ငယ်ငယ်ကတည်းက အနုပညာဆိုရင် အရမ်း ၀ါသနာပါခဲ့တော့ အနုပညာနဲ့ ပတ်သက်လာရင် လိုင်းစုံအောင် သင်ကြား လေ့လာခဲ့တာပါ ။ စာရေး၊ စာဖတ်ပြီးရင် ကျွန်တော် ၀ါသနာအပါဆုံးအနုပညာက ပန်းချီဆွဲတာပါ ။

ကျွန်တော်ဆွဲခဲ့တဲ့ ပန်းချီကား အတော်များများထဲက လူကြိုက်အများဆုံး ပန်ချီကားတစ်ချပ်ကို ခံစားကြည့်ရအောင်... ပန်းချီကားနာမည်ကိုတော့ အနက်ရောင်ဝင်္ကပါ လို့နာမည်ပေးထားပါတယ် ။ ရောင်းဖို့ နှမြောမိပေမယ့် ၀ယ်ချင်သူတွေများလွန်းတော့လည်း ရောင်းဈေးကို အမေရိကန်ဒေါ်လာ ၂သန်း သတ်မှတ်ပြီး လေလံတင်ရောင်းချဖို့စီစဉ်ထားပါတယ် ။






ဒီပန်းချီကားကို ၃ နှစ်တိတိ အချိန်ယူ ရေးဆွဲခဲ့ရပါတယ် ။ အလင်းအမှောင်တွေ၊ အရောင်စပ်တာတွေ၊ ခံစားမှုအိုင်ဒီယာတွေကို အကောင်းဆုံးဖြစ်အောင် ပေါင်းစပ်ရေးဆွဲထားတဲ့ ပန်းချီကားပါ ။

အောင်မြင်တဲ့ အနုပညာရှင်တိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်လေးတွေရှိပါတယ်။ ပန်းချီဆရာ မင်းအောင်ဝေကတော့ ပန်းချီကားတွေ ဆွဲရင် လူတွေရဲ့အနောက်ဘက်ကို ရေးဆွဲခဲ့ပါတယ်။

“အရှေ့ဘက်ခြမ်း က မျက်နှာကိုမြင်လိုက်ရင် ဒီလူတယောက်ရဲ့ အကြောင်းကိုချက်ချင်းဖတ်နိုင်ပါတယ်။ အနောက်ဘက်အခြမ်းကဆိုရင် ဒီလူရဲ့ လျှိုဝှက်မှုကို ခန့်မှန်းရမလွယ်ကူတော့ပါဘူး” လို့ ဆရာက ရှင်းပြခဲ့ပါတယ် ။ ဒီလိုပဲ ကျွန်တော်လည်း အနက်ရောင်ဝင်္ကပါ ပန်းချီကားကို ကျွန်တော့် ကိုယ်ပိုင်ဟန်နဲ့ အရောင်တစ်ရောင်ထဲကို အစွမ်းကုန် ခံစားရေးဖွဲ့တာပါ ။ အရှေ့အခြမ်း၊ အနောက်အခြမ်း၊ တောင်ခြမ်း၊ မြောက်ခြမ်း.. အိုဗျာ..ဘယ်အခြမ်းကိုမှ မမြင်ရအောင် ရေးဆွဲထားတဲ့ ပန်ချီကားတစ်ချပ်မို့ လျှို့ဝှက်မှုက အစွမ်းကုန် နက်နဲလွန်းတယ်။ သာမန် မျက်စိနဲ့ခံစားဖို့မလွယ်ပါဘူး ။

ပြီးတော့ အဲဒီပန်းချီကားရဲ့ သဘောက ကြည့်တဲ့လူတွေကို မတူညီတဲ့ ခံစားချက်ပေးစွမ်းနိုင်တယ်။ ဥပမာ- ပုံတူရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ဟာ အဲဒီကားကနေ ကြည့်တဲ့လူအားလုံးကို တူညီတဲ့ အမြင်၊ တူညီတဲ့ ခံစားချက်ပဲ ဖြာထွက်ပေးစွမ်းနိုင်တယ် ။ ဒါပေမယ့် ကျွန်တော့် ပန်ချီကားကတော့ ကြည့်သူရဲ့ စိတ်ကိုလိုက်ပြီး ပြောင်းလဲနိုင်တယ် ။ Convergence သဘောနဲ့ မတူညီတဲ့ အမြင်တွေ ပန်းချီကားမှာ လာစုတာပါ။

