နေရာ
Wednesday, 1 October 2008 by chanye`
ထားရစ်ခဲ့သူ တဲ့လား
တကယ်ဆို
အနားမှာနေခွင့် မရှိတော့ သူ…
သတ်မှတ်ထားပြီးဖြစ်တဲ့
ဦးစားပေးစနစ်အရ
(မဖြစ်မနေ)
နေရာ ဖယ်ပေးခဲ့..ရ..ပြန်..ပြီ ။
ဆောင်ရန်၊ ရှောင်ရန် တွေလည်း
လိုက်နာခဲ့တာပဲ။
နေရာလွတ်ရှိလို့သာ ၀င်ထိုင်ခဲ့မိတာ
ဒီနေရာလေးကို သံယောဇဉ်တွယ်
ဘယ်ခရီးကိုသွားသွား
ဒီနှစ်ယောက်ထိုင် ခုံတန်းလျားလေးဟာ
ငါအတွက် “အား” ဖြစ်စေခဲ့တာ။
နှမြောမိတာပေါ့ကွယ်
ရခဲ့ဖူးတာ တခဏ….
ရပ်စောင့်ခဲ့ရတဲ့ အချိန်ကာလဟာ
ဟိုး…….
ခရီးစဉ်အစ
မင်းဘေးက ခရီးသည်
မထမချင်းလေ……။
ချမ်းရဲ
တကယ်ဆို
အနားမှာနေခွင့် မရှိတော့ သူ…
သတ်မှတ်ထားပြီးဖြစ်တဲ့
ဦးစားပေးစနစ်အရ
(မဖြစ်မနေ)
နေရာ ဖယ်ပေးခဲ့..ရ..ပြန်..ပြီ ။
ဆောင်ရန်၊ ရှောင်ရန် တွေလည်း
လိုက်နာခဲ့တာပဲ။
နေရာလွတ်ရှိလို့သာ ၀င်ထိုင်ခဲ့မိတာ
ဒီနေရာလေးကို သံယောဇဉ်တွယ်
ဘယ်ခရီးကိုသွားသွား
ဒီနှစ်ယောက်ထိုင် ခုံတန်းလျားလေးဟာ
ငါအတွက် “အား” ဖြစ်စေခဲ့တာ။
နှမြောမိတာပေါ့ကွယ်
ရခဲ့ဖူးတာ တခဏ….
ရပ်စောင့်ခဲ့ရတဲ့ အချိန်ကာလဟာ
ဟိုး…….
ခရီးစဉ်အစ
မင်းဘေးက ခရီးသည်
မထမချင်းလေ……။
ချမ်းရဲ
ငါကြိုက်လိုက်တာ ဒီ ကဗျာလေး ....
ခံစားချက် တူလို့ ဖြစ်မယ်
ဟဲဟဲ တူရမယ်လေ... နင်နဲ့ငါက ဘ၀တူတွေ ဖြစ်နေတာကိုး... :D
အဲဒါဘယ့်သူ.ကိုရေးထားတာလဲဂျ...မှန်မှန်ပြော...ဟဲဟဲ
သိသိကြီးလာမေးနေကြနော်
ငယ်လေးရော သံလွင်ဟီးရိုးရော...။ :(
ထားဝယ်ကလူတွေ အကျင့်မကောင်းဘူး :D
ထားဝယ်ကို မထိခိုက်နဲ့နော် သေသွားမယ်