(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ
ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။

လေဖြတ်ခံရသောသောလူနာကို ကြိုးဖြင့်ဆွဲ၍ လေမဖြတ်ရာအရပ် (ဂူတွင်းသို့ဖြစ်စေ၊ မြစ် ၊ ချောင်း ၊ ပင်လယ် အစရှိသော ရေထဲသို့ဖြစ်စေ)တွင် သယ်ဆောင်ထားရှိရမည်။

ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို
ပိုဆိုးစေပါသည်။
ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

ထိုသို့ မရွေ့ပြောင်းပါက လေဖြတ်သထက်ဖြတ်ကာ လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။

(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃) ရွှေ့ပြောင်းပြီးနောက် လူနာကို သွေးလည်ပတ်မှုကောင်းအောင် ခြေထောက်မှကြိုးဖြင့်ချည်ပြီး သစ်ပင်ကိုင်းတွင် ဇောက်ထိုးတွဲလဲ ချိတ်ဆွဲထားရမည်။
လူနာရုန်းကန်ပါက ဘေးမှလူတစ်ဦးက ချုပ်နှောင်ဖမ်းဆီးထားပါ။ ထို့နောက် သံချေးတပ်နေသော သံမှိုဖြင့်
ရင်ဘတ်ကို ဒူးရင်းသီးလုံးခန့် သွေးတစ်ဂါလံစီထွက်လာအောင် ဖောက်ပေးပါ။
ဖောက်ပေးရုံမျှဖြင့် သွေးမထွက်လာပါက လက်ဖြင့်ညစ်ထုပ်ပေးပါ။ ထိုသို့သွေးထွက်ပြီး မိနစ်အနည်းငယ်အကြာ
လူနာ အသက်ထွက်သွားပါလိမ့်မည်။

(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့်
ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

လူနာမျက်စိမှိတ်သွားပါက လူနာ၏ မျက်စိနှစ်လုံးကို နီလာသည်အထိ ပရုပ်ဆီဖြင့်ပွတ်သပ်ပေးပါ။
နီလာပါက မျက်ခွံအထက် မျက်ခုံးမွှေးရှိသည့်နေရာတွင် တစ်ဖက်လျှင် နှစ်ပေါက်ဆီဖောက်ပေးပါ။ သွေးနှစ်စက်စီထွက်လာပြီး မျက်ခွံနှစ်ဖက်ကို ထိုအပေါက်တွင် ချိတ်အပ်များဖြင့်ဖြင့်ဆွဲချည်ထားခြင်းဖြင့် လူနာမျက်လုံးပြန်ပွင့်လာလိမ့်မည် ။

(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း
(၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

ထိုအခြေအနေရောက်သည်အထိ လက်ဆော့ပြီးမှ သချိုင်္င်းကုန်းသို့ခေါ်သွားစေလိုပါသည်။
ထိုသို့လုပ်မှာသာ (၁) အကြောသေခြင်း (၂) ကိုယ်တစ်ခြမ်းသေခြင်း (၃) ခြေလက်လှုပ်မရခြင်း (၄)စကားပြောမရခြင်း တို့ဖြစ်ပြီး လူနာအသက်ထွက်သွားနိုင်နိုင်မည်ဖြစ်သည်။

လက်တွေ. အသက်ပျောက်ကင်းစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ
ကင်းဝေးစေရန်အတွက် ကုသိုလ်ပြုလိုက်ပါသည်။
ငရဲပြည်မှပေးပို.သော ငရဲရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။


leiwaimon ဘလော့ဂ်မှ မှီငြမ်းလက်ဆော့သည်။

ပုံ/ ပေါက်ကရအထူးကု ချမ်းရဲ

(အမှားပါက ငယ်ရွယ်နုပျိုချောမောသူမို့ ခွင့်လွှတ်ပါရန်)

2 comments:

    ဟားဟား။ ကောင်းလိုက်တဲ့နည်း။ :D

     

    ဟဟားးဟားးး ရီလိုက်ရတာ.. :D

     

Blogger Templates by Blog Forum