ဟာသ ဗီဒီယိုလေးတွေ
Friday, 16 January 2009 by chanye`
ဒီနေ့တော့ စာရေးဖို့ စိတ်မပါတာနဲ့ ဗီဒီယိုလေးတွေပဲ တင်လိုက်တယ် ။ သူများတွေ ဘလော့ဂ်မှာ ဗီဒီယိုတွေ တင်ထားတာတွေ့တယ် ။ ကျွန်တော်က ဟိုး.. တောကြိုအုံကြားက တက်လာတဲ့လူဆိုတော့ အိုင်တီနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှမသိဘူး ။ ကိုယ်တိုင်ကလည်း အပျင်းကြီးပြီး တစ်ခါမှ မစမ်းကြည့်ဘူးလေ။ အရင်က တက်ခ်ခံထားရတဲ့ ကာတွန်းကား ပို့စ်မှာ သူငယ်ချင်းတွေ ကော်မန့်ပေးရင်း ရှင်းပြပေးလို့ ဗီဒီယိုကို ဘယ်လို upload လုပ်လည်း သိရတာ ။ ဒီဘလော့ဂ်နဲ့ပတ်သက်ပြီး တခြား ပြုပြင်ချင်တာတွေလည်း အများကြီးရှိတယ် ။ တခြားဘလော့ဂ်ဂါတွေ ကူညီသင်ပြပေးမှပဲ ကျွန်တော့်ဘလော့ဂ်ဆိုဒ်လေးကို
ထည်ထည်ဝါ၀ါလေးဖြစ်အောင် လုပ်လို့ရမှာ ။
ဗီဒီယိုတွေ ဘယ်လို Upload လုပ်လဲလို့ စမ်းလုပ်ကြည့်ရင်းနဲ့ ကျွန်တော်ကြိုက်တဲ့ Youtube က ရယ်စရာ ဗီဒီယိုလေးတွေတင်လိုက်ပါတယ် ။
အောက်က ဗီဒီယိုကတော့ James Blunt ရဲ့ Your are beautiful ဆိုတဲ့ original music video ကို နောက်ပြောင်ပြီးဆိုထားတဲ့သီချင်းပါ ။
ဒီတစ်ခုကတော့ အီမိုတွေ ဘယ်လိုလဲဆိုတာကို ရှင်းပြပေးထားတာပါ ။ တခြား how to be emo တွေနဲ့ ထူးခြားတာကတော့ ခပ်ပေါပေါ အရွဲ့တိုက်ထားတာပါ ။ ခေါင်းစဉ်ကတော့ How to be emo တဲ့ ။
အီမိုဖြစ်ချင်ရင် ကြည့်ကြပေရော့!
နောက်ဆုံးတစ်ခုကတော့.. ဟိုးအရင်ထဲက Whose line is it anyway? ဆိုတဲ့ ဟာသတီဗီပရိုဂရမ်လေး ရှိပါတယ်။ ရယ်စရာ ကစားနည်းလေးတွေ ကစားတာပါ။ sound effect ဆိုတဲ့ ဗီဒီယိုလေး ရယ်ရမယ်ထင်လို့ တင်လိုက်ပါတယ် ။

lol nout sone tot video tin tat thwar p pop. =P taw tal taw tal. hehe
nhain tal pot lay..
:'(
nhain par woo. lu taing de lo pal 1 ka sa ya tar pal lay.. arr ma nge nae nor. ako. :P
စုစည်းပေးတာကျေးဇူးပါဗျာ။ အီမိုကတော့ကြည့်ပြီးသား။ ပြန်ကြည့်သွားတယ်။ :)