ပျင်းပျင်းရှိတာနဲ့ စိမ်း ဆိုတဲ့ အန်တီကြီးတစ်ယောက်ရဲ့ ဘလော့ဂ်ကို ရှာဖွေ စပ်စုကြည့်လိုက်တော့ သူ တင်ထားတဲ့ သူငယ်ချင်း လင့်ခ်လေးတွေ ကြည့်ပြီး ကျွန်တော်မျက်လုံးပြူးမိသွား တယ်... ။
တွေးကြည့်ပြီး ရယ်ချင်စရာကောင်းတာကိုး....


ရုတ်တရက် ဖတ်ပြီး ကြောင်သွားတယ်..အဆိပ်ခွက်ကို အဖွားမေ့မွေ့နေ့အမှတ်တရ လက်ဆောင်အနေနဲ့ ပေးလိုက်တာလား ဘာလားပေါ့..။ ဘာများ မကျေမနပ်တာတွေရှိပါလိမ့်ဆိုပြီး လင့်ခ်ကို ကလစ်ကြည့်လိုက်မှ အော်... အဆိပ်ခွက် ဆိုတာ ဘလော့နာမည် အဖွားမေ့အတွက် အမှတ်တရ..မွေးနေ့ ဆိုတာက ဘလော့ဂ်ခေါင်းစဉ်ဆိုပြီး သိလိုက်တာကိုး ။ အဲလောက် တုံးပြီး ကြောင်တောင်တောင်နိုင်တာ ကျွန်တော်က...။

အဲဒါနဲ့ အဲလို ကြောင်တောင်တောင်အတွေးလေးနဲ့ပဲ ကျန်တဲ့ ဘလော့ဂ်လင့်လေးတွေ လျှောက်ဖတ်ကြည့်မိတယ် ။


မသိရင် ရင်ခွင်တစ်ခု ဖန်ဆင်းခြင်းဆိုတာ အသက်ထွက်သွားသော စောင့်ထိန်းခြင်းမျိုးပေါ့.. (သို့)ဆိုတဲ့ စကားလုံးလေး ခံပေးထားရင် ပိုရယ်ရမယ် ။

ရှိသည် ၊ ညီစိမ်း ...... ဖြစ်သည်

ညီစိမ်းဟာ ရသစာပေအနုပညာဘလော့ပါလားလို့ သဘောပေါက်မိတယ် ။


ကျွန်တော့်ကို အမြင်ကတ်ကြသော အကြောင်းရင်းများ

ဧရာဝတီသားက သူ့ကို ဘာကြောင့်များ အမြင်ကတ်ရတာတုန်း..
ရန်ငြှိုးရန်စများရှိလား..
ဒါမှမဟုတ် ရည်းစားလုဘက်တွေလား..။ ထင်စရာရှိတာ ပြောပါတယ် ။

ရင်မောခြင်း

ယမကာလုလင် ရင်မောခြင်းအကြောင်းက အရက်ရှာလို့မရတာပဲ ဖြစ်ရမယ် :)

မသိခြင်း
ရင်ဖွင့်တာကလဲ မသိခြင်းတဲ့ ။ ရင်ဖွင့်ခြင်းဆိုပြီး"...." လေးတွေခံထားတော့ တကယ်ပဲ ဖီးလ်အပြည့်နဲ့ပြောတော့မလို
ပြီးတော့ မသိခြင်းတဲ့။
ခံစားပေးရမယ့်လူတောင် နင်သွားတယ် (ကိုယ့်ခံစားချက် ကိုယ်မသိတာမျိုးနေမှာပါလေ)

မိုး၊ လေ နှင့် ဝသအထူးသတင်း
8 months ago

တော်တော် Updated သတင်းမျိုးပဲ ။
ဆူနာမီသာရှိရင် ပြည်သူတွေ ၈လဆိုတဲ့အချိန်မှာ အရိုးဆွေးနေလောက်ပြီ

အိမ်ကိုလွန်သွားတဲ့ လမ်းမများ…

မိုးလှိုင်ညအိမ်ကိုလွန်သွားတဲ့လမ်းမဆိုတော့..မိုးလှိုင်ညအိမ်ကဘယ်နားမှာတုန်း?
ဗိုလ်တထောင်မှာဆိုရင်တော့ အဲဒီလမ်းမက ငါတို့အိမ်နဲ့နီးလောက်ရဲ့ ။

ဘဝတပါး (ဇာတ်သိမ်း)

အော်..ကိုလူထွေးရယ် ဖြစ်မှဖြစ်ရလေ :(
(နောက်တာဟေ့..စိတ်မဆိုးကြေး!)

ပစ်တိုင်းထောင်

တူပါတယ်လို့ ကြည့်နေတာ.. :P

စန္ဒကူး ကြက်ကာလသားဟင်းနှင့်တိုဟူးသုပ်

ကီးမား ပလာတာလိုမျိုး စန္ဒကူးကြက်ကာလသားဆိုတာရှိမယ်ထင်တယ် ။

မဝေးပါဘူး...

"မင်းတော်တော် ဝေးတဲ့အကောင်ပဲ" ဆိုပြီး ခဏခဏ အပြောခံထားရရှာတယ်ထင်တယ် ။

ငါးဥချက်နဲ့ မုန်လာပင်ပေါက်ဟင်းရည်

မိုးမိုးစတားငါးဥချက်ဆိုပါလား အဆန်းပဲ :|

စိတ်ခိုင်ရဲ့လား??? :)

ဒင်းလေးကတော့ စိတ်ခိုင်မှာပါလေ..။

ကဲ နောက်ဆိုရင် စာဖတ်သူတွေလည်း ဘလော့ဂ်တွေဖတ်ရင် အဲလို ရှာကြံပြီး ရယ်ကြနော် :)

6 comments:

    သေနာကောင် လာရင်ကောင်းကောင်းလာနော်... အကုသိုလ်မပွားချင်ဘူး...

     

    ဟားဟားး)
    ဟုတ်သားပဲ...
    ရီရတယ် :D

     

    ဟီးဟီးဟီး...ဟားဟားဟား
    ဝါးဟားဟား ရေခဲမု့န်
    ရယ်သွားပါတယ်ဗျိုး...
    မဝေးတော့ဘူး...အခုအသည်းကွဲနေတယ်

     

    ချမ်းရဲအော်ဂလီဆန်စရာပေါက်ကရအတွေးများတဲ့ .. တကယ်တော့ စာဖတ်သူများ အော်ဂလီဆန်စရာ ပေါက်ကရအတွေးများ ဖြစ်ရမှာ .. ဟွန်း

     

    ဟားဟားဟား..............

     

    ပေါက်တတ်ကရ...
    အဲလိုကြီးတော့မရယ်ချင်ပါဘူး ကိုချမ်းရဲရယ်...
    ကိုလူထွေးကပဲ ဘဝတပါးဖြစ်ရသေး...ဟေးဟေး...

းဝ)(

     

Blogger Templates by Blog Forum