မြန်မာစာလက်ကွက်အမှား

ဒီပို့စ်ကို တင်ရင် ရိုင်းသွားမလားဆိုပြီး အကြိမ်ကြိမ်စဉ်းစားသေးတယ် ။ ဒါပေမယ့် ကိုယ့်ရဲ့ သောက်တလွဲဂုဏ်ကို ဖော်ချင်တာတကြောင်း ၊ ရယ်ရမယ်ထင်တာတစ်ကြောင်းကြောင့် တင်ဖြစ်အောင်တင်လိုက်တယ် ။ အမှားပါရင် ခွင့်လွှတ်တော်မူကြကုန်လော့ .. ။

ကျွန်တော် မြန်မာစာလက်ကွက် အလွတ် ရိုက်တတ်တာ ၂ နှစ်လောက်ပဲ ရှိအုံးမယ် ။ ဒါတောင် တချို့ တွဲရိုက်ရတဲ့ စာလုံးဆိုရင် အလွတ်မရလို့ ကိုဗီလိန်တို့ မတူးတို့ကို ခဏခဏ မေးရတယ်။

ဟိုးအရင် မတတ်ခင်ကတော့ လက်ကွက်စာရွက်လေးရှေ့ချပြီး စမ်းတ၀ါးဝါး ရိုက်ရတာကိုး...။
ပလန်းနက်ဖိုရမ်မှာ မြန်မာစာရေးချင်တာကြောင့် အဲလိုကြိုးစားရိုက်ရင်းနဲ့ အလွတ်ရိုက်တတ်လာတာ။ လက်ကွက်ကိုပဲ ကြည့်ပြီး တတောက်တောက်..နဲ့ အသေရိုက်နေတော့ screenပေါ်မှာ စာလုံးပေါင်းက ဘာမှားသလဲမမေးနဲ့ဗျာ။

မြန်မာလို chat ရင် ပိုဆိုးတာပေါ့ ။ လက်ကွက်အလွတ်မရတော့ ကီးဘုတ်ကိုပဲကြည့်ပြီး တဖက်လူကို အမြန်ပြန်ရိုက်ရတာ ။ screen မှာပေါ်လာတဲ့ စာလုံးတွေက တလွဲတွေပဲ..။ ပြီးတော့ အရင်ကဆို ချက်ထဲက ကောင်မလေးတွေကို ပုံစံမျိုးစုံနဲ့ ကျူ ပစ်တာ ။ ရူးနေသလိုလို (တကယ်လဲ ကြောင်တောင်တောင် ပေါတောတောနဲ့ အရူးပါပဲ) ၊ အဖေလိုလို ၊ သရဲလိုလို ၊ အကို လိုလို ၊ ပုဂံခေတ်တုန်းကလိုလို..အိုဗျာ အစုံပဲ ။ ကြိုက်လိုရယ်မဟုတ်ဘူး ပျော်အောင် တမင် လျှောက် chat နေတာ ။ အဲ..အဲဒီမှာ စတာ...။

တခါက မြန်မာစာလက်ကွက်ကို အလွတ်မရိုက်တတ်သေးဘဲ ကောင်မလေးတစ်ယောက်နဲ့ chat တာ...။ အဲဒီကလေးမလေးကိုတော့ တော်တော်လေး သံယောဇဉ်ရှိပါတယ် ။ သူက ကျွန်တော့်ထက် ၄နှစ်လောက်ငယ်တော့ သမီးဆိုပြီး ချက်တင်ဝင်တာတာ..နောက်တာသက်သက်ပါ ။

တစ်နေ့ သူ ပထမဆုံးရည်းစားရပြီဆိုတာ ချက်ထဲမှာလာပြောတော့... ကျွန်တော်က သူ့ဘဲကို သိပ်ကြည့်မရဘူးဗျ ။ တကယ်လည်းစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်..။အဲဒါနဲ့ မြန်မာလိုအပြန်အလှန် chat နေရာက ပြောလိုက်တယ်... ရေးလိုက်တာကတော့ တကယ့်ကို ခံစားချက်နဲ့ပဲ...ဒါပေမယ့် အဲဒီ shift key က ပြဿနာတက်တာပဲ ။ ဖတ်ကြည့်လေ...

"နောင်တစ်ချိန် အဖေ ဥမီးလောင်မြိုက်ခံစားရမယ့်ဝေဒနာ ကြိုမြင်လို့ပြောတာ .. သမီးပျော်မယ် ထင်ရင်တော့မတားပါဘူး... သမီးရည်းစားသီးရုပ်ကိုလည်းကြည့်အုံးလေ ဆေါ်ချထားတဲ့အတိုင်းပဲ..အဖေ ဖီဖာကြောင်တာတော့မဟုတ်ဘူး..အရာရာ သမီးဆန္ဒပါပဲ.. :( "


( အမှန်ရေးတာက "နောင်တစ်ချိန် အဖေ သမီးလောင်မြိုက်ခံစားရမယ့်ဝေဒနာ ကြိုမြင်လို့ပြောတာ .. သမီးပျော်မယ် ထင်ရင်တော့မတားပါဘူး... သမီးရည်းစားဦးရုပ်ကိုလည်းကြည့်အုံးလေ ဆေးချထားတဲ့အတိုင်းပဲ..အဖေ ဇီဇာကြောင်တာတော့မဟုတ်ဘူး..အရာရာ သမီးဆန္ဒပါပဲ.. " )

7 comments:

    တကယ်ရေးချင်တဲ့ အမှန်စာပိုဒ်ကိုလည်း ထပ်ဖြည့်လိုက်ဦးလေ...

    ဒါမှ အမှန်နဲ့ အမှားခွဲခြားလို့ရမှာ...

းD :DးD :DးD :DးD :D

     

    တကယ်ပါပဲ နှစ်ကယ်မဟုတ်ဘူး
    ;D :)))

     

    ကိုလူထွေးပြောသလို ပါပဲ
    တကယ်ေ၇းချင်တဲ့အပိုဒ်ကို
    လည်းဖြည့်ပေးစေချင်တယ်ဗျို့ 
း)

     

    အဲ့တော့ ... ဘာဆက်ဖြစ်သွားလဲ...

     

    ဘလော့ရေးပီဆိုတော့
    ဟင်းဟင်း ပျော်နေပြီထင်တယ်နော့..
    တွေ.ပီးပီလား... ?

     

    အဲဒီမှာ ဘာဆက်ဖြစ်တာလည်း ဆိုတော့ သမူးရဲ့ အီး ဖြစ်သွားတယ်ပေါ့နော်......ဟိ

     

    စတုန်းကတော့ တိတ်တိတ်လေးဖတ်ပြီး ပြန်သွားမို့ . . ဟီးး ..
    ခုတော့ မမန့်ပဲကို မနေနိုင်တော့ပါဘူး ဥဥရယ် ..း)
    မွှားမှ မွှားတတ်ပလေဗျာ . .ပြီးတော့ တစ်ခါထဲ
    လင့်လဲ ယူသွားပါရစေဗျာ

     

Blogger Templates by Blog Forum