(၁) ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြန်မာပြည်ရှိ သူတောင်းစားများ ၀င်ငွေ လျော့ကျလျှက်ရှိ၏ ။ ထို့အပြင် ၀င်ငွေချို့တဲ့မှုကြောင့် မွေးမြူရေးဝန်ကြီးမှာလည်း မွေးမြူထားသော ရေသူမများအတွက် ဘလာစီယာများ လုံလုံလောက်လောက်မထောက်ပံ့နိုင်တော့ချေ ။

(၂) ရူးပေါဂေဟာမှ အတင်းရေးမှူး (၁) ကြီးမှူးကျင်းပသော အာဆီယံအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပြည်မှ ဂေါက်သီးရိုက်အားကစားသမား တစ်ချက်တည်း ကျင်းဝင် ။ ၀င်သောကျင်းမှာ ဂေါက်ကွင်းအနီး အသစ်ဖောက်လုပ်နေသော ၁၀ပေပတ်လည် အိမ်သာကျင်းဖြစ်နေကြောင်း သိရ၏။

(၃) ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ် မန်ဒါလီ (ကြက်ငှက်တုပ်ကွေးကင်းရှင်းကြောင်း ဆေးစစ်ပြီးသူ) သည် ရူးပေါဂိုဏ်းသို့လာရောက်ကာ စားသောက်လည်ပတ်ပြီး သဘာပတိကြီးနှင့် အပေါပြိုင်မည်ဟု သတင်းရရှိသည်။

(၄) ငှက္ကထနှင့်အဖွဲ့သည် ဂါဇာမြို့မှ စစ်ဒဏ်ခံဒဏ်ရာရပြည်သူများကို လိုက်လံတွေ့စုံကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့် ပလာစတာ(၅)ခုကို ကံစမ်းမဲဖောက်ပေးခဲ့သည် ။

(၅) ငပေါများဂေဟာမှ မွေး/ရေ ၀န်ကြီးသည် မြန်မာပြည်တွင်း ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရန် မွေးမြူရေးခြံများရှိ ကြက်၊ ဘဲများအား ပါရာစီတမောနှင့် ပနဒေါလ်ဆေးလုံးများ တိုက်ကျွေးလျှက်ရှိသည် ။

(၆) ငပေါများဂေဟာတွင်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်ရခြင်း အကြောင်းရင်းမှာ မီးမလာခြင်းကြောင့်ဖြစ်သည်ဟု EPC (Existence for People's Complaints) ရုံးက ဖြေရှင်းပြောကြားခဲ့၏ ။

ပုံ/ ဖျံကျရေးဝံကြီး ချမ်းရဲ

5 comments:

    ကို ချမ်း မအိပ်ခင် လာရီသွားတယ်။ ပါရာစစ်တမော တိုက်လို့ရတဲ့ ကြက်? အော သိလိုက်ပါပြီ။ :P

     

    အူနာတယ်... ရီရတာ...

     

    ဖျံကျရေးဝံဂျီး အလုပ်တွေသိပ်လုပ်နေပါလားဟေ့

     

    မွေးမြူရေးဝန်ကြီးအတွက်ကျနော်
    Billabong က one piece တွေ စပါယ်ရှယ်
    ဒင့်စကောင့်နဲ့အော်ဒါမှာပေးထားပါမယ်ဗျ...
    တော်ကြာအအေးပတ်ပြီး သေကုန်လို့ဂေဟာ
    အမှုပတ်နေအုံးမယ်။

     

    ဟားဟား :D ဆက်လက်ပေါနိုင်ပါစေ... အားပေးလျှက်...

     

Blogger Templates by Blog Forum