မရှိမဲ့ ရှိမဲ့ ဗဟုသုတ
စကားလုံး အနုအရွနဲ့
မတတ်တခေါက် ကာရံတွေ ရှာကြံ
ခံစားချက်တွေ အလေးအနက်
ချွေးထွက်လောက်တဲ့အထိ
ပင်ပင်ပန်းပန်း ရေးဖွဲ့ထားတဲ့ကဗျာ
သူမကိုပေးဖတ်ကြည့်မိတာ...

အပီအပြင်ခံစားထားတဲ့ ဖီလင်လ်ကို
ရယ်(ရီ)ချင်သလားမသိ ၊
ပြုံးစိစိလုပ်ရင်း
တုံးတိကြီးပြောချလိုက်တယ်
"ဘာတွေမှန်းလဲ မသိဘူး" ။

ချမ်းရဲ

P.S ကောလိပ်ကျောင်းတုန်းက သူငယ်ချင်းတွေအတူတူထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ထဲက ကဗျာတစ်ပုဒ်ပါ။ အရင် ပလန်းနက်မှာလည်း တင်ဖူးပါတယ်။

0 comments:

Blogger Templates by Blog Forum