စာလုံးပေါင်းမှန်ဖို့ လိုတယ်
Friday, 23 January 2009 by chanye`
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။
ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)
ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။ မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး ) ။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်) အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်) ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ) ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ .. နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။ စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။
ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့) ..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား) အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)
ခြစ်တဲ့မီး (မီးခြစ်ပေါ့)
*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး.. ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(

ဟဟား.. ရေးတတ်ပါပေ့ ရယ်(ရီ) လိုက်ရတာ..
ကြံကြံဖန်ဖန် တွေးလည်း တွေးတတ်တယ်..
အိပ်ခါနီး လာဖတ်မိတာ မျက်စိတောင်ပြူးသွားပြီ..
င်္င်္င်္ကိုချမ်း ရယ် ဖိုအင်္ဂါ ရယ်လို့ဗျာ။ ဖိုးသောကြာ ကြားရင်တော့ နာမည်ချက်ချင်းပြောင်း လိမ့်မယ်။ ရီလိုက်ရတာ အု တောင်နာတယ် အဲ ဟုတ်ပါဘူး အူတောင်နာတယ် လို့.........
ရီရလွန်းလို့ ရှူရှူတောင်ထွက် အဲဟုတ်ဝူး
ရှူးရှူးတောင်ထွက်တော့မယ်ဗျို့။
ဟဟဟဟားးးးးးးးးးးးးးးး
ရီရတာမောလာပီ။ ဗိုက်တွေလည်းအောင့်။ ပါးတွေလည်းညောင်း။ ပေါက်တီးပေါက်ပေါက်.. အဲလေ
ပေါက်တီးပေါက်ရှာတွေ ကြံကြံဖန်ဖန်ရေးလည်း ရေးတတ်ပါ့။း)
ကြိုက်တယ်.. လင့်ခ်သွားပီနော်.. ခစ်ခစ်ခစ်
ရေးတတ်ပါ့ ချမ်းရဲရယ် ရီရတာ အရည်တောင်
တောက်တောက်ကျတယ် မျက်ရည်ပြောပါတယ်
LOL roommate 8 nay loh. koe yee ya tar pin pan lite tar. XD tmr mha pyan phat pee, pyan yee oo mal. btw tmr im not so sure about meeting up. im feeling realli sick so yea, kyo pyaw htar tar. nga wint ko tot pyaw pee b.
ငါကို ရွဲ့ရေးတာလားဒါက ဟွန်း
ဟားဟား...သမီးချောလေးရေ
ငါသိတယ်..အဲလို နင်လာပြောမယ်လို့ :D
နာချင်နေတာလား နင် ဟွန်း
လတ်စသတ်တော့ ချန်ယဲက ကိုယ်လုံးကိုး။ ခြင်မလေနဲ့ ကျိုက်နေတာလားဟမ်။ ယင်မလေးဆိုရင်ကော ဘယ်လိုလဲ။ ဘာပဲဖြစ်ဖြစ် ခြစ်တဲ့မီးကတော့ တောက်မှာပဲနှော့ အဟက်ဟက်
အဟိ ဟိ..
ဖြစ်မှဖြစ်ရလေ။ ရယ်ရတာ ဗိုက်တောင်နာတယ်။
ဟား...ဟား...ဟား...
၂ ကြောင်း ၃ကြောင်းပဲ ဖတ်ရသေးတယ် ။ ရီရလွန်းလို့ ဆက်တောင်မဖတ်နိုင်တော့ဘူး ။ ဆက်ဖတ်ဖို့ အားယူလိုက်အုံးမယ် ။
ရီရတယ်ဗျို့ ......
ကြံကြံဖန်ဖန်တွေးလည်းတွေးရေးလဲရေးတတ်တယ်..
ဟား..ဟား...
မောင်ကလေးရဲ့ ဟာသဥာဏ်ကို မချီးကျူးပဲ မနေနိုင်ပါကြောင်း ..
အလုပ်ကနေ stress တွေ tension တွေ ပြန်လာတဲ့သူုကို
မျက်နှာပေါ်က အကြောပေါင်း ၁၈၀၀၀ ပြေတဲ့အထိ
ရယ်မောအောင် စွမ်းဆောင်ပေးတာ
အထူးကျေးဇူး ...