာဗျူးမှာလား"

" ပေါက်ကရဗျူး..အဲလေ..အင်..အင်တာဗျူးမှာပါ.."

"အေး..ဒါဆိုလည်းသိချင်တာရှိရင်မေး" လေသံက အရင်လို မပျော့ပြောင်းနိုင်တော့

"ဟုတ်....ဆရာကြီးရဲ့ ဓာတ်ပုံခန်းထဲမှာ ကျွန်တော် အမဲရောင်ချည်းပဲမြင်ရတဲ့ ဓာတ်ပုံကိုတွေ့တယ်..အဲဒါရော အနက်ရောင်ဝင်္ကဘာပန်းချီကားလို လျှို့ဝှက်ချက်များရှိမလားဟင်"

"ဘာလျှို့ဝှက်ချက်မှမရှိဘူး.. အဲဒီဓာတ်ပုံက မြို့ပြစရိုက်ကိုထင်ဟပ်စေတယ်.. နာမည်ကိုက RANGON NIGHT တဲ့ ..... နိုင်ငံတကာ မြို့ပြညအလှ ဓာတ်ပုံပြိုင်ပွဲမှာ မီးဆိုင်းတွေ မီးရောင်စုံတွေတောက်ပနေတဲ့ ဓာတ်ပုံတွေထဲကမှ ငါ့ရဲ့ ဓာတ်ပုံဟာ ရန်ကုန်မြို့ကို သဘာဝကျကျ ဓာတ်ပုံရိုက်နိုင်တယ်ဆိုပြီး ပထမဆုရခဲ့သေးတယ်" ဂုဏ်ယူဝံ့ကြွားသံဖြင့် မိန့်မိန့်ကြီးရှင်းပြသည်။

"ဟာ..ဟုတ်တာပေါ့.. ဓာတ်ပုံက သဘာဝကျလွန်းလို့ မြောင်းနံ့တောင်ရလာသလိုပဲ"
ဆရာကြီးနဲနဲ စိတ်ဆိုးပြေသွားသဖြင့် အားလုံးစိတ်သက်သာရရသည်။

" ဆရာကြီးက လက်မှုပညာလည်းတော်တယ်နော်..အိမ်နောက်ဖေးခန်းမှာ ဆရာကြီးလက်ရာ မြေအိုးမြေခွက်တွေတွေ့ရပါတယ် ဆရာကြီး"

"ဟေ့ကောင်..လာနောက်မနေနဲ့..အဲဒါ ငါ့သမီး ကစားတဲ့ အိုးပုတ်အိုးခွက်တွေ"

"အဲ..အဲဒါကြောင့်ထင်တော့ထင်ပါတယ် နဲနဲသေးနေပါလားလို့..ကဲလေထားပါတော့.." ဧည့်ခန်းတွင်း ဝေ့၀ဲကြည့်လိုက်ပြီး စာအုပ်ပုံဘက်ကြည့်ရင်းပြောသည်။

"ဆရာကြီးရဲ့ စာဖတ်ဝါသနာကတော့ အံ့မခမ်းပဲဗျာ...စာအုပ်တွေ တော်တော် စုဆောင်းထားတာပဲနော်"

" ဒါငါ့သမီးရဲ့ ကျောင်းစာအုပ်အဟောင်းတွေ ပစ်မလို့ လုပ်ထားတာ" ဆရာကြီးက ခပ်ဆတ်ဆတ်လေသံဖြင့်

"အဲ"

"အမြန်စဉ်းစားစမ်း ဘာထပ်ပြောရင်ကောင်းမလဲ" ကိုယ့်ကိုကိုယ်သတိပေးရင်း စိတ်ထဲစဉ်းစာသည် ။ ကိုဗီနှင့် မတူးက တော့ သစ်သီးစားရင်း ဟိုကြည့်ဒီကြည့်လုပ်နေသည် ။ ဗျူးရတာမလွယ်..အလွဲလွဲ ဖြစ်နေတော့ ကြာရင် အရိုက်ခံရနိုင်သည် ။ ရုတ်တရက်သတိရမိသည်။

"ဆ..ဆရာကြီး.. ခုန ကျွန်တော်တို့ တံခါးစေ့ထားတဲ့ အခန်းဝကနေ ဖျတ်ကနဲ မြင်လိုက်တာ ဆရာကြီးထုထားတဲ့ ပန်းပုရုပ်ကြီးလား..လက်ရာက အသက်ဝင်လိုက်တာဆရာရယ် ထမိန်ရင်လျားနဲ့.."

"ဟေ..ဘယ်အခန်းတုန်း"

" အပေါ်ထပ် ထောင့်ဆုံးမှာလေ..သေချာတော့မမြင်မိပါဘူး"

" ဘာ! အဲဒါ မိန်းမကွ...ငါ့မိန်းမ... ထမိန်ရင်လျားလေး.. ဘာလေးလုပ်နေတယ်.... ပြန်...မင်းတို့ အားလုံးအခုပြန်" ဆရာကြီးဒေါသထွက်ပြီး ထရပ်က အတင်းနှင်ထုတ်သည်။ သစ်သီးများကိုလည်းပြန်သိမ်းသည်
မတူးစားနေသော ငှက်ပျောသီးကိုပင် လက်ဖြင့်ဆွဲလုယူလိုက်သည်။ မတူးခများအစားငမ်းနေသောကြောင့် ဘာဖြစ်လိုက်မှန်းမသိလိုက်...။ ကိုက်လက်စ ငှက်ပျောသီး ပါးစပ်တွင် ဆို့လျှက် မျက်လုံးအပြူးသား ကြောင်ကြည့်နေသည် ။

"ကျွန်တော်..ဗူး ဗူး..အဲလေ..ဗျူးစရရှိ"

"တော်! ဗူးစရာလဲမလိုဘူး ဗျူးစရာလဲမလိုဘူး..အူကြောင်ကြောင်ကောင်တွေ ခုပြန်"

ကျွန်တော် အခြေအနေမဟန်မှန်းသိသဖြင့် ကျန်နှစ်ယောက်ကို အတင်းဆွဲခေါ်ကာ ပြန်ရန်ဆုံးဖြတ်လိုက်သည်။

" ဟေ့ကောင် ငဗီ လစ်မယ် .... မတူးလည်း ထတော့.. သွားကြမယ်"

"ဟင့်အင်း..ငှက်ပျောသီး ..ငှက်ပျောသီးစားအုံးမယ်" မတူးက သံယောဇဉ်မပြတ်ဖြစ်နေရှာသည်။

သို့သော် ဆက်နေရန် မသင့်တော်သဖြင့် နှစ်ယောက်လုံးကို ချော့မော့ခေါ်၍ ပြန်ခဲ့ရလေတော့သည်။

4 comments:

    ဟဟဟားးး ဒီတခါဝတ္ထုတိုလေးက တယ်လည်းကောင်းပါလား
    ဒီလိုဥာဏ်မျိုးထွက်တာလေးစားပါတယ် ၀န်ချီး

     

    ဟားဟား။ လုပ်ထားဟ ချမ်းရဲ။

    Your posts always make me laugh.

     

    ငချန်းကတော့လုပ်ချလိုက်ပီ
    ဟ ဟဟ ရယ်လိုက်ရ

     

    ပန်းပုရုပ်ကလေးလှတယ်...

းဝ)

     

Blogger Templates by Blog Forum