အကျင့်ပါနေလို့

အလုပ် အလုပ်... အလုပ်ဆိုတာ အမျိုးမျိုးပြောင်းလုပ်နေရတယ်ဆိုပေမယ့် ရေရှည်ကိုယ်လုပ်နေကျ အလုပ်ဆို အကျင့်ပါနေရောဗျ ။ အဲဒီအခါ အလုပ်အသစ်ပြောင်းတဲ့အခါ အရင်လုပ်နေကျအလုပ်က အလုပ်တွေနဲ့ ရောပြီး ကမောက်ကမတွေဖြစ်တတ်တယ်ထင်ပါ့ ။ ထင်တာပြောတာပါ။ (ကျွန်တော် သေသေချာချာပြောနိုင်တာ ဘာမှမရှိပဲကိုး)

သူငယ်ချင်း ကောင်မလေးတစ်ယောက် ပြန်ပြောပြတာပါ။

သူက ကျောင်းတက်ရင်း KFCမှာ တစ်ပတ်ကို ၄ ရက်လောက်ထိ part-time လုပ်တာ ၂နှစ်လောက်ကြာသွားတယ်။ အဲဒီအလုပ်မှာ အတော်လေး အကျွမ်းဝင်ပြီး လုပ်ပုံကိုင်ပုံတွေ ပြောဆိုနှုတ်ဆက်တာတွေလည်း အသားတကျဖြစ်နေပြီ။ ကျောင်းပြီးသွားတော့ အတွင်းခံရောင်းတဲ့ဆိုင်မှာ full-time casher လုပ်ရတယ်။ စလုပ်တဲ့နေမှာ ဈေးဝယ်သူက ဘရာစီယာ၂ထည် ယူမယ်ဆိုပြီး ကောင်တာမှာ လာပေးရင် ၂ pieces လို့ပြောလိုက်တာ ..။

အဲဒီကောင်မလေးက ပိုက်ဆံတွေနဲ့ အလုပ်ရှုပ်နေတော့ ဈေးဝယ်သူစောင့်နေရမှာစိုးလို့ ဘာရယ်မဟုတ် စကားပြောလိုက်တဲ့သဘောနဲ့ ဈေးဝယ်သူကိုတောင် မကြည့်အားဘဲ ယောင်ပြီး မေးလိုက်တာက

"crispy or orginal" တဲ့ ။

ဝယ်သူတော့ တော်တော် ကြောင်သွားမှာပဲ ။ crispy ဆိုတာမျိုးလည်း ရှိသလား ဆိုပြီးလေ။

တော်သေးရဲ့ up size or regular ဆိုပြီး မမေးမိလို့။ မဟုတ်ရင် up size စရာလားဆိုပြီး ထရိုက်မှာ မြင်ယောင်သေး :D

4 comments:

    ဟားဟား.. ဖြစ်ရမယ်းD
    ဟုတ်တယ်.. အကျင့်ပါနေရင် ပြင်ရခက်တယ်။

     

း) တော်သေးတယ် တော်သေးတယ်။

     

    ပြုံးသွားတယ်။ :D

     

    အော် ... ဖြစ်မှဖြစ်ရလေနော် ... အကျင့် ... အကျင့် :D

     

Blogger Templates by Blog Forum