တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဆေးလိပ်သောက်နည်း တီထွင်ခဲ့သူကို လေးစားသင့်ပါတယ်။
လူတွေရှာဖွေတွေ့ရှိတာခဲ့တာက စားစရာ သောက်စရာတွေ များတာကိုး ။ ကဲ.. အငွေ့ကို ပါးစပ်နဲ့ရှူရှိုက်ရတဲ့ ဆေးလိပ်သောက်ခြင်းကတော့ တစ်မျိုးဆန်းသစ်မနေဘူးလား။

~ စိတ်ဖိစီးမှုဒဏ်ပျောက်အောင် ဆေးလိပ်သောက်ပါ။ စိတ်ညစ်စရာတွေကြုံတဲ့အခါ စားချင် သောက်ချင်စိတ်မရှိဖြစ်တတ်တယ်။ အဲဒီအခါ ဆေးလိပ်သောက်လိုက်ရင် (သူများတွေတော့မသိဘူး) ကျွန်တော်တော့ သက်သာတယ်။ ဆေးလိပ်ကို ခပ်ပြင်းပြင်းရှိုက် စိတ်ညစ်စရာတွေကို သက်ပြင်းရှည်တွေနဲ့အတူ ဆေးလိပ်ငွေ့နဲ့ ရောထွေးမှုတ်ထုတ်လျှော့ချလိုက်ရအောင်။

~ ဆေးလိပ် ကိုယ်တိုင်သောက်မှမဟုတ်ဘူ ဆေးလိပ်ငွေ့ကိုရှူရှိုက်မိရင်လည်း ရောဂါရနိုင်တာပဲလေ။ ဆေးလိပ်သောက်သူတွေများနေမှတော့ ကိုယ်မသောက်လည်း အနားကလူတွေကြောင့် ကိုယ်တိုင်ရောဂါရနိုင်တာပဲ။ ဆေးလိပ်အနားမှာလာမသောက်နဲ့ဆိုပြီး လူမိုက်လုပ်ပြီး သူများကို အပြစ်တင်နေရင်လည်း မကောင်းဘူး။ ဒီတော့ သူများသောက်ပြီး ကိုယ်ရောဂါရတာကို စောင့်နေမလား?
ကိုယ်တိုင်ဆေးလိပ်သောက်မလား?

~ ဆေးလိပ်မသောက်တတ်တဲ့ ကိုယ့်အတွက်ကြောင့် ဆေးလိပ်သောက်တတ်သူတွေ ဒုက္ခမရောက်ပါစေနဲ့။
ဆေးလိပ်သောက်တယ်ဆိုတာ ဒုစရိုက်လုပ်နေတာမဟုတ်ဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်လူတိုင်းမှာရှိကြတယ်။ အစိုးရက မပိတ်ပင်ထားတဲ့ လူအခွင့်ရေးမှာ ဆေးလိပ်သောက်ခြင်းက လွတ်နေတော့ သောက်တတ်လေကောင်းလေပဲ။ ကျွန်တော့်ကိုယ်တိုင်ပြုလုပ်ထားတဲ့ စစ်တမ်းအရ (smoking area နားသွားပြီး လူ၃ ယောက်တိတိကို survey မေးရာမှာ) လူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဆေးလိပ်သောက်သူများဖြစ်ပါတယ်။

~ ဆေးလိပ်သောက်တဲ့လူတွေဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုအ၀င်ဆံ့တယ်လို့ပြောလို့ရတယ်။
ဥပမာ ဆိုပါစို့။ သူငယ်ချင်း ၄ ယောက် ထမင်းသွားစားကြတယ်။ ထမင်းစားပြီးအပြန် ခံတွင်းချဉ်လို့ဆိုပြီး ဆေးလိပ်သောက်မယ်လုပ်တော့ ဆေးလိပ်သောက်တတ်တယ်လူ ၃ ယောက်က ဆေးလိပ်အတူတူသောက်ရင်း စကားပြောလို့ရမယ်။ ကျန်မသောက်တတ်တဲ့လူက ဘာလုပ်မလဲ။ အဲဒါ အဲဒါ!!! ဆေးလိပ်မသောက်တတ်လို့ လူရာမ၀င်ဖြစ်သွားတာ။ မကောင်းတတ်လို့ သူတို့ဆေးလိပ်သောက်တဲ့ အနားသွား ယောင်တိယောင်ချာလုပ်ရင်း သူတို့ သောက်တဲ့ဆေးလိပ်ကြောင့် ကိုယ်ရောဂါရ ၊ မတန်လိုက်လေခြင်းဗျာ။
ကိုယ်သာဆေးလိပ်သောက်တတ်ရင် ၀ယ်သောက်စရာမလိုဘူး။ ဆေးလိပ်သမားတွေရဲ့ နားလည်မှုအရ သူတို့က အလကားတောင်တိုက်အုံးမယ်။ ဆေးလိပ်ယဉ်ကျေးမှုရဲ့ ချစ်စရာအမူအကျင့်လေးတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် မီးခြစ်ငှားမယ်။ ဆေးလိပ်အလကားတိုက်မယ်။ ဆေးလိပ်သောက်ရင်း စကားပြောမယ်။ ဘယ်လောက်အဆင်ပြေလဲ။ တခါကလည်း birthday cake မီးညှိဖို့ဆိုပြီး တစ်ယောက်မှ မီးခြစ်မပါတော့ ဆေးလိပ်သောက်တတ်သူ ကျွန်တော့်ဆီကို ခခယယ လာတောင်းကြတာမှတ်မိသေးတယ်။

~ ဆေးလိပ်သောက်ခြင်းဟာမကောင်းဘူးဆိုတာ ဆေးပညာအရမှန်ပေမယ့် မကောင်းတာကို မလုပ်ဘူးလို့ လူတိုင်းလက်ခံကြသလား? ကမ္ဘာကျော်ပညာရှိတွေ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင် Tobaco နဲ့ မကင်းခဲ့ကြပါဘူး။ ဘားရက်အိုဘားမား၊ အလ်ဘတ် အိုင်းစတိုင်း ၊ သောမတ်စ် အက်ဒီဆင်၊ ရောဘတ်ဂရေဟမ် ဘဲလ် အပါအ၀င် နာမည်ကြီး ဆေးလိပ်သမားတွေ အများကြီးရှိပါတယ်။

ဆေးလိပ်သောက်ရင် အသက်မရှည်ဘူးဆိုတာဟုတ်မဟုတ်တော့မသိဘူး။ ကျွန်တော့်အဘွားကတော့ အသက်ရှစ်ဆယ်ကျော်နေပြီ။ ခုထိ ဆေးလိပ်လေး ပါးစပ်မှာ ခဲထားတုန်း။

လူဖြစ်နေတဲ့ ဒီဘ၀မှာ လူဖြစ်ရကျိုးနပ်အောင် ကဲ အားလုံး.. ဆေးလိုပ်သောက်ကြပါစို့!!!

5 comments:

    ဆေးလိပ်သောက်ကြပါစို့ တဲ့ ..... ခုမှပဲကြားဖူးတော့တယ်

     

    ဟီးးး ဟုတ်တယ် ဟုတ်တယ် :D

     

    မောင်ချမ်းငြိမ်းတို့ရေးချက်ကထိတယ်ကွာ....ငါတောင်ဆေးလိပ်
    သောက်ရင်ကောင်းမလားလို့ ပြန်စဉ်းစားယူနေရတယ် :P

     

    bro kyaw daw sayy late lar thauk thwar tal... :P

     

    မိုက်သည်။း)

     

Blogger Templates by Blog Forum