ဥပမာ- ပန်းချီကားပေါ် ကျွန်တော့်ခံစားချက်ဆိုရင် .. လမိုက်ည သန်းခေါင်ယံအချိန် ဘာမှမမြင်ရတဲ့ တောနက်ကြီးထဲမှာ လမ်းပျောက်နေတဲ့ ကိုယ်တုံးလုံး နီဂရိုးတစ်ယောက်ကို ကျွဲလိုက်ဝှေ့နေတဲ့ ပုံ လို့ခံစားမိတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အမြင်ကျတော့.. ညအချိန် မီးပျက်နေတဲ့ အမဲရောင်တိုက်ပျက်ကြီးထဲက ကတ္တရာစေးပုန်းထဲကို ကြောင်နက်တစ်ကောင် ပြုတ်ကျသေနေပုံ ဆိုပြီးကြေကြေကွဲကွဲခံစားမိတယ်လို့ဆိုပါတယ်။

အောက်မှာ ပန်းချီးကားရဲ့ ဆိုလိုရင်းသဘောကို ဒိုင်ယာဂရမ်တွေနဲ့ ဖော်ပြထားပါတယ် ။

အပေါ်ပုံမှာ ပန်းချီကားတစ်ချပ်ထဲက လူအမျိုးမျိုးဆီ အရောင်တူညီတဲ့မြား (တူညီတဲ့အမြင်) တွေဟာ ပျံ့သွားတာကိုရှင်းပြထားတာပါ။ ဒုတိယပုံကျတော့ လူသုံးယောက်က အရောင်မတူတဲ့မြား (ခံစားချက်အမျိုးမျိုး) နဲ့ ပန်ချီးကားတစ်ချပ်ကို စုပြုံခံစားနေပုံပါ ။

ကျွန်တော့် ပန်းချီကားကို လွတ်လပ်စွာခံစားပြီး သူငယ်ချင်းတွေရောဘယ်လို မြင်တယ်ဆိုတာ ကော်မန့်ပေးသွားအုံးနော် :P ။

15 comments:

    အားပါး...ဒီလောက်ကဗျာဆန်လိုက်တဲ့ပန်းချီကား
    ၂ သန်းမကဘူးဗျာ။ ဒေါ်လာ ၅သန်းပေးမယ်။
    ဘာတဲ့။ မြူနှင်းတွေတဖွဲဖွဲကျနေတဲ့ လမ်းမကြီးအပေါ်မှာ
    ဂျပန်မလေးတစ်ယောက်သိုးကြောင်းနေတယ်။
    နေမင်းကြီးကလဲသာလို့...ဖွေးဖွေးဖြူနေတဲ့ချယ်ရီတွေနဲ့
    အတူလမ်းတစ်လျှောက်စံပယ်ရုံတွေ...
    ဘယ်လောက်လက်ရာမြောက်လိုက်လဲဗျာ...

     

    ako picture ko buy lo ya ag money su lite own mal
    kyite loon lo.....

     

    အောက်က How to be Emo ? ကိုကြည့်ပြီး ပန်းချီကို
    ခံစားလိုက်တာ ပြောင်းပြန်တွေဖြစ်သွားလို့ ဟဲ ဟဲ ပြန်လည်စားသုံးကြည့်တော့...
    ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတဲ့အချိန်...
    ညကတော့ တော်တော်ကြီးမိုးချုပ်နေပြီး လရောင်ပြနေတဲ့ မဲဇာရုံထဲမှာ နိုင်ငံကျော်
    Akon နဲ့ Gabrielle Union တို့ တိုးတိုးတိတ်တိတ်
    လူမသိအောင်ချိန်းတွေ.နေတာကို Rihhana က
    မနာလိုသဝန်တိုစွာချောင်းနေပုံက ပီပြင်လွန်းသပဗျာ။

     

    ဟိုထားဝယ်သားကလည်း ပလွတ် ပလွတ်နဲ့ ဘာတွေမှုတ်သွားမှန်းမသိဘူး...

     

    ဒီပန်းချီကားဟာဖြင့်..တော်တော်ဂျီးကို အနုပြင်ညာ မြောက်ပါတယ်..။ ဒေါ်လာ ၂သန်းမကလည်း တန်ဘာဒယ်..။ ဘာလို့ အနုပြင်ညာမြောက်ရလဲ ဆိုဒဲ့အချက်ကို ဆွေးနွေးရမယ် ဆိုရင် ..ဒါက ဒီလိုရှိပါတယ်..။ ဒီလိုရှိတယ် ဆိုတာလည်း ခုနပြောတဲ့တိုင်းပါပဲ..။ ခုနတိုင်းဆိုတာမှာ ပြောပြစရာအချက်တွေက တော်တော်များတယ် .. ။ အဲဒိ အချက်တွေမှာမှ အဓိက ကျတာ အကြောင်းအရင်းပေါ့နော်..။ အကြောင်းအရင်း..အရင်းကိုခွဲခြမ်းစိတ်ဖြာရ..ရင်... ..အာ..မောလာပြီ..အိမ်ပြန်ခန နားတစ်ရေးအိပ်လိုက်အုံးမယ်...

