၁၉ ရက်နေ့က အကယ်ဒမီဆုရရှိခဲ့တဲ့ ဘလော့ဂ်ဂါများစာရင်းကို အီးမေးလ်ကနေတဆင့် ကြေငြာခဲ့ရာမှာ ကျွန်တော် မောင်ချမ်းရဲလည်း မထင်မှတ်ဘဲ ဆုရရှိသူစာရင်းမှာ ပါဝင်ခဲ့လေရဲ့.. ငှဲ ငှဲ ။ ဆုရရှိသူများ စာရင်းမှာတော့ ကျွန်တော့်နာမည် မပါဘူးပေါ့လေ ။ ဒါပေမယ့် ကျွန်တော့်ဆုကိုကျတော့ ငပေါများဂေဟာက ပျံကျားရေးဝံကြီးကိုယ်တိုင် (ကျွန်တော်ကိုယ်တိုင်) နဲ့ ပသုံးလုံးအဖွဲ့ (ပေါတောတော ပေါက်ကရ ပညာရှင်များ) ကနေ ပေးခဲ့တာပါ (ပိုမြင့်တယ်.. ပိုမြင့်တယ်..ဟီဟီ) ။ အဲဒီ ပျံကျားရေးဝံကြီးရဲ့ ဆု ရရှိသူစာရင်းမှာ မနိုင်နိုင်းစနေရဲ့ နာမည်အောက်က ကျွန်တော်မျိုးကြီးနာမည်လည်း ပါလာတာပေါ့ ။ ဆုရဲ့ ဂုဏ်ပုဒ်ကတော့ သူများတွေထက် အရှည်ဆုံးပဲနော့်...

ပြန်ကြားရေး ၀န်ကြီးမှ ပေးသော ဆုရရှိသူ ဘလော့ဂါများစာရင်း

(က) ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog ) - မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ်
(ခ) ပညာရေး ဘလော့ဂ်ဆု (Best Education Blog ) - မသက်ဇင် ဘလော့ဂ်
(ဂ) နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging ) - ညီလင်းဆက် ဘလော့ဂ်
(ဃ) နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog ) - နစ်နေမန်း ဘလော့ဂ်
(င) သတင်း ဘလော့ဂ်ဆု (Best News Blog ) - ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ်
(စ) ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog ) - ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်
(ဆ) မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog ) - ဖွဲ့တည်ရာ မဂ္ဂဇင်း
(ဇ) ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog ) - မင်းဒင် ဘလော့ဂ်
(ဈ) ကဗျာ ဘလော့ဂ်ဆု (Best Poem Blog ) - ကောင်းကင်ကို ဘလော့ဂ်
(ည) အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog ) - ကိုမိုးသီး ဘလော့ဂ်
(ဋ) အထွေထွေ ဘလော့ဂ်ဆု (Best General Blog ) - နိုင်းနိုင်းစနေ ဘလော့ဂ်

(ဌ) အဓိပ္ပါယ်မရှိဆုံး အရည်မရ အဖတ်မရ ပေါတောတော ပေါက်ကရ ဘလော့ဂ်ဆု - ချမ်းရဲ ဘလော့ဂ်


ဆုရရှိတဲ့ ကျွန်တော် အမောင်ချမ်းရဲကိုလည်း ပသုံးလုံး အဖွဲ့က အောက်ပါအတိုင်း အင်တာတွေ ဗျူးကြသဗျာ ။

(၁)
ဘလော့ဂ်အကယ်ဒမီပေးပွဲ ဆိုတာကို စကြားမိတော့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ၊ ဘယ်လိုထင်မြင်မိပါသလဲ။

ဟာကနဲ..ဟင်ကနဲ ကို ဖြစ်သွားတာပေါ့ဗျာ ။ သိသိခြင်းဆို ကိုယ့်နာမည်ကြီးမြင်တော့ လန့်ပြီး "ဟဲ့..သောက်ပလုတ်တုပ်" ဆိုပြီးတောင် ထအော် မိမတတ်ပဲ။ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးပြူး မျက်ဆံပြူး အံ့သြ၀မ်းသာမဆုံး အတိုင်းထက်အလွန် ပီတိတွေဖြာခဲ့ရပါတယ် ။ ဆုချီးမြှင့်ပေးတဲ့ ပသုံးလုံး (ပေါတောတော ပေါက်ကရ ပညာရှင်များ) အဖွဲ့ကိုလည်း ကျေးဇူးတင်မိတယ် ။

၂. ဘလော့ဂ်အကယ်ဒမီပေးပွဲဟာ ဘလော့ဂါတွေအပေါ်ကို ဘယ်လို ဂယက်ရိုက်စေနိုင်တယ်လို့ ထင်မြင်မိပါသလဲ ။

ဟာ
..ဘယ်နှယ် ပြောလိုက်တာတုန်း ။ ရိုက်မှာ..ရိုက်ကို ရိုက်အုံးမှာ.. တရွှမ်းရွှမ်း တဗျမ်းဗျမ်းနဲ့ကို...
ခုလို ပေါတာတွေကို အသိအမှတ်ပြုတဲ့ ဆုတွေ ပေးတယ်ဆိုတော့ ဘလော့ဂါတွေလည်း ပိုပြီး ကြိုးစားအားထုတ် အစွမ်းကုန်ပေါကြတော့မှာပေါ့။

၃. မဲပေးစနစ်ကို ကျေနပ်မှု ရှိပါသလား၊ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်း အကြံပြုချင်တာများ ရှိပါသလား။

