ပျံကြားရေးဝံကြီး အခုတလော ရုံးမလာတာကို အလေလိုက် ပျော်ပါးနေတယ်လို့ ထင်နေပါသလား ။
ရုံးမလာရခြင်း အကြောင်းအရင်း ၃ ချက်ရှိပါတယ်။
၁) ဂေဟာအတွက် သတင်းပြန်ကြားဖို့ အနယ်နယ်အရပ်ရပ်က သတင်းထောက်တွေနဲ့ပူးပေါင်းပြီး သတင်းရှာဖွေနေလို့ပါ။
၂) နာမည်အလွဲသုံးစားလုပ်တဲ့ လူတွေပေါ်ပေါက်လာပြန်တော့ အဲဒီအယုတ်တမာကောင်တွေကို ဖော်ထုတ်ဖို့လည်း စုံစမ်းနေရပါတယ် ။
၃) ဆက်သွယ်ရေးဝန်ကြီးနဲ့ တိုင်ပင်ပြီး သူများတွေနားမလည်အောင် စကားဝှက်အသုံးအနှုန်းများ သတ်မှတ်ခေါ်ဆိုဖို့ ဆောင်ရွက်နေလို့ပါ ။
နောက်ဆုံးသိရတဲ့ ထူးခြားသတင်းတွေကတော့ အောက်ပါအတိုင်းပါပဲ ။
* ရုပ်ရှင်နှင့်ဗီဒီယို အကယ်ဒမီသရုပ်ဆောင် မင်းသားဒွေး ဘာကြောင့်မှန်းမသိ ရုတ်တရက် ကွယ်လွန်
* ရက်အတိအကျမသိသောနေ့က အနော်ရထာလမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးဘီးပေါက်
* အိုင်တီသတင်းအနေဖြင့် google.com တွင် မိမိသိချင်သောအကြောင်းအရာများကို ရှာဖွေနိုင်ဟု သိရ
* အိမ်နောက်ဖေးခြံမှ ကြက်မကြီး ဥဥ.. အထီးမှန်း အမမှန်း သေချာမသိရသေး။ ထောက်လှမ်းရေးအဖွဲ့မှ ဥကို မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိ
* ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ပြီဖြစ်သဖြင့် ဆေးလိပ်ကိုမီးညှီပြီးမသောက်ရန် မီးသတ်တပ်ဖွဲ့မှ သတိပေးပြောဆို
နောက်ပြီး ပျံကြားရေးဝံကြီးဆိုပြီး နာမည်ကိုအလွဲသုံးစားလုပ်တဲ့လူကို ကျွန်တော်ကိုယ်တိုင် လျှို့ဝှက်ထောက်လှမ်းတာ သဲလွန်စရနေပြီ ဖြစ်ပါတယ် ။
မောင်တီးဘလော့မှာ ယောင်ရွှီးပြီး ဆဲဆိုနေတာ ပျံ/၀ံ ချမ်းရဲအစစ် မဟုတ်ပါဘူး ။ လျှောက်လွှာထဲမှာပါတဲ့အတိုင်း ချမ်းရဲအစစ်ရဲ့ ထင်ရှားတဲ့အမှတ်အသားက ပေါင်ခြံမှာ မှဲ့ရှိပါတယ် ။
မယုံရင် ဒီမှာကြည့်ပါ..ကဲဟာ..(လှန်ပြပြီး..) ။ တွေ့တယ်ဟုတ်..ငှဲ ငှဲ ။ သိရတဲ့သဲလွန်စအရ ပျံကြားရေးဝံကြီးအနေနဲ့ ဟန်ဆောင်သူဟာ မြန်မာလိုဆဲဆိုနေတာကြည့်ခြင်းအားဖြင့် မြန်မာစကား ရိုက်တတ်သူဖြစ်ရမယ်။ အသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် ယောက်ျားလေးဖြစ်ဖို့ ၇၀% သေချာပါတယ် ။ ပျံ/၀ံဆိုတာကိုသိတဲ့အတွက် ဂေဟာနဲ့ ပတ်သက်နေတဲ့သူဖြစ်ရမယ် ။