     

    ခေါင်ခေါင်လည်း တကယ်တော်တာပဲ ။ အခမ်းအနားတွေမှာ မိန့်ခွန်းပြောလို့ရပြီ ။

     

    တော်တယ် တော်တယ်.. အကို့  ပန်းချီကား လက်ရာမြောက် လွန်း လို့  ထိုင်တောင်ငိုမိတယ်။ emo ကို လာပြတာ ကိုး။ hehe :P
    (BTW ဘယ်တွေပျောက် နေတာတုန်း ဟင်? online မှာလဲ တွေ့ ဝူး)

     

    oHHHH my GOD
    ကျွန်တော့ ဘုရား
    ဒီလောက်ကောင်းတဲ့ ပန်းချီကားကို
    ပြန်ကြားရေးဝန်ကြီးဆွဲနိုင်တာ အံ့သြပေမဲ့
    ငပေါအဖွဲ့သားပေပဲမို့ သိပ်တော့ မထူးဆန်းဘူးနော့
    ကတ္တာရာလမ်းပေါ် ကားနက်ကြီး မီးပိတ်ပြီးမောင်းနေတာပါ
    လမ်းမီးကလဲ ထုံးစံအတိုင်းမလာဘူးလေ

     

    ဟာ လတ်စသတ်တော့ ဒီပန်းချီကားက ချန်းရဲဆွဲတာကိုး ... ဒီလောက်နက်များ (နက်နည်းတယ်ဆိုရင် မုသားဆိုရာကျမှာစိုးလို့) တဲ့ ပန်းချီကားမျိုး မမြင်ဖူးသေးဘူး။ အစ်မလည်း ပန်းချီပညာရှင်တယောက်ပဲ .. ကြုံတုန်းကြွားဦးမယ် ပေတံနဲ့ဆို မျဉ်းတကြောင်းကို ဖြောင့်အောင်ဆွဲနိုင်တယ် ... ကွန်ပါနဲ့ဆိုရင် စက်ဝိုင်းကို ဝိုင်းစက်နေအောင် ရေးတတ်တယ်။ ခုချန်းရဲရဲ့ ပန်းချီကားပေါ်မှာ အစ်မရဲ့ အမြင်ကတော့ နည်းနည်းကွဲလွဲတယ် .. ဘလက်ကော်ဖီခွက်ထဲမှာ ပုရွက်ဆိတ်အနက်ရောင်တကောင် ရေကူးနေတာကို အသေးစိတ် သရုပ်ဖော်ထားတယ်လို့ ခံစားရတယ် ..။ ဘာတဲ့ သံလွင်ဟီးရိုးက ၅ သန်းတဲ့လား မရောင်းနဲ့ not for sale လုပ်ရမယ့် ပန်းချီကားတကားပါ ငှဲငှဲငှဲ .. ဒါနဲ့ စကားမစပ် ဒီပို့စ်ကို ငပေါဂေဟာအတွက် ရောင်းပါလား .. ဈေးကတော့ ကြိုက်ဈေး အလကားပဲတင်းပေါ ..။

     

    မေ့လို့ နန်းညီဆိုတဲ့ ပန်းချီဆရာမတယောက် မမြင်စေနဲ့ဦး တော်ကြာ အတုလိုက်ခိုးနေဦးမယ် :P

     

    ဒီပန်းချီကားကို
    ကြယ်မရှိတဲ့ လမိုက်ညမှာ
    အလင်းရောင်မရှိတဲ့ အခန်းထဲ
    မျက်စိမှိတ်ထားတဲ့ မျက်ကန်းလေး ဗီလိန်က လည်းသေချာခံစားသွားမပါတယ်။ :)

     

    ငါ့အ၀ါရောင်ပန်းချီကားတွေတော့ နောက်ကျန်ခဲ့ပါပြီ.. အဟင့်.. အမလေး လုပ်ရက်လိုက်တာ.. ချမ်ယဲ... အဲ ချမ်းရဲ ရဲ့

     

    ပန်းချီကကောင်းလွန်းလို့ နန်းညီတောင်ငိုသွားရရှာပြီ

     

    အောင်မလေးးး.... ကောင်ကြသေးရဲ့လား ။ သန်းချီတန်တဲ့ ငါ့ပန်းချီကားကို ထမီအထက်စဉ် ဆိုပြီး ခံစားသွားတယ် :'(

     

    အလိုလေးး()
    တော်တော်လေးလက်ရာမြောက်လှပါလား ... ဒီပန်းချီကားက
    ပန်းချီးကားထဲက အနုပညာတွေက ခံစားတုန်း ရင်ဘတ်ကိုတောင် လက်နဲ့ဖိထားရတယ် ။ လက်ရာမြောက်လွန်းလို့ .......... ဟီးးးးးးးးးး :P

     

Blogger Templates by Blog Forum