ဒီတစ်ခါတော့ ကျွန်တော်ဘလော့ဂ်မှာ မဂ္ဂဇင်းတွေထဲကလို အမေးအဖြေကဏလေး လုပ်ပေးလိုက်ပါတယ် ။
အမျိုးမျိုးသော အကြောင်းအရာများ မေးမြန်းနိုင်သလို ကျွန်တော့်ထံသို့ သိချင်သူ စင်္ကာပူက ဘလော့ဂါများ လာရောက်မေးမြန်းခဲ့ကြတာကို အောက်ပါအတိုင်း ဖြေဆိုလိုက်ပါတယ် ။

(၁) မေး ။ ။ ဆရာချမ်းရဲ.. ကျွန်တော် လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က စင်္ကာပူမှာ ကျင်းပတဲ့မြန်မာသင်္ကြန်မှာ ဘီယာသောက် မူးရူး ပျော်ပါး အလေလိုက်ပြီး အပြန်မှာ လူရောခွေးပါ အမြင်ကတ်အောင်နေခဲ့မိတဲ့အတွက် ခွေးတစ်ကောင် ကိုက်တာခံခဲ့ရပါတယ် ။ ခွေးက ကိုက်ပြီး တော်တော်နဲ့ ပြန်မလွှတ် ခဲထားခဲ့တာကြောင့် ဒဏ်ရာက အတော်လေးကြီးပါတယ်။ ပြီးတော့ အဲဒီနေ့မှာမှ ကျွန်တော်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဘောင်းဘီတိုနဲ့ စတိုင်လုပ်သွားတော့ ခွေးကိုက်ခံရတာ ပိုပြင်းသွားတယ် ။ ခွေးရူးဖြစ်မှာကြောက်တယ် (ခွေးရူးရောဂါဖြစ်မှာ ကြောက်တယ်လို့ပြောတာ) ။ ဆေးလဲမထိုးချင်ဘူးဆရာ ။ သောက်ဆေးလေးများရှိရင် ညွှန်ကြားပါလို့ အားကိုတကြီး အကြံညဏ်တောင်းခံအပ်ပါတယ်ခင်ဗျာ ။

လေးစားစွားဖြင့်
V

စင်္ကာပူ

ဖြေ ။ ။ ဆေးထိုးရမှာ ကြောက်တယ်ဆိုရင် သောက်ဆေးရှိပါတယ် ။ အကိုက်ရော အခဲရော ခံရတဲ့အတွက် အကိုက်အခဲပျောက်ဆေး ဘိုင်အိုဂျက်စစ်ကို မိုင်လိုခပ်ပျစ်ပျစ်နဲ့ သောက်ပြီး ပနဒေါကို ဒလဟော အလုံး သုံးဆယ်လောက်မြိုပါ ။ လူအဖြစ်ကိုပျောက်ကင်း..အဲလေ.. ယူပစ်သလိုပျောက်ကင်းစေနိုင်ပါတယ် ။

(၂) မေး ။ ။ ဆရာ။ ကျွန်တော် ထိပ်ပြောင်နေလို့ စိတ်ညစ်နေရပါတယ် ။ ထိပ်ပြောင်တာ ကာကွယ်နိုင်မယ်ဆေးများရှိမလားခင်ဗျ ။

မောင်ဂငယ်

စင်္ကာပူ

ဖြေ ။ ။ ထိပ်ပြောင်တာ ဦးထုပ်အဆောင်းများရင် ဖြစ်တတ်ပါတယ် ။ ပြောင်လေ ဦးထုပ်ဆောင်းလေ၊ အဲလို ဆောင်းလေ ပိုပြီးပြောင်လေ ဖြစ်လိမ့်မယ်။ ထိပ်ပြောင်တယ်လို့ အပြောခံရမှာကြောက်တယ်ဆိုရင် ကတုံးတုံးပစ်လိုက်ပါ။ ထိပ်ပြောင်တာလူမသိတော့ပါဘူး။ ဦးထုပ်ကြီးဆောင်းထားဖို့မလိုအပ်ပါဘူး ။

