ပြော..
Thursday, 17 February 2011 by chanye`
ပြောလိုက်ရင် ကုန်တော့မှာမဟုတ်ဘူး။ အပိုပြောတယ်လို့တော့မဟုတ်ပါဘူး ဒါပေမယ့် မပြောမပြီး မတီမမြည်ဆိုသလို ပြောသင့်တာတဲ့စကား တနည်းအားဖြင့် ပြောဖို့လိုတဲ့စကားဆိုရင် ပြောမှသာ အဆင်ပြေမှာဖြစ်တဲ့အတွက် ပြောသာပြောလို့ ပြောလိုက်ချင်ပါတယ်။
“ပြော..ငါ့ကိုမချစ်ချင်တော့ရင်ပြော..ငါ့ကို မုန်းတယ်ဆိုလည်းပြော” လို့ အောင်လက သီချင်းစာသားလေးနဲ့ပြောတော့ “မပြောနဲ့ ငါ့အတင်း အခုဖြစ်အခုရှင်း” ဆိုပြီး ဟန်ထူးလွင်က ရန်ပြန်လုပ်တယ်။ ထွန်းအိန္ဒြာဗိုလ်တောင်မှ “ပြောခဲ့တဲ့..စကားတို့ ဟောင်းနေလည်း မေ့လို့မရသေးဘူး” လို့ဆိုထားတယ်မဟုတ်လား။ ပြောတဲ့စကားတိုင်းက လူတစ်ယောက်ဘ၀အတွက် အမှတ်တရဖြစ်စေနိုင်တယ်လေ။ စကား စကား ပြောပါများ စကားထဲကဇာတိပြဆိုသလို စကားများများပြောလေ ကိုယ့်မကောင်းတဲ့အားနည်းချက်ကို ပိုသိနားလည်နိုင်လေဆိုတော့ မပြောတာဘဲကောင်းမလားလို့ ပြောကြစတမ်းဆိုရင် မကောင်းဘူးလို့ပဲ ကျွန်တော်ပြောပါရစေ။
ဘုရားဟောထားသလို နှစ်ဦးနှစ်ဖက် အကျိုးရှိသောစကားဆိုရင် ပြောချင် ပြောလို့ရပါတယ်။ တစ်ဖက်မှာလဲ တိတ်တိတ်နေထောင်တန်ဆိုတဲ့ အဆိုရှိသေးတယ်။ နှုတ်မစောင့်သောလိပ်ပုံပြင်ထဲကလို မပြောသင့်တဲ့အချိန်မှ ပြောမိရင် ကိုယ့်အတွက် အသက်အန္တရယ်တောင်ရှိနိုင်တယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ်။ ဘာပဲပြောပြော နှုတ်တစ်ရာစာတစ်လုံးဆိုတော့ စာရေးပြီး ပြောတာပိုထိရောက်မလားလို့ ထင်ချင်စရာဖြစ်သေးတယ်။
တချို့ကလည်း မျက်လုံးချင်းစကားပြောနေသည် တို့ဘာတို့ဆိုပြီး ပြောကြတာရှိတယ်။ ကျွန်တော်အခုပြောပြသလိုပေါ့ ကိုယ်ပြောတဲ့စကားက အဆက်အစပ်ရှိဖို့လိုတယ်။ ကျွန်တော်ပြောတာရော ဘာကိုပြောချင်လို့ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်မယ်ထင်ပါတယ်။ ခုန မပြောလိုက်ရတဲ့ ပြောလက်စ စကားကိုဆက်ပြောမယ်။ မပြောချင်သလိုလို ပြောချင်သလိုလိုလုပ်ပြီး ပြောရမယ့်စကားကို မပြောတဲ့လူနဲ့ဆို စကားမပြောတာပဲကောင်းပါတယ်။ ပြောတာတွေလည်းများသွားပြီ။ ပြောချင်ပြော၊ မပြောချင်နေလို့ပဲ နောက်ဆုံးပြောရင်း..ပြောပြီးစလစ်နံပတ်တစ်ပဲနော်။ ဘိုင်းဘိုင်။
(သောက်ပေါ ဘာတွေပြောမှန်းမသိဘူးလို့ စိတ်ထဲကမပြောဘူးဆိုရင် ကျွန်တော့်ကို ကြိုက်သလိုပြော :P)

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
интернет магазин спортивного питания
протеин одесса
bcaa одесса
аминокислоты одесса
жиросжигатели одесса
креатин одесса
спортивное питание одесса
A great way to generate calls is by having an 1800 Toll Free Number specialized for your business. It also has become a business's status indicator. If you have it, it tells the inquirers that your business is not a small one.
калипер купить
калипометр купить
fat caliper купить
калипер купить
калипометр купить
fat caliper купить
Thanks for your article brother
Http://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid
Http://www.bk8login.asia