ပျံ/၀ံ (ကျွန်တော်) ကို သိပ်မကြည်တဲ့ကောင်ဖြစ်မယ် ။ ကျွန်တော်လို ငပေါကို မကြည်တဲ့လူဟာ တည်တည်တံ့တံ့နေတတ်သူပဲဖြစ်မယ် ။ ဒါတွေအားလုံးခြုံကြည့်လိုက်ရင် အတုယောင်ဆောင်သူဟာ ဘယ်သူလဲဆိုတော့.......... သဘာငတိကြီး ပဲဖြစ်နိုင်တယ် ။ အတွင်းသစ္စာဖေါက် ဂျဲဂျယ်ကို တန်းတူညီမျှ ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့တောင်းဆိုချင်ပါတယ် ။
နောက်ဆုံးပြောချင်တာကတော့ ဂေဟာကလူတွေအတွက် အတုယောင်ဆောင်လုပ်လို့မရအောင် လျှို့ဝှက် နာမည်ဝှက် (စက်စကား) တွေ သတ်မှတ်ပေးထားတာကိုပါ ။ နာမည်ဝှက်တွေကိုအောက်မှာကြည့်ပါ ။
သဘာပတိ ဂျဲဂျယ် _ ဂေါက်တောက်တောက်
ဝန်ကြီးချုပ် ဇေယျာလင်း _ ဇရက်
ဆက်သွယ်ရေး ပိုက်ပိုက် _ ပိုးဟပ်
ဆည်မြောင်း သံလွင်ဟီးရိုး _ သရဲလေး
ပြန်ကြားရေး ချမ်းရဲ _ ချစ်ချစ်
နာယက တူးတူးသာ _ တောက်တဲ့
တွင်းနှစ် ဗီလိန် _ ဗလကြီး
နိုင်ငံခြားရေး ဇင်မင်း _ ဇ
လူဝန်မှုကြီးကြပ်ရေး ဂျူဝသန် _ ဂန်တူးလေး
သစ်တော သတိုးရာဇာ _ သိုးမဲ
ဆောက်လုပ်ရေး ဟန်သစ်ငြိမ် _ ဟစိဟစိ
ထောက်ချုပ် မောင်မိုးသား _ မြေဘီလူး
ပေါကလာ _ ကိုရီးယား
တရားစီရင်ရေး ယမမင်းလေး _ ယဉ်ယဉ်လေးရုး
အသင်းသားချုပ် ခေါင်ခေါင် _ ခွက်ထိုးခွက်လန်
လောလောဆယ် ကိုယ်သိသလောက်တော့ နာမည်ဝှက်ပေးထားပါတယ် ။ စက်စကားနဲ့ပြောကြဆိုကြတော့ တခြားလူတွေ အလွယ်တကူမသိနိုင်ဘူးပေါ့လေ ။
ဥပမာx အစည်းအဝေးလုပ်တယ်ပေါ့ ။ ဘယ်သူတွေပါလဲမေးရင် ပြန်ပြောတဲ့အခါ.........
"ကိုရီးယားမှာ ဂေါက်တောက်တောက်ဇ၇က်က ပိုးဟပ်ကိုမြင်တော့ သရဲလေးလိုလို မြေဘီလူးလိုလိုထင်ပြီး ဟစိဟစိနဲ့ ခွက်ထိုးခွက်လန်ရယ်ကြတာလေ ။
ယဉ်ယဉ်လေးရူးနေတာ ။ ဂန်တူးလေးကလဲ ဇရှိတဲ့ ဗလကြီးဟန်ဆောင်ထားတဲ့ ချစ်ချစ်ကိုပဲ တောက်တဲ့လို ကပ်နေတာ ။ တကယ်တော့ သူကလည်း သိုးလေးပါပဲ"
အဲလို ပြောလိုက်ခြင်းအားဖြင့် ဘယ်သူမှ အလွယ်တကူမသိနိုင်တော့ဘူးပေါ့ ။
ကဲ ပြောချင်တာတော့ ဒါအကုန်ပါပဲ...။
လစာပါတခါတည်းထုတ်သွားမယ် ။ ပျံဝံ အလုပ်လုပ်တယ်နော် ဟဲဟဲ ။
ပုံ/ ပျံကြားရေးဝံကြီး ချမ်းရဲ ( ချစ်ချစ် )
10 comments:
    ကိုချဲရမ်း....