(၃) မေး ။ ။ ခုရွယ်ထိ ရည်းစားမထားဖူးသေးပါဘူး ။ သူငယ်ချင်းတွေရည်းစားထားတော့ သမီးလည်းလိုချင်တယ် ။ ရည်းစားထားဖို့ လိုအပ်ချက်လေးများသိရင် ပြောပြပေးပါဆရာ။

မီးလေးခါခါ
စင်္ကာပူမြို့

ဖြေ ။ ။ အဓိကလိုအပ်ချက်ကတော့ ကိုယ့်ကို ကြိုက်မယ့် ကောင်လေး ရှိရပါမယ်။ ကျန်တာ ပြီးမှ ဆက်ပြောတာပေါ့ ။

(၄) မေး ။ ။ ဆရာက အိုင်တီနယ်ပယ်မှာလည်း ကျွမ်းကျင်တယ်လို့သိရပါတယ် ။ မဟုတ်တဲ့ ၀က်ဘ်ဆိုက်တွေကြည့်မိလို့ကျွန်တော်ရဲ့လက်ပ်တော့ပ် ဗိုက်ရပ်စ်ကိုက်သွားတာ အခု သုံးမရ ဖြစ်နေပါပြီ။ ဘယ်လိုလုပ်မရလဲလို့ အကြံပေးပါအုံး။

မစ္စတာဟီးရိုး
စင်္ကာပူ

ဖြေ ။ ။ ဗိုင်းရပ်စ်သတ်ဖို့ anti-biotic ဆေးရည် ဒါမှမဟုတ် အရက်ပြန်ကို လက်ပ်တော့ပ်ပေါ်လောင်းချပါ။ လက်ပ်တော့ ရှော့ပ်ဖြစ်မှာစိုးရင် ဘတ္ထရီကြီးဖြုတ်ထားပါ ။ အိုကေသွားလိမ့်မယ် ။

............။........................................။..........................

ကဲ ဒီအပတ်တော့ ဒီလောက်ပါပဲ ။ နောက်သိချင်တာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရမယ့်လိပ်စာကတော့ chanye123@gmail.com ပါ။

5 comments:

    တော်လိုက်တဲ့ ဦးဦး ချမ်းရဲ (ဦးဦး FM အတိုင်းပဲ)...
    စင်ကာပူ ၀န်ကြီးချုပ်က အကျန်ပေးအရာရှိခန့်ချင်လို့ ကမ်းလှမ်းလာဦးမယ်...

     

    ဖြည်းဖြည်းဖြေပါကွ။ ငါလည်း အခု ခွေးရူးရောဂါရနေပါပြီ။ မင်းဆေးမလိုတော့ဘူး။ :)

     

်ဆရာချမ်းရဲရှင့် သမီးကတော့ ဘာမှမလုပ်ဘဲ ကြီးပွားချင်ပါတယ် .. ဖြစ်နိုင်ရင် အရမ်းကိုချမ်းသာတဲ့ ကမ္ဘာကျော် သူဌေးကြီးဖြစ်ချင်ပါတယ်။ အဲဒါ ဘယ်လို လုပ်ရင်ကောင်းမလဲ အကြံဥာဏ်လေးများ ပေးပါရှင့်။

    မေးသူ
    အသားလွတ် ဘဝင်မြင့်ချင်သူ
    ခေတ္တ ငပေါများဂေဟာ
    အမြဲတမ်းအတွက် မြေမဝယ်ရသေး

     

    တူးတူးသာရေ သူဌေး ၅ယောက်လောက်ကို ပြိုင်တူယူလိုက်ပါ။ ၁ယောက်ဆိုရင်တောင် သိပ်ချမ်းသာအုံးမှာ မဟုတ်ဘူး။ တခြားနည်းတော့ ငါလည်းတိဘူးဟ။
    (နာတောင် စားစရာမရှိ လုပ်စရာမရှိဖြစ်နေလို့ ဒီမှာ ပေါက်ကရလာဖြေပေးနေတာ..ဒင်းကတမှောက်)

     

    ဟုတ်တယ် ဟုတ်တယ်
    ချမ်းရဲပြောတာ မှန်တယ် မတူး
    ၅ ယောက် နည်းရင် ၁၀ ယောက်လောက် ယူလိုက်

     

Blogger Templates by Blog Forum