မဲပေးစနစ်ကို ကျေနပ်ပါတယ်။ နောက်နှစ်တွေမှာ တခြား အမျိုးအစားဆုတွေပါ ထပ်ဖြည့်ပေးသင့်လို့ ထင်ပါတယ်။ တကယ်ဆို ကျွန်တော်က ဆု ၃ ဆုလောက်တော့ အနည်းဆုံးရသင့်တာ ။ ဥပမာ- စာလုံးပေါင်းသတ်ပုံ အမှားဆုံးဆု ၊ နည်းပညာအညံဖျင်းဆုံးဆု ၊ အပျင်းအထူဆုံး (ဘလော့ဂ်အရေး အနည်းဆုံး) ဆု တွေပေါ့...။

၎. အခုလို ဆု ရရှိတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

အတိုင်းမသိ၊ ပီတိဝေဖြာ၊ ၀မ်းသာပျော်မြူး၊ အရူးအမူးကို ကျေနပ်အားရမိပါတယ် ။

၅. အခုရရှိတဲ့ ဆုဟာ မိတ်ဆွအပေါ် ဘယ်လို အသုံးဝင်စေ ပါသလဲ။ လာမည့် နှစ်တွေမှာ ဘယ်လိုဆုမျိုးတွေ ပေးသင့်ပါသလဲ။

အခု ဆုအနေနဲ့ ကျွန်တော် ကြက်ဥ တစ်လုံးတိတိ တောင်ရလိုက်ပါတယ် ။ အဲဒီ ကြက်ဥကိုလည်း တန်ဖိုးရှိရှိ ထုံးစံအတိုင်း ကြက်ဥမကျက်တကျက်ကျော်ဆိုပြီး စပါယ်ရှယ်ဟင်းလျာတစ်ပွဲ ချက်စားချင်ပါတယ်။ စားတဲ့နေ့ကျရင် တခြား ဘလော့ဂ်ဂါတွေကိုလည်း ကျွေးအုံးမှာပါ။

ကျွန်တော်ဆို ခုလို ဆုရရှိအောင် တစ်လကို ပို့စ် တစ်ခုရေးတင်နေရသူဖြစ်တဲ့အတွက် အလုပ်တောင် မလုပ်နိုင်ရှာပါဘူး။ ဒါကြောင့် ၀င်ငွေလည်း တစ်ပြားမှ မရှိတော့ ဖြစ်နိုင်ရင် လာမယ့် နှစ်တွေမှာတော့ ဆုရရှိသူတွေကို ရွှေ ၅ပိဿာလောက် ဆုချပါလို့....။

၆. ဘလော့ဂ်အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး မိမိစိတ်ထဲ ခံစားရသမျှ အလွတ်သဘော ဆွေးနွေးပြောဆိုပေးပါ၊

အင်း..ဘယ်လိုပြောရမလဲ ။ ပျော်တာပေါ့နော် ။ အီးမေးလ်ကို ဖွင့်ကြည့်ကြည့်ချင်း အ၇မ်းပျော်သွားတာ ။
ရုပ်ရှင် မင်းသား မင်းသမီးတွေလို အကယ်ဒမီပေးပွဲမျိုးတွေ မဟုတ်တော့ ကိုယ့်ကို လာနမ်းမယ့် ကောင်မလေးလည်း မရှိဘူးလေ..။ အဲဒီတော့..ဟိုလေ... အားငယ်တာပေါ့နော် ။ ကိုယ်က လိုက်နမ်းရအောင်လည်း ရုံးမှာဆိုတော့ ဘေးက စာရင်းဇယားတွက်နေတဲ့ မလေး ကုလားမပဲ ရှိတာကိုး ။ အဲဒီတော့ နောက်နှစ်တွေဆို ဖြစ်နိုင်ရင် နိုင်ငံတကာက မြန်မာဘလော့ဂါလေးတွေစုပြီး လေယဉ်နဲ့လိုက်ခေါ် ၊ ပြီးတော့ အခမ်းအနားနဲ့တကွ ကျင်းပ ပေးစေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ။


စာကြွင်း ။ ။ ဒီနေ့ဖတ်လိုက်ရတဲ့ မနိုင်းနိုင်းစနေဘလော့ ကို မှီငြမ်းပြီး ရေးထားတာပါ ။ ဘလော့ဂါတွေအတွက် အဲလို ဆုပေးတယ်ဆိုတာသိလိုက်တော့ ကျေနပ်အားရမိတယ်။ ဆုရရှိသူတွေမပြောနဲ့ ..ကျွန်တော်တောင် သူတို့အစား တော်တော်လေး ၀မ်းသာပီတိ ဖြစ်မိတယ် ။ ပေါက်ကရရေးဖို့ ရှာကြံနေရသူဆိုတော့ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ရေးလိုက်တာပါ ။ ကလေးမို့ အမှားပါရင်ခွင့်လွှတ်ပါ :)

6 comments:

    This comment has been removed by the author.

     

    လာလည်တာကျေးဇူးပါချမ်းရဲ--
    တော်တော်ပျော်တတ်ပုံရတယ်--
    လင့်ထားလိုက်ပါတယ်---

     

    အော် အမောင်ချမ်းရဲကတော့ လုပ်ချလိုကပြန်ပါပီနော်

     

    ဘာ ကလေးဟုတ်လား ဒီလောက်ပေါနိုင်တာ ကလေးဖြစ်မလားဟ။

     

    ဟုတ်ရယ်.. ကလေး ဖစ်နိုင်ဝူး ... လူဂျီး ဖစ်ရမယ်... နော်.

     

    အင်း.. ကလေးမို့ ရေးတာတွေကို ရယ်မောသွားပါတယ်..

     

Blogger Templates by Blog Forum