    စကားဝှက်တွေက အမိုက်စားပါလား...
    သြော်... မိုက်ချက် မိုက်ချက်..
    (((google.com တွင် မိမိသိချင်သောအကြောင်းအရာများကို ရှာဖွေနိုင်ဟု သိရ)))
    ဟယ်...
    ထိုအကြီးအကျယ် သတင်းထူးကြီးအတွက်
    အထူးကျေးဇူး... ခုမှဘဲသိတော့တာ..
    ဟယ်...
    ဂယ်ရီးလား..!!
    ဟယ်...
    :P :P
    ခင်မင်တဲ့..
    ... ... ... ...
    ထူးခြားတဲ့ သတင်းတွေရှိရင် ထပ်တင်ပေးပါဦး...
    ထူးချက်ကတော့ ကန်းကုန်ပဲ :D
    On 18 February 2009 at 21:35 Anonymous said...
    တကယ်ကြီးပေါတယ်း)
    ပျံ/၀ံ
    ကျနော်လည်းပေါရအုံးမယ်...
    ဂိုဏ်မှာကျိန်စာတိုက်ထားတယ်တဲ့ ကြောက်လို့။
    ဟဲလို ၁ ....၂ .....၁.....၂
    ၄ က နေ ၅... ၆ ပြန်ရောက်...
    တောင်ပေါ်က ချစ်ချစ်...ကြားလား ....ကြားလား
    သ...သ....သ...ရဲလေး...ရဲလေး....ခြင်္သေ့...ခြင်္သေ့...
    ကြား၏...ကြား၏...
    တော်သေးတယ် ဒါတွေသိလို့ မပါတာ ဟီး... :P
    အယ်.... ဒီထဲကအကြောင်းတွေတော့ ကျုပ်မသိဘူးကွယ်ရို့... :P အေး ငါလဲ ငါစုံစမ်းလို့ရသလောက်သတင်းပေးခဲ့မယ်..... ငါတော့ဟုတ်ဘူးဟ... :P:P:P
    အော် ထူးဆန်းအံ့ဖွယ် သတင်းတွေ ဖတ်သွားတယ်
    ပုံ/ ဂေါက်တောက်တောက်
    On 21 February 2009 at 16:56 Anonymous said...
    အမ်..များ ကျတော.နာမည်ဝှက်မပေးဘူး
    ဂေဟာမှာ အပြေးအလွှာကြည်.မှ အသင်းသူလေး မမ တစ်ယောက်ရှိတာ ပဲစားပြီး ခွဲခြားခွဲခြားနဲ. ကံစမ်းမဲလို
    မျက်နှာလိုက်ပြီး ချန်ထားခဲ.သည်။
    ရှပ်အကျိင်္ကော-ဘလောက်ကော-စကတ်ကော-ဘောင်းဘောင်းကော အားလုံးတစ်တန်းတည်း လှန်းခွင်.ရှိရန် အမျိုးသမီးရေးရာမှ တန်းတူအခွင်.အရေး ရရှိရေးအတွက်
    ကေလာမမ ကော်ပလိန်းတက်-တောင်းဆိုလိုက်ပါကြောင်း။
    လုပ်နေကြအတိုင်း-အမြန်ဆုံး(ပြင်ဆင်)သတင်း
    အနောက်က ဒရောသောပါး ဆက်လက်ထုတ်လွှင်.ပေးပါရန်။
    အပီအပြင် ပေါက်ကွဲနေပါကြောင်း.
    ကေလာမမ
    သူ့နာမည်ဝှက်ကျတော့ ချစ်ချစ်တဲ့။ နုံလှချည်လား။ လူကျပ်တဲ့နေရာမသွားနဲ့။ ရောင်းစားခံရမယ်။
    အော်..ချမ်းချမ်းလို့ခေါ်မလို့ကြံခါရှိသေး....ချစ်ချစ်ဖြစ်တွားပြန်ပီရား..ဒွတ်ထပဲ...
Blogger Templates by Blog Forum