တူမယ်မထင်နဲ့

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းဆင်တာတစ်ခုတွင်ဖြစ်သည်...။

လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။ နောက်ဆုံး ပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းဆင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည်ဖြစ်သည်။ အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါသေဆုံးနိုင်သည်။

၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင်ပျော်ရွှင်သွားသည်။

နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်မည်...

သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည်...

လူတကာမှပေးသော အကျိုးခံစားခွင့်များရမည်...

စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။

သူဌေးက လက်ထဲရှိ GSM ဖုန်းကိုကြည့်လိုက်သည်...
Service Signal လုံးဝမမိ။

ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားသော ၅သိန်းတန် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်..
service signal အပြည့်။ လုံခြုံရေးဝန်ထမ်းကို မချိပြုံးပြုံးပြလိုက်ပြီး မီးသတ်ကို ဖုန်းလှမ်းခေါ်သည်
"လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်"

စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ်သည်...
လိုင်းဝင်သည်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။ "မကြားရဘူး"ဟုပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်းလုံးဝမဝင်တော့။ မက်ဆေ့ခ်ျပို့ဖို့လည်း မစဉ်းစားမိလိုက်။

မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက သူဌေးထံမှ iphone ကိုမြင်၍ internetကို wireless ဖြင့်ဝင်ပြီး ဆက်သွယ်အကူအညီတောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့်အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက်ချိတ်ကြည့်ရာ wireless မိသည်။၂ယောက်လုံးပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။

နောက် ၃ ရက်အကြာ...

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကိုဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး သေဆုံးနှင့်လေပြီ။
သေဆုံးသူတို့ အနီးတဝိုက်တွင် ဟန်းဆက် ၄လုံးကိုတွေ့ရပြီး ၄င်းတို့အနက် အိုင်ဖုန်းတွင် Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။

သေဆုံးနှစ်ဦးအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေရာတကာပါဝင်တတ်သော ပါလရာကြီး ၄ဦးမှ အောက်ပါအတိုင်း လှူဒါန်းနှစ်သိပ်ပေးခဲ့သည်။

* ဦးတေဇထံမှ ကျပ်၁သိန်းတန် ကျွန်းအခေါင်းတစ်လုံးစီ
* မြန်မာနိုင်ငံ ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက် MNLဖလားပြိုင်ပွဲတစ်ပွဲ အခမဲ့ကြည့်ခွင့် လက်မှတ်
* အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့လာသူများအတွက် အခမဲ့ရေသောက်နိုင်ခွင့် လက်မှတ်များ
* နိုင်ငံတော် သမ္မတလောင်းထံမှ အုတ်ဂူတွင်အလှဆင်ရန် ဂန္ဓမာပန်းတစ်ပွင့်စီပေးကမ်းခဲ့ပြီး

အားပေးစကားပြောကြားရင်း မဲဆွယ်စည်းရုံးသွားလေတော့သတည်း။



ချမ်းရဲ

4 comments:

    ဟဟားဟား.. တယ်ခေတ်မှီပါလား ပိုစ့်ကး)

     

    ဒါမှ ချဲရမ်း ကွး)

     

    မိုက်လှချည်လားမှတ်တာ... နင်ရေးမှန်း ခုမှသိတော့တယ် ဖော်ဝါဒ့်မေးလ်တွေကဖြင့် ပွလို့...

     

    KEPADA YTH
    SEGENAP BANGSA INDONESIA

    INDONESIA SESUAI UNCLOS'82 DITETAPKAN SEBAGAI SATU-SATUNYA NEGARA KEPULAUAN TERBESAR DI DUNIA YANG DIKENAL DENGAN SEBUTAN "ARCHIPELAGIC STATES", SECARA GEOGRAFIS LUAS WILAYAH NEGARA KESATUAN REPUBLIK INDONESIA ADALAH 72 % LAUTAN DAN HANYA 28 % NYA SAJA DARATAN.

    OLEH SEBAB ITU PEMBANGUNAN NKRI TIDAK AKAN DAPAT TERLAKSANA SECARA OPTIMAL JIKA SEBAGIAN BESAR PENDUDUKNYA TIDAK MENGUASAI BAHKAN TIDAK MENGERTI TENTANG KELAUTAN ATAU KEMARITIMAN, GAGASAN INI HANYA MAMPU DILAKUKAN OLEH KEPEMIMPINAN PRESIDEN SOEKARNO, SETELAH ITU KEPEMIMPINAN PRESIDEN SOEHARTO HINGGA SEKARANG GAGASAN ITU HANYA BERUPA RETORIKA-RETORIKA BELAKA, SEMENTARA IMPLEMENTASINYA BISA DIKATAKAN BERADA TITIK LEVEL NOL.

    UNTUK ITULAH SUDAH MASANYA UNTUK GENERASI PENERUS BANGSA KEDEPAN, JIKA KITA BANGSA INDONESIA INGIN MAJU DAN BESAR, MAKA KUASAILAH LAUTAN KITA, JIKA KITA INGIN MENGUASAI LAUTAN KITA MAKA KUASAILAH ILMU DAN TEKNOLOGI KEMARITIMAN, JIKA KITA INGIN MENGUASAI ILMU DAN TEKNOLOGI KEMARITIMAN, MAKA BERGABUNG DAN PELAJARILAH BERBAGAI LITERATUR SERTA INFORMASI YANG TERSEDIA DI SITUS YANG TELAH KAMI SIAPKAN DI "PUSAT INFO MARITIM INDONESIA" DI NAME ADRESS : http://uninesianisme.blogspot.com/

    DAN JIKA ANDA PUNYA IDE ATAU BAHAN LITERATUR, ATAU APAPUN BENTUKNYA GUNA KEPENTINGAN PEMBANGUNAN WAWASAN NUSANTARA SECARA UTUH DENGAN MENGUASAI GEO STRATEGIS NKRI, SILAHKAN DIPUBLIKASIKAN DAN ATAU MELALUI FASILITAS YANG KAMI MILIKI.

    ATAS BANTUAN DAN KERJA SAMANYA, KAMI HATURKAN TERIMA KASIH.

    ADMIN UNINESIA

     

Blogger Templates by Blog Forum