ပျံကျားရေးဝံကြီး ကျွန်တော်ချမ်းရဲ စုံစမ်းရသလောက် ခုတလော ပညာရေးဝံကြီး ဇင်ဇင်ဟာ ပုံမှန်မဟုတ်ဘဲ သူ့ဒုက္ခနဲ့သူ အခက်တွေ့နေပါတယ် ။ ဒါကြောင့်လည်း ရုံးကို ပုံမှန်မလာနိုင် ဖြစ်နေတာပါ ။

တကယ်တော့ ပညာရေးဝံကြီးရဲ့ စွမ်းဆောင်မှုကြောင့် ဂေဟာရဲ့ ပညာရေးဟာ အံမခန်း တိုးတက်လာတာတွေ့ရပါမယ် ။ ဂေဟာအသင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘိုဆန်ဆန် Hi တွေ Hello တွေ နဲ့ နှုတ်ဆက်လာကြတဲ့အပြင် မြန်မာလို မှတ်ချက်တွေရေးကြ၊ ပြောကြရင်တောင်မှ စ် တွေနဲ့ ဘိုသံပေါက်အောင် ပြောဆိုလာနိုင်ကြပါပြီ ။ သူစတင်ဖန်တီးထားတဲ့ ဘာသာရပ်အသစ် (အင်တာနက် Q နည်း မူနည်း ဘာသာရပ်) ဆိုရင်လည်း ကမ္ဘာတ၀ှမ်း ဘယ်နိုင်ငံကမှ သတ်မှတ်သင်ကြားနိုင်ခြင်း မရှိသေးပါဘူး ။ Q language ကြီးဖွံ့ဖြိုးအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူပါ။ သူကိုယ်တိုင် ပြုစုထုတ်ဝေထားတဲ့ မိတ်လိုက်ခြင်းအတတ်ပညာ အဲ..ဟုတ်ပါဘူး! "အမဲလိုက်ခြင်းအတတ်ပညာ" ဆိုတဲ့ စာအုပ်ဟာဆိုရင် ရည်းစားလိုက်ပိုးနေတဲ့ ကောင်လေးတွေရဲ့ အားပေးဝယ်ယူမှုကြောင့် အရောင်းရစံချိန်တောင် တင်သွားသေးပါတယ်။ ဒါ့အပြင် မြန်မာစာသင်ရိုးညွှန်းတမ်းမှာဆိုရင်လည်း တပည့်တွေ ကျေနပ်အားရမှုရှိအောင် "တပည့်ကျေးဇူး" ဆိုတဲ့ ရှေးစာဆိုကျော်ရဲ့ ကဗျာသစ်ကို ပြဌာန်းသင်ကြားခဲ့ပါတယ် ။

တပည့်ကျေးဇူး

ပညာသင်ပြ
ဆရာမ၏
ဒေါသမီးလျံ
ကြောက်ရပြန်သည်
လက်သံကပြောင်
ကြိမ်လုံးဆောင်၍
တင်၊ ပေါင်၊ ကျောကုံး
အသေဗြုန်းလည်း
အမုန်းမပွား
စာသင်ကြားသည်
များပြားတပည့် ကျေးဇူးတည်း ။

ရေးသူ။ ။ ဖင်ဗလာကြက်မလျှာနှစ်ခွ

ဒါပေမယ့် အခုအခါမှာတော့ ပညာရေးဝံကြီး ဇင်ဇင်ဟာ မကြာမကြာ ဂျီတော့ပ်မှာ အသဲကွဲဒိုင်ယာလော့ဂ်တွေတင်ပြီး အသဲကွဲနေပါတယ် ။ သူကိုယ်တိုင်ကလည်း ကျောင်းသား/သူတွေကိုသာ ဆရာလုပ်နေတာ... သူ့ပြဿနာကျတော့ ဘယ်လိုဖြေရှင်းရမှန်းမသိပါဘူး။ အဲဒီအသည်းကွဲရောဂါကို ဂေဟာက ကျန်းမာရေးဝံကြီးလည်း မကယ်နိုင်ပါဘူး ။ ဒါကြောင့် နာမည်ကြီး သမားတော်ဦးဂျိုကြီးရဲ့ အသည်းကွဲကုထုံးကျမ်းကိုလည်း ကျွန်တော်ကပဲ မဇင်ဇင်အတွက် လက်ဆောင်ပေးလိုက်ရင်း ပုံမှန် အခြေအနေပြန်ရောက်ပါစေလို့ ဂေဟာကအကြီးအကဲတွေကိုယ်စား ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

အသဲကွဲသော်
ဆင်ကော်နှင့်ကပ်
ချုပ်အပ်နှင့်သီ
ကော်ရည်ကိုသုတ်
နေ့စဉ်လုပ်က
မုချအသည်း ပြန်ဆက်သည်။

3 comments:

    :) :) :) :) + 7

     

    ဆရာမ ကိုဆိုပြဖို့ ကဗျာသေချာကျက် သွားတယ်။ :)

     

    လေ့လာကျက်မှတ်သွားတယ်

     

Blogger Templates by Blog Forum